Premier League

အမှတ်ပေးဇယားမှာ ချဲလ်ဆီးနဲ့အာဆင်နယ် ဘယ်ရောက်နေလဲ လိုက်ရှာခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဖူလ်ဟမ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ မြောက်ကြွမြောက်ကြွဖြစ်နေကြပြီလို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ကာဗာနီနဲ့ ပေါ့ဂ်ဘာတို့ရဲ့ သွင်းဂိုးတွေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့အထက် အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပေမယ့် မန်စီးတီးက တစ်ပွဲလျော့နေတာဖြစ်ပါတယ်။ အဲဒါက မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်ရှိအချိန်မှာ စိုးရိမ်ပူပင်နေရမယ့်ကိစ္စမဟုတ်ခဲ့ဘဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြန်လည်ရပ်တည်နိုင်ခဲ့တာကိုသာ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့လို ပြိုင်ဘက်အသင်းတွေကို လှောင်ပြောင်ရယ်မောနိုင်တာက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် ပျော်ရွှင်စရာအကောင်းဆုံး ဖြစ်ခဲ့ပုံရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ အမှတ်ပေးဇယားအပေါ်ပိုင်းတစ်ဝက်ထဲမှာ ကျန်ရှိနေနိုင်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့က လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ နောက်ဆုံး ၈ ပွဲမှာ ၅ ကြိမ်အထိ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး အာဆင်နယ်အသင်းကလည်း ခရစ်စမတ်ကာလတလျှောက် ရရှိခဲ့တဲ့ ရလဒ်ဆိုးတွေကို ပြန်လည်ချေဖျက်လာနိုင်ပြီဖြစ်ပေမယ့် အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၆ နေရာမှာ ၎င်းတို့ရဲ့ လန်ဒန်ပြိုင်ဘက်တွေ မရှိတာကို ညွှန်ပြပြီး ဝမ်းမြောက်ပျော်ရွှင်နေခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ နောက်ထပ်လန်ဒန်တစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကိုတော့ သိပ်မလှောင်ပြောင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး နည်းပြဟောင်း မော်ရင်ညိုရဲ့ မျက်နှာကြောင့်လားတော့ မပြောနိုင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညက ဖူလ္ဟမ္အသင္းကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းနိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းပရိသတ္ေတြဟာ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနၾကၿပီလို႔ ေျပာရင္ လြန္မယ္မထင္ပါဘူး။

ကာဗာနီနဲ႔ ေပါ့ဂ္ဘာတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ့အထက္ အဆင့္ ၂ ေနရာကို တက္လွမ္းနိုင္ခဲ့တာျဖစ္ေပမယ့္ မန္စီးတီးက တစ္ပြဲေလ်ာ့ေနတာျဖစ္ပါတယ္။ အဲဒါက မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ လက္ရွိအခ်ိန္မွာ စိုးရိမ္ပူပင္ေနရမယ့္ကိစၥမဟုတ္ခဲ့ဘဲ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ျပန္လည္ရပ္တည္နိုင္ခဲ့တာကိုသာ ဝမ္းေျမာက္ေပ်ာ္ရႊင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔လို ၿပိဳင္ဘက္အသင္းေတြကို ေလွာင္ေျပာင္ရယ္ေမာနိုင္တာက မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္စရာအေကာင္းဆုံး ျဖစ္ခဲ့ပုံရပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္အသင္းတို႔ဟာ အမွတ္ေပးဇယားအေပၚပိုင္းတစ္ဝက္ထဲမွာ က်န္ရွိေနနိုင္ဖို႔အတြက္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔က လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၎တို႔ရဲ့ ေနာက္ဆုံး ၈ ပြဲမွာ ၅ ႀကိမ္အထိ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရၿပီး အာဆင္နယ္အသင္းကလည္း ခရစ္စမတ္ကာလတေလၽွာက္ ရရွိခဲ့တဲ့ ရလဒ္ဆိုးေတြကို ျပန္လည္ေခ်ဖ်က္လာနိုင္ၿပီျဖစ္ေပမယ့္ အဆင့္ ၁၀ ေနရာမွာသာ ရပ္တည္ေနရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ ဖူလ္ဟမ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၆ ေနရာမွာ ၎တို႔ရဲ့ လန္ဒန္ၿပိဳင္ဘက္ေတြ မရွိတာကို ညႊန္ျပၿပီး ဝမ္းေျမာက္ေပ်ာ္ရႊင္ေနခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ ေနာက္ထပ္လန္ဒန္တစ္သင္းျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကိုေတာ့ သိပ္မေလွာင္ေျပာင္ခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ့ မ်က္ႏွာေၾကာင့္လားေတာ့ မေျပာနိုင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.