Premier League

21 Jan နံနက်ခင်း နောက်ဆုံးရမန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က လွန်ခဲ့တဲ့နှစ်က မန်ချက်စတာယူနိုက်တက်မှာ ဘရူနိုဖာနန်ဒက်စ် ပြသနိုင်မယ်လို့ မျှော်မှန်းထားခဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး မှားယွင်းခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး လူအများထင်သလိုပဲ အသင်းကို ရောက်လာပြီး တစ်သင်းလုံးကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး ထင်ခဲ့ပေမယ့် တစ်ဦးချင်းရော အသင်းလိုုက်ပါ အကောင်းဆုံးစွမ်းဆောင်ပေးရင်း အသင်းကို မြှင့်တင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဖူလ်ဟမ်အသင်းကို ပေါ့ဂ်ဘာရဲ့ သွင်းဂိုးကြောင့် ၂-၁ နဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ လှုပ်နှိုးဖို့ လိုအပ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အချိန်ခဏလေးအတွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့တာက မလွယ်ကူခဲ့ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကာဗာနီကို ချီးကျူးစကားပြောကြားခဲ့ပေမယ့်လည်း ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကို စိတ်ပျက်ခဲ့တဲ့အချိန်တွေလည်း ရှိတယ်လို့ ဝန်ခံခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ မယုံကြည်နိုင်ဖွယ် လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အန္တရာယ်ပေးနိုင်တဲ့နေရာကနေ တောင်ပံထွက်ကစားတာကို စိတ်ပျက်ခဲ့တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် နောက်ခံကစားသမား ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ကို အမှတ်ပေးဇယားထိပ်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကို ချီးကျူးစကား ပြောကြားခဲ့ပြီး အရင်ပွဲတွေတုန်းကနဲ့ ကြီးမားတဲ့ ကွာဟချက်က လျင်လျင်မြန်မြန် ကစားလာတာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ကွင်းလယ်မှာ အတူတူ တွဲကစားလို့ ရနိုင်တယ်ဆိုတာကို ပြသခဲ့တယ်လို့ ပြောကြားခဲ့။

-အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင် ကီယွန်က ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ချေပဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီကို သားရဲတစ်ကောင်လို့ ချီးကျူးပြောကြားခဲ့ပြီး ဥရုဂွေးကြယ်ပွင့်ဟာ အခွင့်အရေးကို စောင့်ဆိုင်းပြီးနောက် အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူနိုင်တဲ့ ထိပ်တန်းကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့။

-အင်္ဂလန်ဂန္တဝင် တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်အငှားကစားသမား လွတ်ခ်မန်းရဲ့ အဆုံးသတ်ကို အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပြီး လွတ်ခ်မန်းဟာ ဖူလ်ဟမ်အသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုး (သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်) ပါဝင်ပတ်သက်ထားသူဖြစ်ပြီး အသင်းဖော်တွေအားလုံးထက် ပိုမိုပါဝင်ပတ်သက်ထားသူဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးကို သွင်းယူပေးပြီးနောက် အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ချီးကျူးခဲ့ပြီး မိမိ ကစားသမားဘဝတုန်းက ဘယ်ခြေနဲ့ ဂိုးပေါင်းများစွာ သွင်းယူခဲ့ဖူးပေမယ့်လည်း ၂၅ ကိုက်အကွာကနေ အပေါ်ထောင့်ထဲကို ကန်သွင်းခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ဂိုးလောက်တော့ မကောင်းခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်တစ်အကြိမ် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး အနိုင်ဂိုးကို သွင်းယူခဲ့ပေမယ့် ဘယ်ခြေနဲ့ ဒီလောက် လှပတဲ့သွင်းဂိုးနဲ့ လှပတဲ့ နိုင်ပွဲကို ရရှိခဲ့မယ်လို့ မမျှော်မှန်းထားခဲ့ဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က လြန္ခဲ့တဲ့ႏွစ္က မန္ခ်က္စတာယူနိုက္တက္မွာ ဘ႐ူနိုဖာနန္ဒက္စ္ ျပသနိုင္မယ္လို႔ ေမၽွာ္မွန္းထားခဲ့ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး မွားယြင္းခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး လူအမ်ားထင္သလိုပဲ အသင္းကို ေရာက္လာၿပီး တစ္သင္းလုံးကို ေျပာင္းလဲနိုင္မွာမဟုတ္ဘူး ထင္ခဲ့ေပမယ့္ တစ္ဦးခ်င္းေရာ အသင္းလိုုက္ပါ အေကာင္းဆုံးစြမ္းေဆာင္ေပးရင္း အသင္းကို ျမႇင့္တင္နိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ဖူလ္ဟမ္အသင္းကို ေပါ့ဂ္ဘာရဲ့ သြင္းဂိုးေၾကာင့္ ၂-၁ နဲ႔ အနိုင္ရရွိၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္နိုင္ခဲ့တဲ့ပြဲအၿပီးမွာ အသင္းအေနနဲ႔ လႈပ္ႏွိုးဖို႔ လိုအပ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အခ်ိန္ခဏေလးအတြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာက မလြယ္ကူခဲ့ဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာဆိုးလ္ရွားက ဖူလ္ဟမ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ကာဗာနီကို ခ်ီးက်ဴးစကားေျပာၾကားခဲ့ေပမယ့္လည္း ဥ႐ုေဂြးလက္ေရြးစင္တိုက္စစ္မႉးကို စိတ္ပ်က္ခဲ့တဲ့အခ်ိန္ေတြလည္း ရွိတယ္လို႔ ဝန္ခံခဲ့ၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာ မယုံၾကည္နိုင္ဖြယ္ လႈပ္ရွားမႈေတြ ျပဳလုပ္နိုင္ခဲ့ေပမယ့္လည္း အႏၲရာယ္ေပးနိုင္တဲ့ေနရာကေန ေတာင္ပံထြက္ကစားတာကို စိတ္ပ်က္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ေနာက္ခံကစားသမား ရီယို ဖာဒီနန္က မန္ခ်က္စတာယူနိုက္တက္ကို အမွတ္ေပးဇယားထိပ္ဆုံး ျပန္လည္ပို႔ေဆာင္ေပးနိုင္ခဲ့တဲ့ ေပါ့ဂ္ဘာကို ခ်ီးက်ဴးစကား ေျပာၾကားခဲ့ၿပီး အရင္ပြဲေတြတုန္းကနဲ႔ ႀကီးမားတဲ့ ကြာဟခ်က္က လ်င္လ်င္ျမန္ျမန္ ကစားလာတာျဖစ္ၿပီး ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ ကြင္းလယ္မွာ အတူတူ တြဲကစားလို႔ ရနိုင္တယ္ဆိုတာကို ျပသခဲ့တယ္လို႔ ေျပာၾကားခဲ့။

-အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ ကီယြန္က ဖူလ္ဟမ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေခ်ပဂိုး သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး ကာဗာနီကို သားရဲတစ္ေကာင္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ဥ႐ုေဂြးၾကယ္ပြင့္ဟာ အခြင့္အေရးကို ေစာင့္ဆိုင္းၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ဂိုးသြင္းယူနိုင္တဲ့ ထိပ္တန္းကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-အဂၤလန္ဂႏၲဝင္ တိုက္စစ္မႉး ဂယ္ရီ လိုင္နီကာဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို အဖြင့္ဂိုး သြင္းယူနိုင္ခဲ့တဲ့ လိုက္ပ္ဇစ္အငွားကစားသမား လြတ္ခ္မန္းရဲ့ အဆုံးသတ္ကို အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး လြတ္ခ္မန္းဟာ ဖူလ္ဟမ္အသင္းအတြက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၆ ဂိုး (သြင္းဂိုး ၃ ဂိုး၊ ဂိုးဖန္တီးမႈ ၃ ႀကိမ္) ပါဝင္ပတ္သက္ထားသူျဖစ္ၿပီး အသင္းေဖာ္ေတြအားလုံးထက္ ပိုမိုပါဝင္ပတ္သက္ထားသူျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားက ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ အနိုင္ဂိုးကို သြင္းယူေပးၿပီးေနာက္ အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္တက္ေရာက္နိုင္ေအာင္ ကူညီေပးခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကို ခ်ီးက်ဴးခဲ့ၿပီး မိမိ ကစားသမားဘဝတုန္းက ဘယ္ေျခနဲ႔ ဂိုးေပါင္းမ်ားစြာ သြင္းယူခဲ့ဖူးေပမယ့္လည္း ၂၅ ကိုက္အကြာကေန အေပၚေထာင့္ထဲကို ကန္သြင္းခဲ့တဲ့ ေပါ့ဂ္ဘာရဲ့ ဂိုးေလာက္ေတာ့ မေကာင္းခဲ့ဘူးလို႔ ဝန္ခံေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ ေနာက္ထပ္တစ္အႀကိမ္ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းၿပီး အနိုင္ဂိုးကို သြင္းယူခဲ့ေပမယ့္ ဘယ္ေျခနဲ႔ ဒီေလာက္ လွပတဲ့သြင္းဂိုးနဲ႔ လွပတဲ့ နိုင္ပြဲကို ရရွိခဲ့မယ္လို႔ မေမၽွာ္မွန္းထားခဲ့ဘူးလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.