Other Leagues

ပတ္စ္ပို႔အတုကိစၥေၾကာင့္ ေရာ္နယ္ဒင္ညိဳ ပါရာေဂြးမွာ ဖမ္းခံရ

ကမၻာေက်ာ္ေဘာလံုးၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒို ဒီအက္ဆစ္ မိုရဲရား(ေရာ္နယ္ဒင္ညိဳ)ဟာ ပတ္စ္ပို႔အတုကိုင္ေဆာင္မႈနဲ႔ ပါရာေဂြးႏိုင္ငံမွာ စစ္ေဆးေမးျမန္းခံခဲ့ရပါတယ္။ အေစာပိုင္းကေတာ့ ေရာ္နယ္ဒင္ညိဳကို ပါရာေဂြးရဲေတြက ဖမ္းဆီးခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ပါရာေဂြးျပည္ထဲေရး၀န္ႀကီးကေတာ့ ေရာ္နယ္ဒင္ညိဳနဲ႔အတူ သူ႔အစ္ကို ေရာဘတ္တို ဒီအက္ဆစ္တို႔ကို ဖမ္းဆီးတာမဟုတ္ဘဲ လိုအပ္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာပဲျဖစ္တယ္လို႔ ဆုိပါတယ္။ ပါရာေဂြးရဲေတြဟာ ဗုဒၶဟူးေန႔က ၿမိဳ႕ေတာ္ အဆန္စီယြန္က ေရာ္နယ္ဒင္ညိဳ တည္းခိုသြားတဲ့ ဟိုတယ္ကိုလည္း သြားေရာက္စစ္ေဆးခဲ့ပါတယ္။

ေရာ္နယ္ဒင္ညိဳနဲ႔အတူ သူ႔အစ္ကိုတို႔ဟာ ရဲတပ္ဖြဲ႔ရဲ႕ စံုစမ္းစစ္ေဆးမႈ မၿပီးမခ်င္း ၿမိဳ႕ထဲကို သြားေရာက္လည္ပတ္ခြင့္ မရခဲ့ေၾကာင္းလည္း သိရပါတယ္။ ၂၀၁၉ခုႏွစ္ ဇူလိုင္လတုန္းကလည္း ေရာ္နယ္ဒင္ညိဳဟာ အခြန္ကိစၥေတြေၾကာင့္ ဘရာဇီးလ္နဲ႔ စပိန္ပတ္စ္ပို႔ေတြကို အတုလုပ္ခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။

ပါရာေဂြး ျပည္ထဲေရး၀န္ႀကီး ယူလီဒက္စ္ အဆီဗီဒိုက “ၾကာသပေတးေန႔ နံနက္ ၈ နာရီမွာ အစိုးရေရွ႕ေနရံုးမွာ ေရာ္နယ္ဒင္ညိဳ အမႈၾကားနာရပါမယ္၊ သူ႔ရဲ႕ အားကစားပိုင္း ေက်ာ္ၾကားမႈေတြကို ကၽြန္ေတာ္ေလးစားပါတယ္။ ဒါေပမယ့္ ဥပေဒကိုလည္း ေလးစားရမယ္မဟုတ္လား၊ ခင္ဗ်ားဘယ္သူပဲျဖစ္ျဖစ္ ဥပေဒအရေတာ့ လုိအပ္ရင္ အေရးယူရမွာပါပဲ”လို႔ေျပာပါတယ္။ တစ္ဆက္တည္းမွာပဲ အခြန္အာဏာပိုင္ေတြကလည္း သူ႔ကို စစ္ေဆးမယ္လို႔ ဆိုပါတယ္။

အသက္ ၃၉ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒင္ညိဳဟာ စာအုပ္တစ္အုပ္ အေရာင္းျမွင့္တင္ဖို႔နဲ႔ အခြင့္ေရးေပ်ာက္ဆံုးေနတဲ့ ကေလးေတြအတြက္ လႈပ္ရွားမႈတစ္ရပ္အတြက္ ပါရာေဂြးႏိုင္ငံကိုေရာက္ေနတာျဖစ္ပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္နဲ႔အတူ စာရြက္စာတမ္းအတုေတြ လုပ္ေပးခဲ့သူလို႔ ယူဆရတဲ့ ဘရာဇီးလ္စီးပြားေရးသမားတစ္ဦးကိုလည္း ပါရာေဂြးရဲေတြက ဖမ္းဆီးထားေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ကမ္ဘာကျော်ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒို ဒီအက်ဆစ် မိုရဲရား(ရော်နယ်ဒင်ညို)ဟာ ပတ်စ်ပို့အတုကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ အစောပိုင်းကတော့ ရော်နယ်ဒင်ညိုကို ပါရာဂွေးရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် ပါရာဂွေးပြည်ထဲရေးဝန်ကြီးကတော့ ရော်နယ်ဒင်ညိုနဲ့အတူ သူ့အစ်ကို ရောဘတ်တို ဒီအက်ဆစ်တို့ကို ဖမ်းဆီးတာမဟုတ်ဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်တယ်လို့ ဆိုပါတယ်။ ပါရာဂွေးရဲတွေဟာ ဗုဒ္ဓဟူးနေ့က မြို့တော် အဆန်စီယွန်က ရော်နယ်ဒင်ညို တည်းခိုသွားတဲ့ ဟိုတယ်ကိုလည်း သွားရောက်စစ်ဆေးခဲ့ပါတယ်။

ရော်နယ်ဒင်ညိုနဲ့အတူ သူ့အစ်ကိုတို့ဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု မပြီးမချင်း မြို့ထဲကို သွားရောက်လည်ပတ်ခွင့် မရခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၁၉ခုနှစ် ဇူလိုင်လတုန်းကလည်း ရော်နယ်ဒင်ညိုဟာ အခွန်ကိစ္စတွေကြောင့် ဘရာဇီးလ်နဲ့ စပိန်ပတ်စ်ပို့တွေကို အတုလုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ပါရာဂွေး ပြည်ထဲရေးဝန်ကြီး ယူလီဒက်စ် အဆီဗီဒိုက “ကြာသပတေးနေ့ နံနက် ၈ နာရီမှာ အစိုးရရှေ့နေရုံးမှာ ရော်နယ်ဒင်ညို အမှုကြားနာရပါမယ်၊ သူ့ရဲ့ အားကစားပိုင်း ကျော်ကြားမှုတွေကို ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် ဥပဒေကိုလည်း လေးစားရမယ်မဟုတ်လား၊ ခင်ဗျားဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရတော့ လိုအပ်ရင် အရေးယူရမှာပါပဲ”လို့ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ အခွန်အာဏာပိုင်တွေကလည်း သူ့ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

အသက် ၃၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒင်ညိုဟာ စာအုပ်တစ်အုပ် အရောင်းမြှင့်တင်ဖို့နဲ့ အခွင့်ရေးပျောက်ဆုံးနေတဲ့ ကလေးတွေအတွက် လှုပ်ရှားမှုတစ်ရပ်အတွက် ပါရာဂွေးနိုင်ငံကိုရောက်နေတာဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့အတူ စာရွက်စာတမ်းအတုတွေ လုပ်ပေးခဲ့သူလို့ ယူဆရတဲ့ ဘရာဇီးလ်စီးပွားရေးသမားတစ်ဦးကိုလည်း ပါရာဂွေးရဲတွေက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HANS SOE HTUT
SPORTS A2Z.