Match Report Premier League

ဖူလ်ဟမ် 1-2 မန်ချက်စတာယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7 ချက်

ဘရူနို ရောက်ရှိခဲ့တဲ့ မှတ်တိုင်
ဘရူနို ဖာနန်ဒက်စ်ကတော့ အသင်းကြီးတွေနဲ့ မဟုတ်ရင် အမြဲတမ်း တာဝန်ကျေလေ့ရှိတာကို တွေ့ရပြီး ဒီနေ့မှာလည်း ကံမကောင်းလို့ နှစ်ဂိုးလောက် နစ်နာခဲ့ရသေးပေမယ့် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ပွဲဟာ သူ့အတွက် ယူနိုက်တက်နဲ့ ပွဲ ၅၀ ပြည့်တဲ့ ပွဲဖြစ်ပြီး သွင်းဂိုး ၂၇ ဂိုး၊ ဖန်တီးမှု ၁၈၊ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၄၅ ကြိမ်ကို ရရှိနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခုလည်းဖြစ်ပြီး စပို့တင်းကို ပေါင် ၄၇ သန်း ပေးချေပြီး ၁၂ လအကြာမှာ ဒါတွေကို သူလုပ်ပြခဲ့တာပါ။

အိုလီရဲ့ အလှည့်ကျ အပြောင်းအလဲ
ဒီနေ့ပွဲမှာတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ပွဲထွက်လူစာရင်းမှာ ကစားသမား လေးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဘိုင်လီ၊ ဂရင်းဝုဒ်နဲ့ ကာဗာနီတို့ကို လင်ဒီလော့ဖ်၊ မက်တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်တို့နေရာမှာ ထည့်သွင်းပြီး လိုအပ်တဲ့ နိုင်ပွဲကိုလည်း အမှားအယွင်းမရှိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲဆက်များပြီး ခြေကျနေတဲ့ ရက်ရှ်ဖို့ဒ်ကို အနားပေးလိုက်တာက ရဲရင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်သလို လာမယ့်ပွဲတွေမှာ ပိုမိုခြေစွမ်းပြဖို့လည်း ရည်ရွယ်ခဲ့တာဖြစ်နိုင်ပါတယ်။

အရင်ထုံးစံဆီ ပြန်ရောက်သွားတဲ့ ယူနိုက်တက်
ဒီနေ့ပွဲမှာတော့ ယူနိုက်တက်တို့အနေနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး Complete Come Back ကို ရရှိခဲ့ပေမယ့် အရင်ပွဲတွေလိုတော့ ဦးဆောင်စိုးမိုးနိုင်မှုကို လက်လွှတ်ခဲ့ရပါတယ်။ လက်စတာနဲ့ပွဲကစလို့ ကိုယ်စသွင်းရင်သွင်း၊ မဟုတ်ရင်လဲ ဂိုးမရတဲ့ မှတ်တမ်းက ရာသီအစ ဘရိုက်တန်ပွဲကနေ ဆောက်သမ်တန်နဲ့ပွဲတွေကလို ဂိုးစပေးခဲ့ရပြီးမှ နောက်က လိုက်ကစားရင်း အနိုင်ယူခဲ့ရတာပေမယ့် ဒါက အသင်းရဲ့ Trade Mark လိုလည်းဖြစ်နေလို့ ဂုဏ်ငယ်စရာတော့ သိပ်မရှိခဲ့ပါဘူး။

နောက်ကနေ လိုက်ကြမ်းတဲ့ နိုင်ပွဲဆာလောင်မှုဒီနေ့ပွဲဟာ မန်ချက်စတာယူနိုက်တက်အတွက်တော့ သူတို့ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်လောက်ကြမ်းရမ်းထားတယ်ဆိုတာ ပြသခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပြီး ဂိုးပေးရပြီးမှ နောက်ကနေ လိုက်ပြီးအနိုင်ယူခဲ့တဲ့ ၉၄ ပွဲမြောက်ဖြစ်ခဲ့တာပါ။ သူတို့ကို Come Back Specialist တွေလို့ ခေါ်ဖို့ကောင်းနေတာလည်းဖြစ်ပြီး လိုအပ်တဲ့ အချိန်တွေမှာ ညှစ်ထုတ်တတ်တဲ့ ရုန်းအားနဲ့ အတွေ့အကြုံရင့် ကစားသမားတွေက ဒီလိုလုပ်နိုင်ဖို့ အဓိကကျခဲ့ပါတယ်။

မှော်ဆရာ ပေါ့ဘာရဲ့ နောက်ထပ်အခန်းကဏ္ဍ
ပေါ့ဘာကတော့ ကွင်းလယ်ကနေ ရှေ့တက်ကစားပြီး လီဗာပူးလ်နဲ့ပွဲမှာ တော်တော်လေး အန္တရာယ်ပေးနိုင်ခဲ့ပေမယ့် ဂိုးမရတဲ့ ပုံစံကို ဒီနေ့မှာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ညာခြမ်းကနေ ညာနဲ့ကန်နေတဲ့ ပုံစံကို ဒီနေ့မှာ သူ့ရဲ့ သိပ်ပြီး အားမနည်းလှတဲ့ ဘယ်ခြေနဲ့ ကန်ဖို့ ပြောင်းလဲကြိုးစားခဲ့တာဖြစ်ပြီး ပွဲချိန် ၆၅ မိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို Game Changer အဖြစ် သွင်းယူနိုင်ခဲ့တာပါ။

ကာဗာနီရဲ့ မမောမပန်း ကစားဟန်
အသက် ၃၃ နှစ်သားကြီးအနေနဲ့ ရွေ့လျားနေရာယူပုံတွေက ထုံးစံအတိုင်း ကောင်းမွန်ဆဲဖြစ်ပြီး ပိုပြီး အံ့သြစရာကတော့ ပွဲပြီးချိန်အထိ အနားမယူဘဲ ပြေးလွှားနေခဲ့တာပါ။ ဂိုးရှေ့မှာ သူ့ကြောင့် နေရာလွတ်တွေ ပိုရလာခဲ့သလို နည်းပြ ဆိုးလ်ရှားအတွက် ရွေးချယ်စရာတွေ ပိုများလာခဲ့ပြီး ကျေနပ်စရာဖြစ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ သူ့ကို ပေးမလို ကန်မလို အလုပ်မဖြစ်တဲ့ ဘောလုံးဆွဲပြေးမှုနဲ့ နှစ်ပွဲဆက် စိတ်ပျက်စေခဲ့တာကတော့ အားနာစရာလည်းဖြစ်ပါတယ်။

တောအိမ်ထဲက ပါကားရဲ့ မျှော်လင့်ချက် အလင်းရောင်
Cottagers တောအိမ်သားတွေလို့ အမည်ရှိတဲ့ ဖူလ်ဟမ်တို့ကတော့ သူတို့တွေရဲ့ ဒီရာသီ အားနည်းချက်ဖြစ်တဲ့ တိုက်စစ်ကို ပြင်ဆင်နိုင်ခဲ့ပြီး စပါးစ်နဲ့ ယူနိုက်တက်တို့လို အသင်းကြီးတွေကိုပါ ဂိုးသွင်းနိုင်ခဲ့တာကတော့ ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာ အသင်းငယ်ချင်း ဆုံခဲ့ရင်တော့ စကော့ ပါကားရဲ့ လမ်းညွှန်မှုနဲ့ ရုန်းအားက သူတို့ကို တန်းဆင်းဇုန်ထဲက ပြန်လည်ရုန်းထွက်နိုင်စေမယ့် မျှော်လင့်ချက်လည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ဘ႐ူႏို ေရာက္ရွိခဲ့တဲ့ မွတ္တိုင္
ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ အသင္းႀကီးေတြနဲ႔ မဟုတ္ရင္ အၿမဲတမ္း တာဝန္ေက်ေလ့ရွိတာကို ေတြ႕ရၿပီး ဒီေန႔မွာလည္း ကံမေကာင္းလို႔ ႏွစ္ဂိုးေလာက္ နစ္နာခဲ့ရေသးေပမယ့္ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာ ေတြ႕ရပါတယ္။ ဒီေန႔ပြဲဟာ သူ႔အတြက္ ယူႏိုက္တက္နဲ႔ ပြဲ ၅၀ ျပည့္တဲ့ ပြဲျဖစ္ၿပီး သြင္းဂိုး ၂၇ ဂိုး၊ ဖန္တီးမႈ ၁၈၊ စုစုေပါင္း ဂိုးပါဝင္ပတ္သက္မႈ ၄၅ ႀကိမ္ကို ရရွိႏိုင္ခဲ့တဲ့ မွတ္တိုင္တစ္ခုလည္းျဖစ္ၿပီး စပို႔တင္းကို ေပါင္ ၄၇ သန္း ေပးေခ်ၿပီး ၁၂ လအၾကာမွာ ဒါေတြကို သူလုပ္ျပခဲ့တာပါ။

အိုလီရဲ႕ အလွည့္က် အေျပာင္းအလဲ
ဒီေန႔ပြဲမွာေတာ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ပြဲထြက္လူစာရင္းမွာ ကစားသမား ေလးဦးအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဘိုင္လီ၊ ဂရင္းဝုဒ္နဲ႔ ကာဗာနီတို႔ကို လင္ဒီေလာ့ဖ္၊ မက္ေတာ္မီေနးနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ေနရာမွာ ထည့္သြင္းၿပီး လိုအပ္တဲ့ ႏိုင္ပြဲကိုလည္း အမွားအယြင္းမရွိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲဆက္မ်ားၿပီး ေျခက်ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို အနားေပးလိုက္တာက ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္ ျဖစ္သလို လာမယ့္ပြဲေတြမွာ ပိုမိုေျခစြမ္းျပဖို႔လည္း ရည္႐ြယ္ခဲ့တာျဖစ္ႏိုင္ပါတယ္။

အရင္ထုံးစံဆီ ျပန္ေရာက္သြားတဲ့ ယူႏိုက္တက္
ဒီေန႔ပြဲမွာေတာ့ ယူႏိုက္တက္တို႔အေနနဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး Complete Come Back ကို ရရွိခဲ့ေပမယ့္ အရင္ပြဲေတြလိုေတာ့ ဦးေဆာင္စိုးမိုးႏိုင္မႈကို လက္လႊတ္ခဲ့ရပါတယ္။ လက္စတာနဲ႔ပြဲကစလို႔ ကိုယ္စသြင္းရင္သြင္း၊ မဟုတ္ရင္လဲ ဂိုးမရတဲ့ မွတ္တမ္းက ရာသီအစ ဘ႐ိုက္တန္ပြဲကေန ေဆာက္သမ္တန္နဲ႔ပြဲေတြကလို ဂိုးစေပးခဲ့ရၿပီးမွ ေနာက္က လိုက္ကစားရင္း အႏိုင္ယူခဲ့ရတာေပမယ့္ ဒါက အသင္းရဲ႕ Trade Mark လိုလည္းျဖစ္ေနလို႔ ဂုဏ္ငယ္စရာေတာ့ သိပ္မရွိခဲ့ပါဘူး။

ေနာက္ကေန လိုက္ၾကမ္းတဲ့ ႏိုင္ပြဲဆာေလာင္မႈ
ဒီေန႔ပြဲဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ သူတို႔ရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ဘယ္ေလာက္ၾကမ္းရမ္းထားတယ္ဆိုတာ ျပသခဲ့တဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ၿပီး ဂိုးေပးရၿပီးမွ ေနာက္ကေန လိုက္ၿပီးအႏိုင္ယူခဲ့တဲ့ ၉၄ ပြဲေျမာက္ျဖစ္ခဲ့တာပါ။ သူတို႔ကို Come Back Specialist ေတြလို႔ ေခၚဖို႔ေကာင္းေနတာလည္းျဖစ္ၿပီး လိုအပ္တဲ့ အခ်ိန္ေတြမွာ ညႇစ္ထုတ္တတ္တဲ့ ႐ုန္းအားနဲ႔ အေတြ႕အႀကဳံရင့္ ကစားသမားေတြက ဒီလိုလုပ္ႏိုင္ဖို႔ အဓိကက်ခဲ့ပါတယ္။

ေမွာ္ဆရာ ေပါ့ဘာရဲ႕ ေနာက္ထပ္အခန္းက႑ေပါ့ဘာကေတာ့ ကြင္းလယ္ကေန ေရွ႕တက္ကစားၿပီး လီဗာပူးလ္နဲ႔ပြဲမွာ ေတာ္ေတာ္ေလး အႏၲရာယ္ေပးႏိုင္ခဲ့ေပမယ့္ ဂိုးမရတဲ့ ပုံစံကို ဒီေန႔မွာ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ပြဲမွာ ညာျခမ္းကေန ညာနဲ႔ကန္ေနတဲ့ ပုံစံကို ဒီေန႔မွာ သူ႔ရဲ႕ သိပ္ၿပီး အားမနည္းလွတဲ့ ဘယ္ေျခနဲ႔ ကန္ဖို႔ ေျပာင္းလဲႀကိဳးစားခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာ အဖိုးတန္အႏိုင္ဂိုးကို Game Changer အျဖစ္ သြင္းယူႏိုင္ခဲ့တာပါ။

ကာဗာနီရဲ႕ မေမာမပန္း ကစားဟန္အသက္ ၃၃ ႏွစ္သားႀကီးအေနနဲ႔ ေ႐ြ႕လ်ားေနရာယူပုံေတြက ထုံးစံအတိုင္း ေကာင္းမြန္ဆဲျဖစ္ၿပီး ပိုၿပီး အံ့ၾသစရာကေတာ့ ပြဲၿပီးခ်ိန္အထိ အနားမယူဘဲ ေျပးလႊားေနခဲ့တာပါ။ ဂိုးေရွ႕မွာ သူ႔ေၾကာင့္ ေနရာလြတ္ေတြ ပိုရလာခဲ့သလို နည္းျပ ဆိုးလ္ရွားအတြက္ ေ႐ြးခ်ယ္စရာေတြ ပိုမ်ားလာခဲ့ၿပီး ေက်နပ္စရာျဖစ္ခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ကေတာ့ သူ႔ကို ေပးမလို ကန္မလို အလုပ္မျဖစ္တဲ့ ေဘာလုံးဆြဲေျပးမႈနဲ႔ ႏွစ္ပြဲဆက္ စိတ္ပ်က္ေစခဲ့တာကေတာ့ အားနာစရာလည္းျဖစ္ပါတယ္။

ေတာအိမ္ထဲက ပါကားရဲ႕ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္
Cottagers ေတာအိမ္သားေတြလို႔ အမည္ရွိတဲ့ ဖူလ္ဟမ္တို႔ကေတာ့ သူတို႔ေတြရဲ႕ ဒီရာသီ အားနည္းခ်က္ျဖစ္တဲ့ တိုက္စစ္ကို ျပင္ဆင္ႏိုင္ခဲ့ၿပီး စပါးစ္နဲ႔ ယူႏိုက္တက္တို႔လို အသင္းႀကီးေတြကိုပါ ဂိုးသြင္းႏိုင္ခဲ့တာကေတာ့ ႀကီးမားတဲ့ ေျပာင္းလဲတိုးတက္မႈျဖစ္ပါတယ္။ လာမယ့္ပြဲေတြမွာ အသင္းငယ္ခ်င္း ဆုံခဲ့ရင္ေတာ့ စေကာ့ ပါကားရဲ႕ လမ္းၫႊန္မႈနဲ႔ ႐ုန္းအားက သူတို႔ကို တန္းဆင္းဇုန္ထဲက ျပန္လည္႐ုန္းထြက္ႏိုင္ေစမယ့္ ေမွ်ာ္လင့္ခ်က္လည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.