Premier League

လီဗာပူးလ်ကို ယူနိုက်တက်ရဲ့ဖလားအရေအတွက် လိုက်မမီစေချင်တဲ့ ဖာနန်ဒက်စ်


မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ည အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၆ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ အန်းဖီးကို သွားရောက်ပြီး လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အန်ဖီးကွင်းမှာ နောက်ဆုံးအနိုင်ရရှိခဲ့တာက ၂၀၁၆ ခုနှစ်တုန်းကဆိုတဲ့ အချက်နဲ့ လီဗာပူးလ်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်နေတယ်ဆိုတဲ့အချက်က ယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် အဓိကအတားအဆီးတွေဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်ဆိုတာကို ဘယ်လိုနားလည်ထားလဲဆိုတဲ့အကြောင်း BBC ကို ပြောကြားခဲ့တဲ့အချိန်မှာ ယူနိုက်တက်အတွက် ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးချင်တဲ့ဆန္ဒကို ပြောကြားခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုကို လျော့ပါးစေခဲ့တာဖြစ်ပါတယ်။


“ခင်ဗျားရဲ့ ပြိုင်ဘက်ကို ခင်ဗျားနဲ့ အဆင့်တူ ဒါမှမဟုတ် ခင်ဗျားနဲ့ ဆုဖလားအရေအတွက်ချင်းတူညီစေချင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ပွဲဉ်တိုင်းက အတူတူပဲဆိုပေမယ့် ပရိသတ်တွေအတွက်တော့ ကွဲပြားခြားနားပါတယ်။ ပရိသတ်တွေအတွက်က နောက်တစ်နေ့မှာ လီဗာပူးလ်ပရိသတ်ဖြစ်ကောင်းဖြစ်နိုင်တဲ့ မိတ်ဆွေတွေကို ရှုံးနိမ့်သူထက်စာရင် အနိုင်ရရှိသူတွေဖြစ်ခဲ့တာ အများကြီးပိုကောင်းတယ်ဆိုတာကို သွားပြောကြမှာပါ။ ပြီးတော့ ဆုဖလား ၂၁ ကြိမ်ရပြီး လီဗာပူးလ်က ၁၉ ကြိမ်ပဲရှိသေးမယ်ဆိုရင် ပိုပြီးတောင် ပျော်ဖို့ ကောင်းပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာချိန်ကတည်းက အသင်းကို ပြောင်းလဲဲပေးနိုင်ခဲ့သူဖြစ်ပြီး ယခုအပတ်မှာတော့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို တစ်နှစ်အတွင်း ၄ ကြိမ်အထိ ပထမဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၄၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၄၄ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူဖြစ်တာကြောင့် မိနစ် ၉၀ တိုင်းမှာ ၁.၀၃ ဂိုး ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


လွန်ခဲ့တဲ့နှစ်ကနေ လက်ရှိအချိန်အထိ မန်ချက်စတာယူနိုက်တက်ရဲ့ တိုးတက်လာမှုက ၎င်းနဲ့ မဆိုင်ကြောင်း အလျင်အမြန် ဖြေရှင်းခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်က ၎င်းရဲ့စိတ်ထားက အချို့ကစားသမားတွေကို ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော် လိုလားချက်တွေအများကြီးရှိတဲ့ အသင်းကို ရောက်လာခဲ့ပါတယ်။ ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတစ်သင်းဖြစ်ပြီး ဆုဖလားအားလုံးကို ရရှိထားခဲ့တဲ့ အသင်းပါ။ အသင်းရဲ့ ခံယူချက်ကို ပြောင်းလဲပေးခဲ့တာ ကျွန်တော်လို့ မထင်ပါဘူး။ တကယ်လို့ ကျွန်တော်က ကစားသမားအချို့ရဲ့ ခံယူချက်ကို ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ ခံယူချက်က ကစားသမားအချို့ကို ပိုကောင်းမွန်လာအောင် ကူညီပေးခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒါပေမယ့် ကျွန်တော်က အသင်းအတွက် အားလုံးကို ပြောင်းလဲပေးနေတဲ့သူဖြစ်ခဲ့တယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ယူနိုက်တက်အတွက်ကစားပေးနေတယ်ဆိုတဲ့အဓိပ္ပာယ်က ဖိအားတွေ၊ တာဝန်ယူမှုတွေနဲ့ ကစားနေတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔ည အမွတ္ေပးဇယားထိပ္ဆုံးမွာ ရမွတ္ ၆ မွတ္ျဖတ္ၿပီး ဦးေဆာင္နိုင္ဖို႔ ေမၽွာ္လင့္ခ်က္နဲ႔အတူ အန္းဖီးကို သြားေရာက္ၿပီး လီဗာပူးလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အန္ဖီးကြင္းမွာ ေနာက္ဆုံးအနိုင္ရရွိခဲ့တာက ၂၀၁၆ ခုႏွစ္တုန္းကဆိုတဲ့ အခ်က္နဲ႔ လီဗာပူးလ္က လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေနတယ္ဆိုတဲ့အခ်က္က ယူနိုက္တက္ရဲ့ နိုင္ပြဲအတြက္ အဓိကအတားအဆီးေတြျဖစ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနိုဖာနန္ဒက္စ္က ၿပိဳင္ဘက္ဆိုတာကို ဘယ္လိုနားလည္ထားလဲဆိုတဲ့အေၾကာင္း BBC ကို ေျပာၾကားခဲ့တဲ့အခ်ိန္မွာ ယူနိုက္တက္အတြက္ ၂၁ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရယူေပးခ်င္တဲ့ဆႏၵကို ေျပာၾကားခဲ့ၿပီး ပရိသတ္ေတြရဲ့ စိုးရိမ္မႈကို ေလ်ာ့ပါးေစခဲ့တာျဖစ္ပါတယ္။


“ခင္ဗ်ားရဲ့ ၿပိဳင္ဘက္ကို ခင္ဗ်ားနဲ႔ အဆင့္တူ ဒါမွမဟုတ္ ခင္ဗ်ားနဲ႔ ဆုဖလားအေရအတြက္ခ်င္းတူညီေစခ်င္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔အတြက္ ပြဲဥ္တိုင္းက အတူတူပဲဆိုေပမယ့္ ပရိသတ္ေတြအတြက္ေတာ့ ကြဲျပားျခားနားပါတယ္။ ပရိသတ္ေတြအတြက္က ေနာက္တစ္ေန႔မွာ လီဗာပူးလ္ပရိသတ္ျဖစ္ေကာင္းျဖစ္နိုင္တဲ့ မိတ္ေဆြေတြကို ရႈံးနိမ့္သူထက္စာရင္ အနိုင္ရရွိသူေတြျဖစ္ခဲ့တာ အမ်ားႀကီးပိုေကာင္းတယ္ဆိုတာကို သြားေျပာၾကမွာပါ။ ၿပီးေတာ့ ဆုဖလား ၂၁ ႀကိမ္ရၿပီး လီဗာပူးလ္က ၁၉ ႀကိမ္ပဲရွိေသးမယ္ဆိုရင္ ပိုၿပီးေတာင္ ေပ်ာ္ဖို႔ ေကာင္းပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခ်ိန္ကတည္းက အသင္းကို ေျပာင္းလဲဲေပးနိုင္ခဲ့သူျဖစ္ၿပီး ယခုအပတ္မွာေတာ့ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို တစ္ႏွစ္အတြင္း ၄ ႀကိမ္အထိ ပထမဆုံးရရွိတဲ့ ကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။ ဘ႐ူနိုဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူနိုက္တက္အတြက္ ၄၈ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၄၄ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၂၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့သူျဖစ္တာေၾကာင့္ မိနစ္ ၉၀ တိုင္းမွာ ၁.၀၃ ဂိုး ရရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။


လြန္ခဲ့တဲ့ႏွစ္ကေန လက္ရွိအခ်ိန္အထိ မန္ခ်က္စတာယူနိုက္တက္ရဲ့ တိုးတက္လာမႈက ၎နဲ႔ မဆိုင္ေၾကာင္း အလ်င္အျမန္ ေျဖရွင္းခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္က ၎ရဲ့စိတ္ထားက အခ်ိဳ႕ကစားသမားေတြကို ျပဳျပင္ေျပာင္းလဲေပးနိုင္ခဲ့တာျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ကၽြန္ေတာ့္ေၾကာင့္ မဟုတ္ပါဘူး။ ကၽြန္ေတာ္ လိုလားခ်က္ေတြအမ်ားႀကီးရွိတဲ့ အသင္းကို ေရာက္လာခဲ့ပါတယ္။ ကမၻာေပၚက အႀကီးမားဆုံးကလပ္အသင္းတစ္သင္းျဖစ္ၿပီး ဆုဖလားအားလုံးကို ရရွိထားခဲ့တဲ့ အသင္းပါ။ အသင္းရဲ့ ခံယူခ်က္ကို ေျပာင္းလဲေပးခဲ့တာ ကၽြန္ေတာ္လို႔ မထင္ပါဘူး။ တကယ္လို႔ ကၽြန္ေတာ္က ကစားသမားအခ်ိဳ႕ရဲ့ ခံယူခ်က္ကို ေျပာင္းလဲေပးနိုင္ခဲ့တယ္ဆိုရင္ေတာင္ ကၽြန္ေတာ့္ရဲ့ ခံယူခ်က္က ကစားသမားအခ်ိဳ႕ကို ပိုေကာင္းမြန္လာေအာင္ ကူညီေပးခဲ့တာပဲ ျဖစ္ပါလိမ့္မယ္။ ဟုတ္ခ်င္မွလည္း ဟုတ္မွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္က အသင္းအတြက္ အားလုံးကို ေျပာင္းလဲေပးေနတဲ့သူျဖစ္ခဲ့တယ္လို႔ မထင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ယူနိုက္တက္အတြက္ကစားေပးေနတယ္ဆိုတဲ့အဓိပၸာယ္က ဖိအားေတြ၊ တာဝန္ယူမႈေတြနဲ႔ ကစားေနတာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.