Match Report Premier League

အိမ်ကွင်းမှာ ဗီလာကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် အခြေအနေပိုကောင်းလာတဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ တိုက်စစ်မှူးစစ်စစ် မပါဘဲ ထပ်မံပွဲထွက်လာခဲ့ပြီး ခြေစွမ်းပြနေတဲ့ ဖိုဒန်နဲ့ ဂွန်ဒိုးဝမ်ကို ဆက်လက် ထည့်သွင်းခဲ့သလို အက်စတန်ဗီလာတို့ကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းမှာ ကွင်းလယ်လူ ဘာကလီ ပြန်ပါလာခဲ့ပြီး အိမ်ရှင်တို့ကို ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ ဖိကစားပြီး ဗီလာတို့ကတော့ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားခဲ့သလို ပွဲက စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး အိမ်ရှင်တို့ရဲ့ခြေစွမ်းပြနေတဲ့ ဖိုဒန်နဲ့ ရိုဒရီတို့ရဲ့ ကန်သွင်းမှုတွေကို ဧည့်သည်တွေ ကာကွယ်နေခဲ့ရသလို ဂရီးလစ်ရှ်နဲ့ ဘာကလီတို့ကလည်း အီဒါဆန်ကို ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စီးတီးတို့ ထိုးဖောက်မှုတွေက ပိုစိပ်လာခဲ့သလို နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ဂိုးတွေ ရနေခဲ့တဲ့ ဂွန်ဒိုးဝမ်ရဲ့ ဒိန်းဂျားတွေ လုပ်ပြတာကို ဗီလာတို့ တော်တော်လေး ထိန်းချုပ်ခဲ့ရချိန်မှာ တောင်ပံကစားသမား ထရာအိုရေးကတော့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ထိုးဖောက်မှုမှာ အဆုံးသတ်ကန်သွင်းချက် ပျော့နေခဲ့လို့ ဂိုးရဖို့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဒီဘရိုင်းနားအစား ဂျေဆူးစ်ကို ထည့်သွင်းလိုက်ချိန်မှာ အိမ်ရှင်တိုက်စစ်က ပိုမိုထက်မြက်လာခဲ့ပြီး ဖိကစားခဲ့ပေမယ့် ဒင်းန် စမစ်ရဲ့ အသင်းကလည်း ချီးကျူးစရာပုံစံနဲ့ တုံ့ပြန်သွားခဲ့ပြီး ခံစစ်က ဖျက်ထုတ်နိုင်သလို ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ကလည်း ၆ မိနစ် အတွင်းမှာ အီဒါဆန်နဲ့ စီးတီးနောက်တန်းကို သုံးကြိမ် ခြိမ်းခြောက်ကန်သွင်းခဲ့ပါတယ်။

ဖြတ်တင်ဘောတွေကို နှစ်ဖက်နောက်တန်းတွေ အသည်းအသန်ကာကွယ်ခဲ့ရပြီး Own Goal ပေးဖို့တောင် နီးစပ်ခဲ့ကြတဲ့အထိ အန္တရာယ် များခဲ့ကြချိန်မှာ ကံကောင်းခဲ့သူကတော့ အိမ်ရှင်တွေဖြစ်ပြီး ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်ရဲ့ အမှားကနေ ဘောလုံးရသွားခဲ့တဲ့ ရိုဒရီရဲ့ ဖန်တီးမှုကို ဘာနာဒို ဆေးလ်ဗားက တစ်ဖက်ကစားသမား ၃ ယောက်ကြားကနေ အဝေးတိုင်ကို လှမ်းကန်ပြီး ပွဲချိန် ၇၉ မိနစ်မှာ စီးတီးတို့ အဖွင့်ဂိုးရခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာတော့ မာရက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဂျေဆူးစ် ခေါင်းတိုက်ရာမှာ နောက်ခံလူ မက်တီ ကတ်ရှ်ရဲ့ မြှောက်ထားတဲ့ လက်နဲ့ ထိသွားခဲ့လို့ စီးတီးတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဒါကိုတော့ အရင်က ပင်နယ်တီကန်သွင်းသူဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်က အမှားအယွင်းမရှိ ကန်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်သေချာစေခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ စီးတီးတို့ကတော့ ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ချန်ပီယံဆုနဲ့ ထိပ်ဆုံးနေရာအတွက် တစ်ပွဲပိုကစားထားတဲ့ မြို့ခံပြိုင်ဘက်နဲ့ လီဗာပူးလ်အသင်းတွေကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့သလို ကစားရခက်တဲ့ ဗီလာကို အိမ်ကွင်းမှာ ချန်ပီယံအသင်းတစ်သင်းရဲ့ ပုံစံကို ပြသနိုင်ခဲ့ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ တိုက္စစ္မႉးစစ္စစ္ မပါဘဲ ထပ္မံပြဲထြက္လာခဲ့ၿပီး ေျခစြမ္းျပေနတဲ့ ဖိုဒန္နဲ႔ ဂြန္ဒိုးဝမ္ကို ဆက္လက္ ထည့္သြင္းခဲ့သလို အက္စတန္ဗီလာတို႔ကေတာ့ သူတို႔ရဲ႕ အေတာင့္တင္းဆုံး လူစာရင္းမွာ ကြင္းလယ္လူ ဘာကလီ ျပန္ပါလာခဲ့ၿပီး အိမ္ရွင္တို႔ကို ေကာင္းေကာင္းယွဥ္ကစားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ မန္စီးတီးတို႔ ဖိကစားၿပီး ဗီလာတို႔ကေတာ့ သူတို႔ရဲ႕ အားသာခ်က္ျဖစ္တဲ့ လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ ကစားသြားခဲ့သလို ပြဲက စိတ္လႈပ္ရွားစရာျဖစ္ခဲ့ၿပီး အိမ္ရွင္တို႔ရဲ႕ေျခစြမ္းျပေနတဲ့ ဖိုဒန္နဲ႔ ႐ိုဒရီတို႔ရဲ႕ ကန္သြင္းမႈေတြကို ဧည့္သည္ေတြ ကာကြယ္ေနခဲ့ရသလို ဂရီးလစ္ရွ္နဲ႔ ဘာကလီတို႔ကလည္း အီဒါဆန္ကို ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စီးတီးတို႔ ထိုးေဖာက္မႈေတြက ပိုစိပ္လာခဲ့သလို ေနာက္ပိုင္းပြဲေတြမွာ ဆက္တိုက္ဂိုးေတြ ရေနခဲ့တဲ့ ဂြန္ဒိုးဝမ္ရဲ႕ ဒိန္းဂ်ားေတြ လုပ္ျပတာကို ဗီလာတို႔ ေတာ္ေတာ္ေလး ထိန္းခ်ဳပ္ခဲ့ရခ်ိန္မွာ ေတာင္ပံကစားသမား ထရာအိုေရးကေတာ့ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ထိုးေဖာက္မႈမွာ အဆုံးသတ္ကန္သြင္းခ်က္ ေပ်ာ့ေနခဲ့လို႔ ဂိုးရဖို႔ လြဲေခ်ာ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားအစား ေဂ်ဆူးစ္ကို ထည့္သြင္းလိုက္ခ်ိန္မွာ အိမ္ရွင္တိုက္စစ္က ပိုမိုထက္ျမက္လာခဲ့ၿပီး ဖိကစားခဲ့ေပမယ့္ ဒင္းန္ စမစ္ရဲ႕ အသင္းကလည္း ခ်ီးက်ဴးစရာပုံစံနဲ႔ တုံ႔ျပန္သြားခဲ့ၿပီး ခံစစ္က ဖ်က္ထုတ္ႏိုင္သလို ကြင္းလယ္လူ ေဒါက္ဂလပ္ လူးဝစ္ဇ္ကလည္း ၆ မိနစ္ အတြင္းမွာ အီဒါဆန္နဲ႔ စီးတီးေနာက္တန္းကို သုံးႀကိမ္ ၿခိမ္းေျခာက္ကန္သြင္းခဲ့ပါတယ္။

ျဖတ္တင္ေဘာေတြကို ႏွစ္ဖက္ေနာက္တန္းေတြ အသည္းအသန္ကာကြယ္ခဲ့ရၿပီး Own Goal ေပးဖို႔ေတာင္ နီးစပ္ခဲ့ၾကတဲ့အထိ အႏၲရာယ္ မ်ားခဲ့ၾကခ်ိန္မွာ ကံေကာင္းခဲ့သူကေတာ့ အိမ္ရွင္ေတြျဖစ္ၿပီး ဗီလာေနာက္ခံလူ တိုင္႐ုန္းမင္းစ္ရဲ႕ အမွားကေန ေဘာလုံးရသြားခဲ့တဲ့ ႐ိုဒရီရဲ႕ ဖန္တီးမႈကို ဘာနာဒို ေဆးလ္ဗားက တစ္ဖက္ကစားသမား ၃ ေယာက္ၾကားကေန အေဝးတိုင္ကို လွမ္းကန္ၿပီး ပြဲခ်ိန္ ၇၉ မိနစ္မွာ စီးတီးတို႔ အဖြင့္ဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၉၀ မွာေတာ့ မာရက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို ေဂ်ဆူးစ္ ေခါင္းတိုက္ရာမွာ ေနာက္ခံလူ မက္တီ ကတ္ရွ္ရဲ႕ ေျမႇာက္ထားတဲ့ လက္နဲ႔ ထိသြားခဲ့လို႔ စီးတီးတို႔ ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး ဒါကိုေတာ့ အရင္က ပင္နယ္တီကန္သြင္းသူျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ေသခ်ာေစခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ စီးတီးတို႔ကေတာ့ ရမွတ္ ၃၈ မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို ဆုပ္ကိုင္ႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုနဲ႔ ထိပ္ဆုံးေနရာအတြက္ တစ္ပြဲပိုကစားထားတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ လီဗာပူးလ္အသင္းေတြကို အေကာင္းဆုံး ဖိအားေပးႏိုင္ခဲ့သလို ကစားရခက္တဲ့ ဗီလာကို အိမ္ကြင္းမွာ ခ်န္ပီယံအသင္းတစ္သင္းရဲ႕ ပုံစံကို ျပသႏိုင္ခဲ့ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.