Premier League

ပရိသတ်တွေ အကြီးအကျယ်ငြင်းခုံနေကြတဲ့ မန်စီးတီးရဲ့အငြင်းပွားဖွယ် အဖွင့်ဂိုး

မန်ချက်စတာစီးတီးအသင်းက အက်စ်တွန်ဗီလာအသင်းကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တဲ့ပွဲစဉ်က အဖွင့်ဂိုးအတွက် အငြင်းပွားစရာတွေနဲ့ စိတ်ရှုပ်ထွေးစရာတွေ ရှိနေခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ၇၉ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ကန်သွင်းချက်နဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့် အက်စ်တွန်ဗီလာကစားသမားတွေဟာ ချက်ချင်းပဲ ကွင်းလယ်ဒိုင်ကို စောဒကတက် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ တိုက်စစ်စတင်ချိန်မှာ ရိုဒရီဟာ အက်စ်တွန်ဗီလာ ဂိုးသမားရှေ့လောက်အထိ ရောက်နေပြီး လူကျွံအနေအထားဖြစ်နေခဲ့ပေမယ့် ဘာနာဒိုဆေးဗားက ရှေ့တန်းကို ခေါင်းတိုက်ပေးပို့ခဲ့ပြီးနောက် တိုင်ရုန်း မင်းစ်က ဘောလုံးကို ထိန်းသိမ်းခဲ့တာကြောင့် ပွဲကို ပြန်လည်စတင်စေသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ လူကျွံအနေအထားမှာရှိခဲ့တယ်ဆိုပေမယ့်လည်း တိုင်ရုန်း မင်းစ်က ဘောလုံးကို ထိတွေ့ခဲ့ချိန်မှာ ပွဲဟာ ပြန်လည်အသက်ဝင်သွားခဲ့တာဖြစ်ပြီး ရိုဒရီက နောက်ကနေ ပြေးဝင်လုယူပြီး ဘာနာဒိုဆေးလ်ဗားကို ပေးပို့ခဲ့တာကြောင့် အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ အသက်ဝင်နေတဲ့ကစားကွက်မှာ ပါဝင်ခြင်း၊ ပြိုင်ဘက်ကို ကြားဝင်နှောင့်ယှက်ခြင်း သို့မဟုတ် အခွင့်ကောင်းရရှိသွားခြင်း စတဲ့ လူကျွံဘောသတ်မှတ်နိုင်တဲ့ စံနှုန်းတွေကတွေ သွေဖယ်ခဲ့ပြီး တိုင်ရုန်းမင်းစ် ဘောလုံးစတင်ထိတွေ့ပြီးမှသာ ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ပေးခြင်းမရှိဘဲ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အက်စ်တွန်ဗီလာနည်းပြ ဒင်း စမစ်ကတော့ ကွင်းလယ်ဒိုင် ဂျွန် မော့စ်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး မန်စီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဂန်ဒိုဂန်က သွင်းယူပေးခဲ့ပြီး ၂-၀ နဲ့ မန်ချက်စတာစီးတီးအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းက အက္စ္တြန္ဗီလာအသင္းကို ၂-၀ နဲ႔ အနိုင္ရရွိသြားခဲ့တဲ့ပြဲစဥ္က အဖြင့္ဂိုးအတြက္ အျငင္းပြားစရာေတြနဲ႔ စိတ္ရႈပ္ေထြးစရာေတြ ရွိေနခဲ့ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ၇၉ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ကန္သြင္းခ်က္နဲ႔ အဖြင့္ဂိုးကို သြင္းယူခဲ့ေပမယ့္ အက္စ္တြန္ဗီလာကစားသမားေတြဟာ ခ်က္ခ်င္းပဲ ကြင္းလယ္ဒိုင္ကို ေစာဒကတက္ ဆန႔္က်င္ခဲ့ၾကတာျဖစ္ပါတယ္။ တိုက္စစ္စတင္ခ်ိန္မွာ ရိုဒရီဟာ အက္စ္တြန္ဗီလာ ဂိုးသမားေရွ႕ေလာက္အထိ ေရာက္ေနၿပီး လူကၽြံအေနအထားျဖစ္ေနခဲ့ေပမယ့္ ဘာနာဒိုေဆးဗားက ေရွ႕တန္းကို ေခါင္းတိုက္ေပးပို႔ခဲ့ၿပီးေနာက္ တိုင္႐ုန္း မင္းစ္က ေဘာလုံးကို ထိန္းသိမ္းခဲ့တာေၾကာင့္ ပြဲကို ျပန္လည္စတင္ေစသလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

ရိုဒရီဟာ လူကၽြံအေနအထားမွာရွိခဲ့တယ္ဆိုေပမယ့္လည္း တိုင္႐ုန္း မင္းစ္က ေဘာလုံးကို ထိေတြ႕ခဲ့ခ်ိန္မွာ ပြဲဟာ ျပန္လည္အသက္ဝင္သြားခဲ့တာျဖစ္ၿပီး ရိုဒရီက ေနာက္ကေန ေျပးဝင္လုယူၿပီး ဘာနာဒိုေဆးလ္ဗားကို ေပးပို႔ခဲ့တာေၾကာင့္ အဖြင့္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ရိုဒရီဟာ အသက္ဝင္ေနတဲ့ကစားကြက္မွာ ပါဝင္ျခင္း၊ ၿပိဳင္ဘက္ကို ၾကားဝင္ေႏွာင့္ယွက္ျခင္း သို႔မဟုတ္ အခြင့္ေကာင္းရရွိသြားျခင္း စတဲ့ လူကၽြံေဘာသတ္မွတ္နိုင္တဲ့ စံႏႈန္းေတြကေတြ ေသြဖယ္ခဲ့ၿပီး တိုင္႐ုန္းမင္းစ္ ေဘာလုံးစတင္ထိေတြ႕ၿပီးမွသာ ပြဲစဥ္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က လူကၽြံေဘာအျဖစ္ သတ္မွတ္ေပးျခင္းမရွိဘဲ ဘာနာဒို ေဆးလ္ဗားရဲ့ သြင္းဂိုးကို ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

အက္စ္တြန္ဗီလာနည္းၿပ ဒင္း စမစ္ကေတာ့ ကြင္းလယ္ဒိုင္ ဂၽြန္ ေမာ့စ္ရဲ့ ဆုံးျဖတ္ခ်က္ကို ေဒါသတႀကီး တုံ႔ျပန္ခဲ့တဲ့အတြက္ အနီကတ္ၿပ ထုတ္ပယ္ခံခဲ့ရတာကို ျမင္ေတြ႕ခဲ့ရၿပီး မန္စီးတီးအသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ဂန္ဒိုဂန္က သြင္းယူေပးခဲ့ၿပီး ၂-၀ နဲ႔ မန္ခ်က္စတာစီးတီးအသင္းက အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.