Premier League

စာချုပ်သစ်အတွက် ကလော့ပ်ကို ဗိုင်နယ်လ်ဒွမ် အဖြေပေးခဲ့ပြီး စီးရီးအေကွင်းလယ်ကစားသမားကို ခေါ်ယူချင်နေတဲ့ လီဗာပူးလ်


လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မယ်လို့ သိရပါတယ်။


နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ယခုလာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နူးကမ့်ကို ပြောင်းရွှေ့ဖို့ကိစ္စဟာ ဖြစ်လာနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ ဒတ်ချ်ကစားသမားတွေကို ခေါ်ယူတတ်တဲ့ ဘာစီလိုနာရဲ့ အစဉ်အလာကြောင့် နူးကမ့်ကို ပြောင်းရွှေ့ဖို့များနေပြီး လက်ရွေးစင်နည်းပြဟောင်းဖြစ်ခဲ့တဲ့ ရော်နယ်ကိုးမန်းနဲ့လည်း ပြန်လည်လက်တွဲခွင့် ရရှိမှာလည်းဖြစ်ပါတယ်။

“ဘာစီလိုနာအသင်းက အမြဲတမ်းသူ့အတွက် ကြီးမားတဲ့စိတ်ဝင်စားမှုကို ပြသခဲ့တယ်။ အဲဒါက ရီးရဲမက်ဒရစ်အတွက် စပါးအသင်းကို ဂါရတ်ဘေးလ် စွန့်ခွာခဲ့တုန်းက အခြေအနေနဲ့ ဆင်တူနေပြီး အဲဒါက သူရဲ့ အဆုံးသတ်ပြောင်းရွှေ့ဖွယ်ရှိတဲ့နေရာပါ”လို့ သတင်းရင်းမြစ်တစ်ဦးက Daily Mirror ကို ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့တဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို အသင်းမှာ ဆက်နေချင်စိတ်ပေါ်လာအောင် စည်းရုံးဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ သီယာဂို အယ်လ်ကန်တာရာ ခေါ်ယူခဲ့ခြင်းက ကွင်းလယ်နေရာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုကို မြင့်တက်စေခဲ့တာကြောင့် ယခုနွေရာသီမှာ ဗိုင်နယ်လ်ဒွမ် အလွတ်နဲ့ ထွက်ခွာသွားခဲ့ရင်တောင်မှ ကွင်းလယ်အတွက် ရွေးချယ်စရာ အများအပြားရှိနေမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုလာမယ့်နွေရာသီမှာ ကွင်းလယ်ကြယ်ပွင့် ဗိုင်နယ်လ်ဒွမ်ကို ဆုံးရှုံးရဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်တာကြောင့် အူဒီးနီးစ်ကွင်းလယ်ကစားသမား ရိုဒရီဂို ဒီ ပေါလ်ကို ခေါ်ယူလိမ့်မယ်လို့ တစ်ကြိုပေးခြင်း ခံနေရပါတယ်။

Corriere dello Sport ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်ကစားကို ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ချင်နေတယ်လို့ သိရပါတယ်။ ဒီ ပေါလ်ဟာ လီဗာပူးလ်ကွင်းလယ်ကစားသမား ဗိုင်နယ်လ်ဒွမ်နဲ့ တော်တော်လေးကွဲပြားခြားနားတဲ့ ကစားသမားဖြစ်ပြီး ကျောနံပါတ် ၁ဝအဖြစ်နဲ့ တောင်ပံ ၂ ဖက်မှာ ကစားပေးနိုင်ကြောင်းကို လွန်ခဲ့တဲ့ ၅ နှစ်က အူဒီးနီးစ်ကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက လက်ရှိအချိန်အထိ သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူပြီး သက်သေပြသထားတာဖြစ်ပါတယ်။


ဗိုင်နယ်လ်ဒွမ်ဟာ အစားထိုးဖို့ ခက်ခဲတဲ့ ကစားသမားဖြစ်လာမှာဖြစ်ပေမယ့် အန်းဖီးမှာ ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်ကစားရတဲ့ အခန်းကဏ္ဍကို အယ်လ်ကန်တာရာက သက်တောင့်သက်သာ ဖြည့်ဆည်းပေးနိုင်ပြီး ကွင်းလယ်ကစားသမားသစ် ခေါ်ယူခြင်းက လီဗာပူးလ်ရဲ့ကွင်းလယ်အတွက် ကောင်းမွန်တဲ့ ဖြည့်စွက်မှု ဖြစ်လာနိုင်တာဖြစ်ပါတယ်။ ဒီပေါလ်ဟာ ကွင်းလယ်ဗဟိုတိုက်စစ်ကစားသမားစစ်စစ် တစ်ယောက်မှမရှိတဲ့ လီဗာပူးလ်အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ကလော့ပ်အနေနဲ့ ၄-၃-၃ နဲ့ အလုပ်မဖြစ်တဲ့အခါမှာ မတူညီတဲ့ ကစားကွက် ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ ဘာစီလိုနာအသင္းအတြက္ ကစားေပးဖို႔ ကေလးဘဝကတည္းက အိပ္မက္မက္ခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းရဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္လိမ့္မယ္လို႔ သိရပါတယ္။


နယ္သာလန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ယခုလာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ႏူးကမ့္ကို ေျပာင္းေရႊ႕ဖို႔ကိစၥဟာ ျဖစ္လာနိုင္ဖြယ္ရွိေနၿပီျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ ဒတ္ခ်္ကစားသမားေတြကို ေခၚယူတတ္တဲ့ ဘာစီလိုနာရဲ့ အစဥ္အလာေၾကာင့္ ႏူးကမ့္ကို ေျပာင္းေရႊ႕ဖို႔မ်ားေနၿပီး လက္ေရြးစင္နည္းျပေဟာင္းျဖစ္ခဲ့တဲ့ ေရာ္နယ္ကိုးမန္းနဲ႔လည္း ျပန္လည္လက္တြဲခြင့္ ရရွိမွာလည္းျဖစ္ပါတယ္။

“ဘာစီလိုနာအသင္းက အျမဲတမ္းသူ႔အတြက္ ႀကီးမားတဲ့စိတ္ဝင္စားမႈကို ျပသခဲ့တယ္။ အဲဒါက ရီးရဲမက္ဒရစ္အတြက္ စပါးအသင္းကို ဂါရတ္ေဘးလ္ စြန႔္ခြာခဲ့တုန္းက အေျခအေနနဲ႔ ဆင္တူေနၿပီး အဲဒါက သူရဲ့ အဆုံးသတ္ေျပာင္းေရႊ႕ဖြယ္ရွိတဲ့ေနရာပါ”လို႔ သတင္းရင္းျမစ္တစ္ဦးက Daily Mirror ကို ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ၂ ရာသီမွာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ ကူညီေပးခဲ့တဲ့ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို အသင္းမွာ ဆက္ေနခ်င္စိတ္ေပၚလာေအာင္ စည္း႐ုံးဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။


ဒါေပမယ့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ သီယာဂို အယ္လ္ကန္တာရာ ေခၚယူခဲ့ျခင္းက ကြင္းလယ္ေနရာ ပြဲထြက္ခြင့္အတြက္ ၿပိဳင္ဆိုင္မႈကို ျမင့္တက္ေစခဲ့တာေၾကာင့္ ယခုေႏြရာသီမွာ ဗိုင္နယ္လ္ဒြမ္ အလြတ္နဲ႔ ထြက္ခြာသြားခဲ့ရင္ေတာင္မွ ကြင္းလယ္အတြက္ ေရြးခ်ယ္စရာ အမ်ားအျပားရွိေနမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုလာမယ့္ေႏြရာသီမွာ ကြင္းလယ္ၾကယ္ပြင့္ ဗိုင္နယ္လ္ဒြမ္ကို ဆုံးရႈံးရဖို႔ ေသခ်ာသေလာက္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ အူဒီးနီးစ္ကြင္းလယ္ကစားသမား ရိုဒရီဂို ဒီ ေပါလ္ကို ေခၚယူလိမ့္မယ္လို႔ တစ္ႀကိဳေပးျခင္း ခံေနရပါတယ္။

Corriere dello Sport ရဲ့ ေဖာ္ျပခ်က္အရ လီဗာပူးလ္နည္းၿပ ယာဂင္ကေလာ့ပ္ဟာ အသက္ ၂၆ ႏွစ္အရြယ္ အာဂ်င္တီးနားကြင္းလယ္ကစားကို ဗိုင္နယ္လ္ဒြမ္ရဲ့ ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ခ်င္ေနတယ္လို႔ သိရပါတယ္။ ဒီ ေပါလ္ဟာ လီဗာပူးလ္ကြင္းလယ္ကစားသမား ဗိုင္နယ္လ္ဒြမ္နဲ႔ ေတာ္ေတာ္ေလးကြဲျပားျခားနားတဲ့ ကစားသမားျဖစ္ၿပီး ေက်ာနံပါတ္ ၁ဝအျဖစ္နဲ႔ ေတာင္ပံ ၂ ဖက္မွာ ကစားေပးနိုင္ေၾကာင္းကို လြန္ခဲ့တဲ့ ၅ ႏွစ္က အူဒီးနီးစ္ကို စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ သြင္းဂိုး ၂၉ ဂိုးအထိ သြင္းယူၿပီး သက္ေသျပသထားတာျဖစ္ပါတယ္။


ဗိုင္နယ္လ္ဒြမ္ဟာ အစားထိုးဖို႔ ခက္ခဲတဲ့ ကစားသမားျဖစ္လာမွာျဖစ္ေပမယ့္ အန္းဖီးမွာ ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္ကစားရတဲ့ အခန္းက႑ကို အယ္လ္ကန္တာရာက သက္ေတာင့္သက္သာ ျဖည့္ဆည္းေပးနိုင္ၿပီး ကြင္းလယ္ကစားသမားသစ္ ေခၚယူျခင္းက လီဗာပူးလ္ရဲ့ကြင္းလယ္အတြက္ ေကာင္းမြန္တဲ့ ျဖည့္စြက္မႈ ျဖစ္လာနိုင္တာျဖစ္ပါတယ္။ ဒီေပါလ္ဟာ ကြင္းလယ္ဗဟိုတိုက္စစ္ကစားသမားစစ္စစ္ တစ္ေယာက္မွမရွိတဲ့ လီဗာပူးလ္အသင္းအတြက္ ေကာင္းမြန္တဲ့ေခၚယူမႈျဖစ္လာမွာျဖစ္ၿပီး ကေလာ့ပ္အေနနဲ႔ ၄-၃-၃ နဲ႔ အလုပ္မျဖစ္တဲ့အခါမွာ မတူညီတဲ့ ကစားကြက္ ခ်ဥ္းကပ္မႈေတြကို ျပဳလုပ္နိုင္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.