Premier League Transfer News

22 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးတို့ရဲ့ ဆက်သွယ်ဆွေးနွေးမှုတွေက အဆင်ပြေနေခဲ့ပြီး ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် အငှားနဲ့ အမ်းမရိတ်ကို ရောက်ရှိလာဖို့ နီးစပ်နေ။

– အင်တာမီလန်အသင်းအနေနဲ့ ဈေးကွက်မပိတ်ခင်မှာ အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူနိုင်ဖို့ သူတို့ရဲ့ ဒိန်းမတ် ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆန်နဲ့ အလဲအထပ်လုပ်သွားဖွယ်ရှိနေပြီး ဈေးကွက်ပေါက်ဈေးအရ လဲလှယ်မှု အထမြောက်ခဲ့ရင် မြောက်လန်ဒန်သားတွေဘက်က နစ်နာဖွယ်ရှိနေ။

– ဆွမ်းဆီးအသင်းနဲ့အတူ ဒီရာသီမှာ အငှားနဲ့ လက်စွမ်းပြနေခဲ့တဲ့ အင်္ဂလန်လူငယ်လက်ရွေးစင်ဟောင်း ဖရက်ဒီ ဝုဒ်မန်းကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ နယူးကာဆယ်လ်တို့ဘက်ကနေ အကြောင်းကြားညှိနှိုင်းမှု တစ်စုံတစ်ရာ မရရှိထားသေးဘူးလို့ အပြောင်းအရွှေ့သတင်းတွေအတွက် နည်းပြ စတိဗ် ကူးပါးရှင်းလင်း။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ လီဗာပူးလ်၊ RB လိုက်ပ်ဇစ်တို့ အပါအဝင် ဥရောပအသင်းတွေနဲ့ အသံထွက်နေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို လက်မလွှတ်ရဖို့ အစွမ်းကုန် စည်းရုံးနေတယ်လို့ သိရပြီး စာချုပ်သစ်ချုပ်ဖို့ ထပ်ပြီး ကမ်းလှမ်းထားတယ်လို့ဆို။

– အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ဖူးပေမယ့် လက်ရှိမှာတော့ ကစားခွင့်မရချိန်မှာ ကြိုးစားအားထုတ်မှုနဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိဘဲ ပေါ့ပေါ့ပျက်ပျက်နေခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ရောင်းချပြီး ဘယ်နောက်ခံလူနေရာအတွက် အရန်တစ်ဦးခေါ်ယူဖို့ ပရိသတ်တွေ အလိုရှိလာ။

– လက်စတာ၊ လီဗာပူးလ်နဲ့ အက်စတန်ဗီလာအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းကြီး အီမီးလ် ဟက်စကီးက အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၁၀ သန်းတန် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန် တုန်နီကို ခေါ်ယူသင့်ပြီး ၂၄ နှစ်သားရဲ့ ဂိုးရှေ့က နေရာယူ အဆုံးသတ်မှုတွေက ကောင်းကောင်းအကျိုးပြုမှာဖြစ်တယ်လို့ တိုက်တွန်း။

– ဆာလီဘာ၊ ကိုလာစီနက်ချ်၊ အိုဇေးလ်၊ ဆိုကရာတစ်တို့ အမ်းမရိတ်ကနေ ထွက်ခွာသွားခဲ့ကြပြီးမှာ သူတို့နောက်ကို နောက်ခံလူ ရှကိုဒရန် မူစတာဖီလည်း ရက်ပိုင်းအတွင်းမှာ လိုက်ဖို့ ရှိနေပြီး အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုဘက်က ကမ်းလှမ်းလာရင် လက်ခံဖို့ရှိတယ်လို့ ဖာဘရီဇီယို ရိုမာနို ပြောကြား။

– အာဆင်နယ်အသင်းရဲ့ စီမံခန့်ခွဲမှုတွေကို အင်္ဂလန်သတင်းဌာနတွေက ရှုတ်ချခဲ့ကြပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြတဲ့ ကာဇိုလာ၊ ဝီလ်ရှီးယား၊ ဆန်းချက်ဇ်၊ ဝဲလ်ဘက်၊ ရမ်ဆေး၊ အိုဇေးလ်၊ ဆိုကရာတစ်၊ မစ်ခီတာရီယန်တို့အတွက် တစ်ပြားမှ ပြန်မရခဲ့တဲ့ဘဲ ပေါင်သန်း ၁၆၀ နစ်နာခဲ့ရတဲ့အပြင် ဒီစာရင်းထဲကို အသင်းရဲ့ ဈေးအကြီးဆုံး ခံစစ်မှူး မူစတာဖီပါ လိုက်ဖို့ ရှိနေတာကြောင့် ဆုံးရှုံးမှု ပိုမိုမြင့်တက်လာဖွယ်ရှိနေ။

– အသင်းဟောင်း အာဆင်နယ်တို့ ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အော်ဒီဂွါဒ်ဟာ ထူးခြားကောင်းမွန်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားအားထုတ်မှု မြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်လို့ အမ်းမရိတ်မှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ရီးရဲလ်ဆိုစီဒက်မှာ တစ်ရာသီ လက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ နာချို မွန်ရီးယယ်လ် ထောက်ခံချက်ပေးသွား။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ပါးပါးနပ်နပ် ရောင်းချမှုတွေ ပြုလုပ်နိုင်ခဲ့ရင် အသင်းရဲ့ အမာခံမဟုတ်သူတွေဖြစ်တဲ့ ဝီလော့ခ်၊ နယ်လ်ဆန်၊ ချိမ်းဘားစ်၊ ရူနာဆန်၊ နကီးတီးယား၊ ပေပေတို့ဆီကနေ ပေါင်သန်း ၁၀၀ ကျော် ပြန်လည်ရှာဖွေနိုင်ပြီး အီဒူးအနေနဲ့ လုပ်တတ်ကိုင်တတ်ရှိဖို့ပဲ လိုတယ်လို့ Football London ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အာဆင္နယ္အသင္းနည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔ရဲ႕ ဆက္သြယ္ေဆြးေႏြးမႈေတြက အဆင္ေျပေနခဲ့ၿပီး ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ မပိတ္ခင္ အငွားနဲ႔ အမ္းမရိတ္ကို ေရာက္ရွိလာဖို႔ နီးစပ္ေန။

– အင္တာမီလန္အသင္းအေနနဲ႔ ေဈးကြက္မပိတ္ခင္မွာ အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူႏိုင္ဖို႔ သူတို႔ရဲ႕ ဒိန္းမတ္ ကြင္းလယ္ဖန္တီးရွင္ ခရစၥတီယန္ အဲရစ္ဆန္နဲ႔ အလဲအထပ္လုပ္သြားဖြယ္ရွိေနၿပီး ေဈးကြက္ေပါက္ေဈးအရ လဲလွယ္မႈ အထေျမာက္ခဲ့ရင္ ေျမာက္လန္ဒန္သားေတြဘက္က နစ္နာဖြယ္ရွိေန။

– ဆြမ္းဆီးအသင္းနဲ႔အတူ ဒီရာသီမွာ အငွားနဲ႔ လက္စြမ္းျပေနခဲ့တဲ့ အဂၤလန္လူငယ္လက္ေ႐ြးစင္ေဟာင္း ဖရက္ဒီ ဝုဒ္မန္းကို ေခၚယူဖို႔ အာဆင္နယ္နဲ႔ နယူးကာဆယ္လ္တို႔ဘက္ကေန အေၾကာင္းၾကားညႇိႏႈိင္းမႈ တစ္စုံတစ္ရာ မရရွိထားေသးဘူးလို႔ အေျပာင္းအေ႐ႊ႕သတင္းေတြအတြက္ နည္းျပ စတိဗ္ ကူးပါးရွင္းလင္း။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ လီဗာပူးလ္၊ RB လိုက္ပ္ဇစ္တို႔ အပါအဝင္ ဥေရာပအသင္းေတြနဲ႔ အသံထြက္ေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို လက္မလႊတ္ရဖို႔ အစြမ္းကုန္ စည္း႐ုံးေနတယ္လို႔ သိရၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ထပ္ၿပီး ကမ္းလွမ္းထားတယ္လို႔ဆို။

– အာဆင္နယ္ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ ကစားခြင့္မရခ်ိန္မွာ ႀကိဳးစားအားထုတ္မႈနဲ႔ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္စြမ္း မရွိဘဲ ေပါ့ေပါ့ပ်က္ပ်က္ေနခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ေရာင္းခ်ၿပီး ဘယ္ေနာက္ခံလူေနရာအတြက္ အရန္တစ္ဦးေခၚယူဖို႔ ပရိသတ္ေတြ အလိုရွိလာ။

– လက္စတာ၊ လီဗာပူးလ္နဲ႔ အက္စတန္ဗီလာအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္းႀကီး အီမီးလ္ ဟက္စကီးက အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ ၁၀ သန္းတန္ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အီဗန္ တုန္နီကို ေခၚယူသင့္ၿပီး ၂၄ ႏွစ္သားရဲ႕ ဂိုးေရွ႕က ေနရာယူ အဆုံးသတ္မႈေတြက ေကာင္းေကာင္းအက်ိဳးျပဳမွာျဖစ္တယ္လို႔ တိုက္တြန္း။

– ဆာလီဘာ၊ ကိုလာစီနက္ခ်္၊ အိုေဇးလ္၊ ဆိုကရာတစ္တို႔ အမ္းမရိတ္ကေန ထြက္ခြာသြားခဲ့ၾကၿပီးမွာ သူတို႔ေနာက္ကို ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီလည္း ရက္ပိုင္းအတြင္းမွာ လိုက္ဖို႔ ရွိေနၿပီး အာဆင္နယ္အသင္းအေနနဲ႔ လာဇီယိုဘက္က ကမ္းလွမ္းလာရင္ လက္ခံဖို႔ရွိတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ စီမံခန႔္ခြဲမႈေတြကို အဂၤလန္သတင္းဌာနေတြက ရႈတ္ခ်ခဲ့ၾကၿပီး အသင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြျဖစ္ၾကတဲ့ ကာဇိုလာ၊ ဝီလ္ရွီးယား၊ ဆန္းခ်က္ဇ္၊ ဝဲလ္ဘက္၊ ရမ္ေဆး၊ အိုေဇးလ္၊ ဆိုကရာတစ္၊ မစ္ခီတာရီယန္တို႔အတြက္ တစ္ျပားမွ ျပန္မရခဲ့တဲ့ဘဲ ေပါင္သန္း ၁၆၀ နစ္နာခဲ့ရတဲ့အျပင္ ဒီစာရင္းထဲကို အသင္းရဲ႕ ေဈးအႀကီးဆုံး ခံစစ္မႉး မူစတာဖီပါ လိုက္ဖို႔ ရွိေနတာေၾကာင့္ ဆုံးရႈံးမႈ ပိုမိုျမင့္တက္လာဖြယ္ရွိေန။

– အသင္းေဟာင္း အာဆင္နယ္တို႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ေအာ္ဒီဂြါဒ္ဟာ ထူးျခားေကာင္းမြန္ၿပီး ေလ့က်င့္ေရးကြင္းမွာလည္း ႀကိဳးစားအားထုတ္မႈ ျမင့္မားတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ အမ္းမရိတ္မွာ ေျခစြမ္းျပႏိုင္လိမ့္မယ္လို႔ ရီးရဲလ္ဆိုစီဒက္မွာ တစ္ရာသီ လက္တြဲခဲ့ဖူးတဲ့ ေနာက္ခံလူ နာခ်ိဳ မြန္ရီးယယ္လ္ ေထာက္ခံခ်က္ေပးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ပါးပါးနပ္နပ္ ေရာင္းခ်မႈေတြ ျပဳလုပ္ႏိုင္ခဲ့ရင္ အသင္းရဲ႕ အမာခံမဟုတ္သူေတြျဖစ္တဲ့ ဝီေလာ့ခ္၊ နယ္လ္ဆန္၊ ခ်ိမ္းဘားစ္၊ ႐ူနာဆန္၊ နကီးတီးယား၊ ေပေပတို႔ဆီကေန ေပါင္သန္း ၁၀၀ ေက်ာ္ ျပန္လည္ရွာေဖြႏိုင္ၿပီး အီဒူးအေနနဲ႔ လုပ္တတ္ကိုင္တတ္ရွိဖို႔ပဲ လိုတယ္လို႔ Football London ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.