Match Report Premier League

လီဗာပူးလ်တို့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာခဲ့ပြီး အန်းဖီးလ်ခံတပ် ကျဆုံးခဲ့တဲ့ပွဲ

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ နောက်ခံလူစစ်စစ်ဖြစ်တဲ့ မာတစ်ပ်ကို ပြန်လည်ထည့်သွင်းလာခဲ့ပြီး ဖာဘင်ညိုနဲ့ နောက်တန်းမှာ မားမားမတ်မတ် ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ဒဏ်ရာအနည်းငယ်ရှိနေတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ချန်ထားပြီး ဆာလားနဲ့ ဖာမီနိုတို့ကိုပါ မသုံးစွဲဘဲ အနားပေးခဲ့လို့ ပွဲထွက်လူစာရင်းကတော့ လှလှပပ မရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ပွဲစကတည်းက ဖြတ်တင်ဘော၊ ထောင့်ကန်ဘောတွေနဲ့ လီဗာပူးလ်တို့ အမျိုးမျိုး ဖိကစားနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ထည့်သွင်းလာတဲ့ အရန်တိုက်စစ်မှူး အိုရီဂီကတော့ ဘန်လေခံစစ်ကြားမှာ လူရွှင်တော်တစ်ယောက်လို ဖြစ်နေခဲ့ပြီး ပထမပိုင်းမှာ ၁၃ ကြိမ်ရခဲ့တဲ့ အသင်းရဲ့ အခွင့်အရေးတွေကို အသုံးချမှုကလည်း အားနည်းနေခဲ့ပါတယ်။

ဘန်လေကတော့ ဘရေဒီ၊ တိုက်စစ်မှူး အက်ရှ်လီ ဘန်းစ်တို့ရဲ့ ကောင်တာကစားပုံနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဘော်ဒီတောင့်သလို တိုးအားလည်းကောင်းတဲ့ သြစတြီးယားတိုက်စစ်မှူးကြောင့် အတွဲအဖက် သိပ်မမိတဲ့ ခံစစ်က အခွင့်အရေးတွေ ပေးခဲ့မိသလို အယ်လစ်ဆန် သတိမလွတ်ခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။

ဆာလား မပါချိန်မှာ Deeper Position က ကစားတဲ့ ရှာကျီရီက ဖန်တီးဖို့နဲ့ အလစ်ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို အိုရီဂီနဲ့ ချိမ်ဘာလိန်တို့ရဲ့ ကန်ချက်တွေကိုလည်း ဂိုးသမား နစ်ခ် ပုပ် ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းမှာ လီဗာပူးလ်တို့ လုပ်နိုင်သမျှက မသေချာတဲ့ နေရာတွေက ကန်သွင်းမှုတွေသာဖြစ်တဲ့အတွက် ဂိုးရဖို့တော့ ဝေးနေခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ကြက်ဥတိုက်တဲ့ ဘန်လေနောက်ခံလူ ဘန်မီးကြောင့် အိုရီဂီ ဘောလုံးရသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပေါ်ထောင့်ကို ကန်သွင်းဖို့ ကြိုးစားရာမှာ ဘားထိပြီး ပြန်ထွက်ခဲ့လို့ ဂိုးသမား ပြန်ဖမ်းသွားခဲ့သလို ဒီဂိုးမှာ သူ့ဘေးက လိုက်လာတဲ့ အဆုံးသတ်ပိုသေချာသူ မာနေးကိုသာ ပေးလိုက်ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာအစလည်း အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ကန်ချက်ကို နစ်ခ် ပုပ် ကာကွယ်သွားခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာလည်း ဗိုင်နယ်လ်ဒွမ် ခင်းပေးတာကို ဆာလားက သေချာတဲ့ အဝေးထောင့်ကို မကန်ဘဲ အနီးကိုပဲ အပြင်းကန်ခဲ့လို့ ဂိုးသမားပဲ ပုတ်ထုတ်သွားခဲ့ပါတယ်။

လူစားဝင်လာခဲ့တဲ့ ဖာမီနိုနဲ့ ဆာလားတို့ကြောင့် လီဗာပူးလ်တိုက်စစ်က ပိုလှုပ်လာခဲ့ပေမယ့် ကွင်းလယ်မှာ ဘောလုံးကို မဆိုင်းဘဲ အမြန်ပေးမယ့်သူမျိုး ပါဝင်မလာတာကြောင့် ဂျွန်ဘန်းစ်၊ ဟာမန်းတို့ ဝေဖန်ထားတဲ့ သီယာဂိုရဲ့ တိုင်မင်မကိုက်တဲ့ ပေးပို့မှုတွေမှာ ဘန်လေဘက်က ဖျက်ထုတ်ချိန်ရသွားပြီး မူလရည်ရွယ်သလောက် အထမြောက်တော့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဖာဘင်ညိုရဲ့ ပေါ့လျော့မှုကနေ ဘန်းစ်က လိုက်ပါဂိုးသွင်းဖို့ ကြိုးစားရာမှာ ဆွဲလှဲမိသလိုဖြစ်ခဲ့တဲ့ အယ်လစ်ဆန်ရဲ့ အမှားကြောင့် ဒိုင်လူကြီး မိုက်ဒင်းန်က ပင်နယ်တီ ပေးခဲ့ပြီး ဒါကို သြစတြီးယားသားက သူကိုယ်တိုင်ပဲ ကန်သွင်းပြီး ဘန်လေတို့အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာမှ မီနာမီနိုကို ထည့်ခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကတော့ အလာကောင်းပေမယ့် အခါနှောင်းပြီလို့ပဲ ပြောရမှာဖြစ်ပြီး နောက်ဆုံးအိမ်ကွင်း ၁၆ ပွဲမှာ ၁၁ ပွဲနိုင် ၅ ပွဲ သရေကျထားတဲ့ ဘန်လေကို ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အရှုံးပေးခဲ့ရသလို လေးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ အိမ်ကွင်း ၆၈ ပွဲ ရှုံးပွဲမရှိ စံချိန်လည်း ပျက်ယွင်းခဲ့ရပါတယ်။

တစ်ပွဲလုံးမှာ ၂၇ ကြိမ် ကန်ခွင့်ရတာကို ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ အိမ်ရှင်တို့ရဲ့ ဒီပွဲအရှုံးကြောင့် အဆင့် ၄ ကနေ စပါးစ်နဲ့ မြို့ခံပြိုင်ဘက် အဲဗာတန်တို့ဆီ နေရာဖယ်ပေးရနိုင်တဲ့ အနေအထားကို ရင်ဆိုင်ခဲ့ရသလို နည်းပြ ကလော့ပ်နဲ့ တာဝန်ရှိသူတွေအနေနဲ့ ဗဟိုနောက်ခံလူသစ်ခေါ်ပြီး ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ရဲ့ ပွဲပန်းမှုကို လျှော့ချပေးနိုင်ပါမှ အချိန်မနှောင်းခင် ပြင်ဆင်ခွင့်ရှိနိုင်မှာလည်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ေနာက္ခံလူစစ္စစ္ျဖစ္တဲ့ မာတစ္ပ္ကို ျပန္လည္ထည့္သြင္းလာခဲ့ၿပီး ဖာဘင္ညိဳနဲ႔ ေနာက္တန္းမွာ မားမားမတ္မတ္ ကစားလာခဲ့သလို ကြင္းလယ္မွာေတာ့ ဒဏ္ရာအနည္းငယ္ရွိေနတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ခ်န္ထားၿပီး ဆာလားနဲ႔ ဖာမီႏိုတို႔ကိုပါ မသုံးစြဲဘဲ အနားေပးခဲ့လို႔ ပြဲထြက္လူစာရင္းကေတာ့ လွလွပပ မရွိခဲ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။

ပြဲစကတည္းက ျဖတ္တင္ေဘာ၊ ေထာင့္ကန္ေဘာေတြနဲ႔ လီဗာပူးလ္တို႔ အမ်ိဳးမ်ိဳး ဖိကစားႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာ ထည့္သြင္းလာတဲ့ အရန္တိုက္စစ္မႉး အိုရီဂီကေတာ့ ဘန္ေလခံစစ္ၾကားမွာ လူ႐ႊင္ေတာ္တစ္ေယာက္လို ျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာ ၁၃ ႀကိမ္ရခဲ့တဲ့ အသင္းရဲ႕ အခြင့္အေရးေတြကို အသုံးခ်မႈကလည္း အားနည္းေနခဲ့ပါတယ္။

ဘန္ေလကေတာ့ ဘေရဒီ၊ တိုက္စစ္မႉး အက္ရွ္လီ ဘန္းစ္တို႔ရဲ႕ ေကာင္တာကစားပုံနဲ႔ ျပန္လည္တိုက္စစ္ဆင္ခဲ့ၿပီး ေဘာ္ဒီေတာင့္သလို တိုးအားလည္းေကာင္းတဲ့ ၾသစႀတီးယားတိုက္စစ္မႉးေၾကာင့္ အတြဲအဖက္ သိပ္မမိတဲ့ ခံစစ္က အခြင့္အေရးေတြ ေပးခဲ့မိသလို အယ္လစ္ဆန္ သတိမလြတ္ခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာပါ။

ဆာလား မပါခ်ိန္မွာ Deeper Position က ကစားတဲ့ ရွာက်ီရီက ဖန္တီးဖို႔နဲ႔ အလစ္ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို အိုရီဂီနဲ႔ ခ်ိမ္ဘာလိန္တို႔ရဲ႕ ကန္ခ်က္ေတြကိုလည္း ဂိုးသမား နစ္ခ္ ပုပ္ ကာကြယ္ႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ လီဗာပူးလ္တို႔ လုပ္ႏိုင္သမွ်က မေသခ်ာတဲ့ ေနရာေတြက ကန္သြင္းမႈေတြသာျဖစ္တဲ့အတြက္ ဂိုးရဖို႔ေတာ့ ေဝးေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ၾကက္ဥတိုက္တဲ့ ဘန္ေလေနာက္ခံလူ ဘန္မီးေၾကာင့္ အိုရီဂီ ေဘာလုံးရသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အေပၚေထာင့္ကို ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ဘားထိၿပီး ျပန္ထြက္ခဲ့လို႔ ဂိုးသမား ျပန္ဖမ္းသြားခဲ့သလို ဒီဂိုးမွာ သူ႔ေဘးက လိုက္လာတဲ့ အဆုံးသတ္ပိုေသခ်ာသူ မာေနးကိုသာ ေပးလိုက္ရင္ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏိုင္တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာအစလည္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ကန္ခ်က္ကို နစ္ခ္ ပုပ္ ကာကြယ္သြားခဲ့သလို ပြဲခ်ိန္ ၅၉ မိနစ္မွာလည္း ဗိုင္နယ္လ္ဒြမ္ ခင္းေပးတာကို ဆာလားက ေသခ်ာတဲ့ အေဝးေထာင့္ကို မကန္ဘဲ အနီးကိုပဲ အျပင္းကန္ခဲ့လို႔ ဂိုးသမားပဲ ပုတ္ထုတ္သြားခဲ့ပါတယ္။

လူစားဝင္လာခဲ့တဲ့ ဖာမီႏိုနဲ႔ ဆာလားတို႔ေၾကာင့္ လီဗာပူးလ္တိုက္စစ္က ပိုလႈပ္လာခဲ့ေပမယ့္ ကြင္းလယ္မွာ ေဘာလုံးကို မဆိုင္းဘဲ အျမန္ေပးမယ့္သူမ်ိဳး ပါဝင္မလာတာေၾကာင့္ ဂြၽန္ဘန္းစ္၊ ဟာမန္းတို႔ ေဝဖန္ထားတဲ့ သီယာဂိုရဲ႕ တိုင္မင္မကိုက္တဲ့ ေပးပို႔မႈေတြမွာ ဘန္ေလဘက္က ဖ်က္ထုတ္ခ်ိန္ရသြားၿပီး မူလရည္႐ြယ္သေလာက္ အထေျမာက္ေတာ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဖာဘင္ညိဳရဲ႕ ေပါ့ေလ်ာ့မႈကေန ဘန္းစ္က လိုက္ပါဂိုးသြင္းဖို႔ ႀကိဳးစားရာမွာ ဆြဲလွဲမိသလိုျဖစ္ခဲ့တဲ့ အယ္လစ္ဆန္ရဲ႕ အမွားေၾကာင့္ ဒိုင္လူႀကီး မိုက္ဒင္းန္က ပင္နယ္တီ ေပးခဲ့ၿပီး ဒါကို ၾသစႀတီးယားသားက သူကိုယ္တိုင္ပဲ ကန္သြင္းၿပီး ဘန္ေလတို႔အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာမွ မီနာမီႏိုကို ထည့္ခဲ့တဲ့ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ အလာေကာင္းေပမယ့္ အခါေႏွာင္းၿပီလို႔ပဲ ေျပာရမွာျဖစ္ၿပီး ေနာက္ဆုံးအိမ္ကြင္း ၁၆ ပြဲမွာ ၁၁ ပြဲႏိုင္ ၅ ပြဲ သေရက်ထားတဲ့ ဘန္ေလကို ၁၉၇၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အရႈံးေပးခဲ့ရသလို ေလးပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးမႈနဲ႔အတူ အိမ္ကြင္း ၆၈ ပြဲ ရႈံးပြဲမရွိ စံခ်ိန္လည္း ပ်က္ယြင္းခဲ့ရပါတယ္။

တစ္ပြဲလုံးမွာ ၂၇ ႀကိမ္ ကန္ခြင့္ရတာကို ၆ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ အိမ္ရွင္တို႔ရဲ႕ ဒီပြဲအရႈံးေၾကာင့္ အဆင့္ ၄ ကေန စပါးစ္နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ အဲဗာတန္တို႔ဆီ ေနရာဖယ္ေပးရႏိုင္တဲ့ အေနအထားကို ရင္ဆိုင္ခဲ့ရသလို နည္းျပ ကေလာ့ပ္နဲ႔ တာဝန္ရွိသူေတြအေနနဲ႔ ဗဟိုေနာက္ခံလူသစ္ေခၚၿပီး ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ ပြဲပန္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါမွ အခ်ိန္မေႏွာင္းခင္ ျပင္ဆင္ခြင့္ရွိႏိုင္မွာလည္းျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.