Premier League Transfer News

ဂိုးသမားတွေ ဆေးထိုးကြမ်းခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ဆီယာရာလီယွန်တို့ရဲ့ ခပ်လွဲလွဲ သရေပွဲ

အိုင်ဗရီကို့စ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ကစားသမားကောင်းတွေဖြစ်ကြတဲ့ ပေပေ၊ ဇာဟာနဲ့ အဲလားတို့ နာမည်ကြီးတိုက်စစ်ကို အော်ရီယေး၊ ဘိုင်လီတို့ရဲ့ ခံစစ်၊ ကက်ဆီယေး၊ အီဘရာဟီမာ ဆန်ဂါရေး၊ ဆယ်ရီတို့ရဲ့ ဥရောပ အတွေ့အကြုံရင့် ကွင်းလယ်နဲ့ နောက်ကနေ ပံ့ပိုးပေးလာခဲ့ပြီး နည်းပြ ဘိုမယ်ရ်အနေနဲ့ အုပ်စုက တစ်ခါတည်းတက်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဆီယာရာလီယွန်ကတော့ စပါးစ်နဲ့ ကျူပီအာ ကစားသမားဟောင်း စတီဗင် ကော်လ်ကာ ဦးဆောင်လာခဲ့ပြီး အင်္ဂလန် ယူ-၂၁ နဲ့ အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ နောက်ခံလူအနေနဲ့ ဒီအောက်တိုဘာမှာ အာဖရိကသားအဖြစ် ပြောင်းလဲခံယူခဲ့တာဖြစ်သလို နာမည်ကြီးကစားသမား နည်းပါးတဲ့ နိုင်ငံငယ်လေးအတွက်တော့ ကြီးမားတဲ့ အင်အားလည်းဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာ ဘယ်ခြမ်းကနေ ဂိုးဧရိယာထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား ဇာဟာရဲ့ လှည့်စားမှုကို ဆီယာရာလီယွန်နောက်ခံလူ ဘန်ဂူရာ နားမလည်ဘဲ ဖျက်ထုတ်မိတာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒါကို အေစီမီလန်ရဲ့ ကက်ဆီယေးက ခပ်ဖြည်းဖြည်းပဲ လှမ်းပြီး ကန်သွင်းခဲ့ပေမယ့် တစ်ဖက်ဂိုးသမား မိုဟာမက် ကာမာရာက မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်နိုင်ခဲ့တာကြောင့် အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၅ မိနစ်မှာ အိုင်ဗရီကို့စ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ ဇာဟာ ခင်းပေးခဲ့တာကို အဲလားက ဆီယာရာလီယွန် နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး ကန်သွင်းခဲ့ရာမှာ ပင်နယ်တီကာသွားခဲ့တဲ့ ဂိုးသမား မိုဟာမက် ကာမာရာ ဘယ်လိုတွေတောင် ဖြစ်ခဲ့တာလဲလို့ မေးစရာ အနေအထားနဲ့ ဘောလုံးကို စောင့်ဖမ်းရမယ့်အစား ဆန့်ကျင်ဘက်ဆီ ရှောင်ထွက်ပေးသလိုဖြစ်ခဲ့ပြီး ရယ်စရာပုံစံနဲ့ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာတော့ ဆီယာရာလီယွန်တို့ရဲ့ အခွင့်အရေးနှစ်ကြိမ်လောက်ကို အိုင်ဗရီကို့စ်ဂိုးသမား အလီ ဆန်ဂါရေး ကာကွယ်သွားနိုင်ခဲ့လို့ နာမည်ကြီး ဆင်ကြီးတွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပေပေနဲ့ ဇာဟာတို့ ဦးဆောင်တဲ့ တိုက်စစ်ကပဲ ပွဲကို စိုးမိုးပြီး ဖိကစားနေခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဆီယာရာလီယွန်တို့ ပြန်လည်ချေပသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ တူရေးရဲ့ ပေးပို့မှုကို တိုက်စစ်မှူး မူဆာ ကာမာရာက မန်ယူနောက်ခံလူ ဘိုင်လီကို တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား အလီ ဆန်ဂါရေး ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အိုင်ဗရီကို့စ်တို့ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ အတွင်းကို ထိုးဖောက်လာခဲ့ရာမှာ ကွင်းလယ်လူ ဆန်ဂါရေးက ညာခြမ်းကို ထပ်မံချပေးခဲ့တာကို အာဆင်နယ်တောင်ပံကစားသမား ပေပေက ဂိုးဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ အိုင်ဗရီကို့စ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ပြီလို့ ထင်ခဲ့ကြပေမယ့် နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘိုင်လီနေရာမှာ ဝင်ကစားခဲ့တဲ့ နောက်ခံလူ ကော့ဆူးနူးက ခေါင်းတိုက်ပေးတာကို ဂိုးသမား အလီ ဆန်ဂါရေး ဖမ်းယူခဲ့ရာမှာ မြေပြင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး လက်ထဲက ဘောလုံးလွတ်ကျခဲ့ရာမှာ တိုက်စစ်ကို လိုက်ပါလာတဲ့ ကော်လ်ကာက အတွင်းကို ပြန်ချိုးပေးတာကို တိုက်စစ်မှူး အယ်လ်ဟတ်ဂျီ ကာမာရာက ပိတ်သွင်းသွားခဲ့လို့ နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။

လက်ကျန် မိနစ်အနည်းငယ်ကိုတော့ ညာနောက်ခံလူ အော်ရီယေးက ဂိုးသမားအဖြစ် အင်္ကျီယူဝတ်ပြီး ကစားခဲ့ရသလို နှစ်ဂိုးစီ သရေကျခဲ့တဲ့ ဒီနေ့ပွဲကတော့ ငိုရမလား ရယ်ရမလားတောင် မသိရတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ခဲ့ရပြီး အာဖရိကဖလားသမိုင်းတစ်လျှောက်မှာ ထူးအိမ်သင်ရဲ့ လွဲလွဲလေးလည်း ကောင်းပါတယ်ဆိုသလိုပဲ ပြောရမယ့်အတိုင်းဖြစ်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နှစ်ပွဲကစားအပြီးမှာ အုပ်စု(E)ကနေ တစ်ခါတည်း နောက်တစ်ဆင့်တက်ခွင့်ရမယ့် အိုင်ဗရီကို့စ်တို့ တားဆီးခံခဲ့ရပေမယ့် အနည်းဆုံး အုပ်စု ဒုတိယနဲ့ အကောင်းဆုံး တတိယနေရာကနေ သွားရောက်ခွင့်ကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပြီး ဆီရာယာလီယွန်တို့ကတော့ အီကွေတိုရီယယ် ဂီနီကိုသာ လာမယ့်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုဗိုလ်ဖြစ်နိုင်တဲ့ အနေအထားကို ရောက်သွားခဲ့သလို နောက်ဆုံးပွဲမှာ ရုန်းကန်မယ့် လက်ရှိ ချန်ပီယံ အယ်လ်ဂျီးရီးယားတို့ရဲ့ ရုန်းအားကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုင္ဗရီကို႔စ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ကစားသမားေကာင္းေတြျဖစ္ၾကတဲ့ ေပေပ၊ ဇာဟာနဲ႔ အဲလားတို႔ နာမည္ႀကီးတိုက္စစ္ကို ေအာ္ရီေယး၊ ဘိုင္လီတို႔ရဲ႕ ခံစစ္၊ ကက္ဆီေယး၊ အီဘရာဟီမာ ဆန္ဂါေရး၊ ဆယ္ရီတို႔ရဲ႕ ဥေရာပ အေတြ႕အႀကဳံရင့္ ကြင္းလယ္နဲ႔ ေနာက္ကေန ပံ့ပိုးေပးလာခဲ့ၿပီး နည္းျပ ဘိုမယ္ရ္အေနနဲ႔ အုပ္စုက တစ္ခါတည္းတက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ဆီယာရာလီယြန္ကေတာ့ စပါးစ္နဲ႔ က်ဴပီအာ ကစားသမားေဟာင္း စတီဗင္ ေကာ္လ္ကာ ဦးေဆာင္လာခဲ့ၿပီး အဂၤလန္ ယူ-၂၁ နဲ႔ အသင္းႀကီးေတြမွာ ကစားခဲ့ဖူးတဲ့ ေနာက္ခံလူအေနနဲ႔ ဒီေအာက္တိုဘာမွာ အာဖရိကသားအျဖစ္ ေျပာင္းလဲခံယူခဲ့တာျဖစ္သလို နာမည္ႀကီးကစားသမား နည္းပါးတဲ့ ႏိုင္ငံငယ္ေလးအတြက္ေတာ့ ႀကီးမားတဲ့ အင္အားလည္းျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဘယ္ျခမ္းကေန ဂိုးဧရိယာထဲ ထိုးေဖာက္ဝင္ေရာက္လာခဲ့တဲ့ အိုင္ဗရီကို႔စ္ ေတာင္ပံကစားသမား ဇာဟာရဲ႕ လွည့္စားမႈကို ဆီယာရာလီယြန္ေနာက္ခံလူ ဘန္ဂူရာ နားမလည္ဘဲ ဖ်က္ထုတ္မိတာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒါကို ေအစီမီလန္ရဲ႕ ကက္ဆီေယးက ခပ္ျဖည္းျဖည္းပဲ လွမ္းၿပီး ကန္သြင္းခဲ့ေပမယ့္ တစ္ဖက္ဂိုးသမား မိုဟာမက္ ကာမာရာက မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၅ မိနစ္မွာ အိုင္ဗရီကို႔စ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေန ဇာဟာ ခင္းေပးခဲ့တာကို အဲလားက ဆီယာရာလီယြန္ ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေျပးထြက္ၿပီး ကန္သြင္းခဲ့ရာမွာ ပင္နယ္တီကာသြားခဲ့တဲ့ ဂိုးသမား မိုဟာမက္ ကာမာရာ ဘယ္လိုေတြေတာင္ ျဖစ္ခဲ့တာလဲလို႔ ေမးစရာ အေနအထားနဲ႔ ေဘာလုံးကို ေစာင့္ဖမ္းရမယ့္အစား ဆန႔္က်င္ဘက္ဆီ ေရွာင္ထြက္ေပးသလိုျဖစ္ခဲ့ၿပီး ရယ္စရာပုံစံနဲ႔ ဂိုးေပးခဲ့ရတာပါ။

ပထမပိုင္းမွာေတာ့ ဆီယာရာလီယြန္တို႔ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ကို အိုင္ဗရီကို႔စ္ဂိုးသမား အလီ ဆန္ဂါေရး ကာကြယ္သြားႏိုင္ခဲ့လို႔ နာမည္ႀကီး ဆင္ႀကီးေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေပေပနဲ႔ ဇာဟာတို႔ ဦးေဆာင္တဲ့ တိုက္စစ္ကပဲ ပြဲကို စိုးမိုးၿပီး ဖိကစားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဆီယာရာလီယြန္တို႔ ျပန္လည္ေခ်ပသြားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ တူေရးရဲ႕ ေပးပို႔မႈကို တိုက္စစ္မႉး မူဆာ ကာမာရာက မန္ယူေနာက္ခံလူ ဘိုင္လီကို တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား အလီ ဆန္ဂါေရး ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အိုင္ဗရီကို႔စ္တို႔ ေနာက္တစ္ႀကိမ္ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန အတြင္းကို ထိုးေဖာက္လာခဲ့ရာမွာ ကြင္းလယ္လူ ဆန္ဂါေရးက ညာျခမ္းကို ထပ္မံခ်ေပးခဲ့တာကို အာဆင္နယ္ေတာင္ပံကစားသမား ေပေပက ဂိုးဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ ျပည့္တဲ့အထိ အိုင္ဗရီကို႔စ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီး ႏိုင္ပြဲရယူႏိုင္ၿပီလို႔ ထင္ခဲ့ၾကေပမယ့္ နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘိုင္လီေနရာမွာ ဝင္ကစားခဲ့တဲ့ ေနာက္ခံလူ ေကာ့ဆူးႏူးက ေခါင္းတိုက္ေပးတာကို ဂိုးသမား အလီ ဆန္ဂါေရး ဖမ္းယူခဲ့ရာမွာ ေျမျပင္နဲ႔ ေခါင္းနဲ႔ ေဆာင့္ၿပီး လက္ထဲက ေဘာလုံးလြတ္က်ခဲ့ရာမွာ တိုက္စစ္ကို လိုက္ပါလာတဲ့ ေကာ္လ္ကာက အတြင္းကို ျပန္ခ်ိဳးေပးတာကို တိုက္စစ္မႉး အယ္လ္ဟတ္ဂ်ီ ကာမာရာက ပိတ္သြင္းသြားခဲ့လို႔ ႏွစ္ဂိုးစီ သေရက်သြားခဲ့ပါတယ္။

လက္က်န္ မိနစ္အနည္းငယ္ကိုေတာ့ ညာေနာက္ခံလူ ေအာ္ရီေယးက ဂိုးသမားအျဖစ္ အက်ႌယူဝတ္ၿပီး ကစားခဲ့ရသလို ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ ဒီေန႔ပြဲကေတာ့ ငိုရမလား ရယ္ရမလားေတာင္ မသိရတဲ့ အခိုက္အတန႔္ေတြကို ႀကဳံေတြ႕ခဲ့ရၿပီး အာဖရိကဖလားသမိုင္းတစ္ေလွ်ာက္မွာ ထူးအိမ္သင္ရဲ႕ လြဲလြဲေလးလည္း ေကာင္းပါတယ္ဆိုသလိုပဲ ေျပာရမယ့္အတိုင္းျဖစ္ခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ ႏွစ္ပြဲကစားအၿပီးမွာ အုပ္စု(E)ကေန တစ္ခါတည္း ေနာက္တစ္ဆင့္တက္ခြင့္ရမယ့္ အိုင္ဗရီကို႔စ္တို႔ တားဆီးခံခဲ့ရေပမယ့္ အနည္းဆုံး အုပ္စု ဒုတိယနဲ႔ အေကာင္းဆုံး တတိယေနရာကေန သြားေရာက္ခြင့္ကိုေတာ့ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ဆီရာယာလီယြန္တို႔ကေတာ့ အီေကြတိုရီယယ္ ဂီနီကိုသာ လာမယ့္ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္ အုပ္စုဗိုလ္ျဖစ္ႏိုင္တဲ့ အေနအထားကို ေရာက္သြားခဲ့သလို ေနာက္ဆုံးပြဲမွာ ႐ုန္းကန္မယ့္ လက္ရွိ ခ်န္ပီယံ အယ္လ္ဂ်ီးရီးယားတို႔ရဲ႕ ႐ုန္းအားကိုလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.