Match Report Premier League

ခြေစွမ်းပြနေတဲ့ ပေါ့ဘာရဲ့ အနိုင်ဂိုးနဲ့ ယူနိုက်တက်တို့ အဆင့်တစ်ကို ဆက်လက်ထိန်းသိမ်း

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ စကော့ ပါကားရဲ့ တန်းဆင်းဇုန်ရုန်းနေတဲ့ ဖူလ်ဟမ်အသင်းကို အဝေးကွင်း ကရာဗင် ကော့တေ့ချ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး လုပ်နေကျ ထုံးစံအတိုင်းပဲ Come Back နိုင်ပွဲတစ်ပွဲနဲ့ ဖိအားတွေကို ဆက်လက်တွန်းလှန်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီပွဲမကစားခင်အချိန်အထိ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူက နှစ်သင်းအထိ အပြောင်းအလဲရှိခဲ့ပြီး မနေ့က လက်စတာက ဦးဆောင်ခဲ့သလို ဒီနေ့မှာ ယူနိုက်တက်တို့ မကစားခင်အချိန်အထိ မြို့ခံပြိုင်ဘက် မန်စီးတီးတို့က ဦးဆောင်ခဲ့ချိန်မှာ စောစောစီးစီး ၅ မိနစ်မှာပဲ အဒီမိုလာ လွတ်ခ်မန်းက ဖူလ်ဟမ်အတွက် ဂိုးသွင်းယူသွားခဲ့လို့ ဆိုးလ်ရှားတို့ မျက်ခုံးလှုပ်ခဲ့ရပါသေးတယ်။

ဒီဂိုးမှာ နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာရဲ့ ပေါ့လျော့မှုကြောင့် ယူနိုက်တက်ခံစစ်ရဲ့ လူကျွံထောင်ချောက်က အသက်မဝင်ဘဲ ရှိခဲ့ချိန်မှာ ဇမ်ဘို အန်ဂီးဆာရဲ့ ပေးပို့မှုကို ညာခြမ်းက ဘောလုံးရသွားတဲ့ လွတ်ခ်မန်းရဲ့ အနိမ့်ဘော အဝေးတိုင်ဆီ ကန်သွင်းချက်ကို ဂိုးသမား ဒဟေးယား မကာကွယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ဖာနန်ဒက်စ်ရဲ့ ဘယ်ခြေနဲ့ အမှတ်မထင်ကန်ချက် တိုင်ထိထွက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဘယ်တောင်ပံကနေ ဘောလုံး ပြန်ရသွားတဲ့ ပေါ်တူဂီသားက ဖြတ်တင်ပေးတာကို ဖူလ်ဟမ်ဂိုးသမား အာရီယိုလာ ပုတ်ထုလို့ ပြန်ထွက်လာခဲ့ရာကနေ ဒီနေ့တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ကာဗာနီက ပိတ်သွင်းပြီး ချေပဂိုးရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ ကန်ချက် နောက်တစ်ကြိမ်ကို အာရီယိုလာ ကာကွယ်သွားခဲ့သလို မာစီယယ်လ်ရဲ့ ခေါင်းတိုက်ချက်က ဂိုးမဖြစ်ခဲ့ဘဲ လွဲချော်ခဲ့ပြီး ခြေကျနေတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်နဲ့တော့ ဖူလ်ဟမ်ခံစစ်ကို ရင်မခုန်နိုင်စေခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်ခဲ့ကြပြီး မက်ဂွိုင်းယားကတော ထောင့်ကန်ဘောတွေကို ဖြုန်းတီးနေခဲ့သလို ဖူလ်ဟမ်ရဲ့ လွတ်ခ်မန်းကတော့ ဒဟေးယားကို မကြာခဏ ခြိမ်းခြောက်နေခဲ့ပြီး မာစီယယ်လ်ကတော့ ဂိုးသမားကို သွေးပူလေ့ကျင့်ခန်းဆင်းရုံသာ တတ်နိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ မချင့်မရဲဖြစ်နေခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အသင်းကို နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ကယ်တင်နေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာက ဦးဆောင်ဂိုးနဲ့ ပြန်လည် Come Back နိုင်ခဲ့ပြီး အမြင့်ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ညာခြမ်းမှာ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ထိန်းသိမ်းရယူပြီး အတွင်းပြန်ဝင်၊ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မဖမ်းနိုင်လောက်အောင် တိကျပြည့်စုံလွန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖူလ်ဟမ်တို့ ကာဗာလေရိုအစား ကာမာရာ၊ အန်ဂီးဆာအစား လီမီနာ၊ အီနာအစား မီထရိုဗစ်ချ်တို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်က ကြံ့ကြံ့ခံသွားခဲ့သလို ဘိုင်ယီနဲ့ ထိပြီး လမ်းကြောင်းပြောင်းခဲ့တဲ့ ဘောလုံးကတော့ ပရိသတ်တွေ ထိတ်လန့်ခဲ့ရပြီး ရက်ရှ်ဖို့ဒ်ကတော့ တန်ပြန်တိုက်စစ်မှာ နှစ်ပွဲဆက် ဒုတိယအကြိမ်အဖြစ် ကာဗာနီကို စိတ်ပျက်စေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီပွဲအနိုင်ကြောင့် ယူနိုက်တက်တို့အနေနဲ့ တစ်ပွဲလျှော့ကစားထားတဲ့ မြို့ခံပြိုင်ဘက် စီးတီးနဲ့ကြားက ကွာဟချက် နှစ်မှတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို အသင်းရဲ့ Trade Mark ဖြစ်တဲ့ Come Back Win ရဲ့ အစွမ်းထက်ခြင်းနဲ့အတူ ပွဲစဉ် ၁၉ အပြီးမှာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ စေကာ့ ပါကားရဲ႕ တန္းဆင္းဇုန္႐ုန္းေနတဲ့ ဖူလ္ဟမ္အသင္းကို အေဝးကြင္း ကရာဗင္ ေကာ့ေတ့ခ်္မွာ ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ရၿပီး လုပ္ေနက် ထုံးစံအတိုင္းပဲ Come Back ႏိုင္ပြဲတစ္ပြဲနဲ႔ ဖိအားေတြကို ဆက္လက္တြန္းလွန္ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒီပြဲမကစားခင္အခ်ိန္အထိ ပရီးမီးယားလိဂ္ရဲ႕ ဦးေဆာင္သူက ႏွစ္သင္းအထိ အေျပာင္းအလဲရွိခဲ့ၿပီး မေန႔က လက္စတာက ဦးေဆာင္ခဲ့သလို ဒီေန႔မွာ ယူႏိုက္တက္တို႔ မကစားခင္အခ်ိန္အထိ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးတို႔က ဦးေဆာင္ခဲ့ခ်ိန္မွာ ေစာေစာစီးစီး ၅ မိနစ္မွာပဲ အဒီမိုလာ လြတ္ခ္မန္းက ဖူလ္ဟမ္အတြက္ ဂိုးသြင္းယူသြားခဲ့လို႔ ဆိုးလ္ရွားတို႔ မ်က္ခုံးလႈပ္ခဲ့ရပါေသးတယ္။

ဒီဂိုးမွာ ေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ ယူႏိုက္တက္ခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္က အသက္မဝင္ဘဲ ရွိခဲ့ခ်ိန္မွာ ဇမ္ဘို အန္ဂီးဆာရဲ႕ ေပးပို႔မႈကို ညာျခမ္းက ေဘာလုံးရသြားတဲ့ လြတ္ခ္မန္းရဲ႕ အနိမ့္ေဘာ အေဝးတိုင္ဆီ ကန္သြင္းခ်က္ကို ဂိုးသမား ဒေဟးယား မကာကြယ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဖာနန္ဒက္စ္ရဲ႕ ဘယ္ေျခနဲ႔ အမွတ္မထင္ကန္ခ်က္ တိုင္ထိထြက္ခဲ့ၿပီး စကၠန႔္ပိုင္းအတြင္းမွာပဲ ဘယ္ေတာင္ပံကေန ေဘာလုံး ျပန္ရသြားတဲ့ ေပၚတူဂီသားက ျဖတ္တင္ေပးတာကို ဖူလ္ဟမ္ဂိုးသမား အာရီယိုလာ ပုတ္ထုလို႔ ျပန္ထြက္လာခဲ့ရာကေန ဒီေန႔တိုက္စစ္ကို ဦးေဆာင္ခဲ့တဲ့ ကာဗာနီက ပိတ္သြင္းၿပီး ေခ်ပဂိုးရယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္ ေနာက္တစ္ႀကိမ္ကို အာရီယိုလာ ကာကြယ္သြားခဲ့သလို မာစီယယ္လ္ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးမျဖစ္ခဲ့ဘဲ လြဲေခ်ာ္ခဲ့ၿပီး ေျခက်ေနတဲ့ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္နဲ႔ေတာ့ ဖူလ္ဟမ္ခံစစ္ကို ရင္မခုန္ႏိုင္ေစခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ထိုးေဖာက္ခဲ့ၾကၿပီး မက္ဂြိဳင္းယားကေတာ ေထာင့္ကန္ေဘာေတြကို ျဖဳန္းတီးေနခဲ့သလို ဖူလ္ဟမ္ရဲ႕ လြတ္ခ္မန္းကေတာ့ ဒေဟးယားကို မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့ၿပီး မာစီယယ္လ္ကေတာ့ ဂိုးသမားကို ေသြးပူေလ့က်င့္ခန္းဆင္း႐ုံသာ တတ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္ပရိသတ္ေတြ မခ်င့္မရဲျဖစ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အသင္းကို ေနာက္ပိုင္းပြဲေတြမွာ ဆက္တိုက္ကယ္တင္ေနခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာက ဦးေဆာင္ဂိုးနဲ႔ ျပန္လည္ Come Back ႏိုင္ခဲ့ၿပီး အျမင့္ကေန ျပန္က်လာတဲ့ ေဘာလုံးကို ညာျခမ္းမွာ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ထိန္းသိမ္းရယူၿပီး အတြင္းျပန္ဝင္၊ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မဖမ္းႏိုင္ေလာက္ေအာင္ တိက်ျပည့္စုံလြန္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖူလ္ဟမ္တို႔ ကာဗာေလ႐ိုအစား ကာမာရာ၊ အန္ဂီးဆာအစား လီမီနာ၊ အီနာအစား မီထ႐ိုဗစ္ခ်္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ယူႏိုက္တက္ခံစစ္က ႀကံ့ႀကံ့ခံသြားခဲ့သလို ဘိုင္ယီနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းခဲ့တဲ့ ေဘာလုံးကေတာ့ ပရိသတ္ေတြ ထိတ္လန႔္ခဲ့ရၿပီး ရက္ရွ္ဖို႔ဒ္ကေတာ့ တန္ျပန္တိုက္စစ္မွာ ႏွစ္ပြဲဆက္ ဒုတိယအႀကိမ္အျဖစ္ ကာဗာနီကို စိတ္ပ်က္ေစခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ တစ္ပြဲေလွ်ာ့ကစားထားတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးနဲ႔ၾကားက ကြာဟခ်က္ ႏွစ္မွတ္ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့သလို အသင္းရဲ႕ Trade Mark ျဖစ္တဲ့ Come Back Win ရဲ႕ အစြမ္းထက္ျခင္းနဲ႔အတူ ပြဲစဥ္ ၁၉ အၿပီးမွာ ရာသီဝက္ခ်န္ပီယံအျဖစ္ ရပ္တည္ႏိုင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.