Premier League

အမ်းမရိတ်စ်မှာ မျှော်လင့်ချက်ရောင်နီလေး ပေါ်လာပြီး ပြန်ပျောက်သွားဦးမှာလား၊ ဂန်းနားသွေးသစ်တွေရဲ့ တော်လှန်ရေးတကယ်စတင်ပြီလား

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မတိုင်မီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ နည်းပြအာတီဟာ ကြီးမားတဲ့ဖိအားတွေအောက် ရောက်ရှိနေခဲ့ပြီး အသင်းကလည်း တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲကနေ ဝက်စ်ဘရွန်းအသင်းကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေရတဲ့ ဘစ်ဆမ်ကြီးကတောင် ဂန်းနားတွေက တန်းဆင်းဇုန်တိုက်ပွဲအတွက် အဓိကပြိုင်ဘက်ဖြစ်တယ်လို့ လှောင်ပြောင်တာခံခဲ့ရပါသေးတယ်။

အဲဒီလိုအခြေအနေတွေကို ဖြတ်ကျော်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိထားခဲ့ပြီဖြစ်ပြီး ပေးဂိုး ၁ ဂိုးနဲ့ အဆင့် ၅ နေရာနဲ့ ၆ မှတ်အကွာ အဆင့် ၁၀ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အပြောင်းအလဲတွေရဲ့ အဓိက မောင်းနှင်သူတွေဟာ စမစ် ရိုးနဲ့ ဆာကာတို့လို လူငယ်ကစားသမားလေးတွေဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေသလို လာကာဇက်နဲ့ တီယာနီတို့လို ကစားသမားတွေကလည်း ၎င်းတို့ရဲ့ ကဏ္ဍတွေမှာ ကစားပေးရင် ကူညီပေးနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ၎င်းတို့ရဲ့ ပြန်လည်ရှင်သန်ထမြောက်လာမှုမတိုင်မီ ဆိုးရွားလွန်းတဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာလည်း ဖြေရှင်းရဦးမယ့် ပြဿနာတွေ ရှိနေဆဲဖြစ်ပါတယ်။

ဂိုးသွင်းယူမှု ပြဿနာ

ဂိုးသွင်းယူဖို့က ပထမဆုံးလိဂ်ပွဲစဉ် ၁၄ ပွဲမှာ အာဆင်နယ်အသင်းအတွက် တကယ့်ပြဿနာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ လာကာဇက်က ကြီးမားတဲ့အခွင့်အရေးတွေ လွဲချော်ခဲ့သလို အူဘာမီယန်းကလည်း ပြီးခဲ့တဲ့ရာသီတွေက ကစားခဲ့တဲ့ ကစားသမားဟုတ်ရဲ့လားထင်ရလောက်အောင် ခြေစွမ်းပျောက်ဆုံးနေပြီး အသင်းကလည်း ဖန်တီးနိုင်စွမ်း ကင်းမဲ့နေခဲ့တာပါ။ အာတီတာဟာ ၎င်းရဲ့အသင်းကို ကန်တင်ပြေး နည်းဗျူဟာနဲ့ အလုပ်မဖြစ်မှန်း သိသွားခဲ့ပြီးနောက် နောက်ဆုံး ၅ ပွဲမှာ ရုပ်ရှင်ဆန်ဆန်ပဲ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ ပဲလေ့စ်၊ နယူးကာဆယ်တို့နဲ့ပွဲစဉ်မှာ ဖြတ်တင်ဘော ၆၈ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၅ ပွဲမှာတော့ ၁၁၅ ကြိမ် ဖြတ်တင်နိုင်ခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးရရှိခဲ့ပါတယ်။ အာဆင်နယ်အသ်းဟာ လက်ရှိမှာတော့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလာပြီး ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာ အလေအလွင့် ပိုမိုနည်းပါးလာခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးပွဲစဉ် ၅ ပွဲမှာ ၁၁ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ရာသီအဖွင့် ၁၄ ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးထက် ၁ ဂိုးသာ လျော့နည်းနေတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့သွင်းဂိုးတွေ ပိုမိုရရှိစေဖို့အတွက် လာကာဇက်အနေနဲ့ ပိုပြီးအဆုံးသတ်သေချာလာဖို့လိုနေပြီး လက်ရှိမှာတော့ ဆာကာက အမှန်တကယ်ဂိုးပေါက်ခြိမ်းခြောက်သူ ဖြစ်နေပါတယ်။

သက်ကြီးကစားသမားတွေကို အယုံလွန်နေတဲ့ အာဆင်နယ်

အာဆင်နယ်ပရိသတ်တွေဟာ အာတီတာကို ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ လူငယ်ကစားသမားတွေ အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ဆုတောင်းက ပြည့်သွားခဲ့ပါပြီ။ ဝီလီယံနဲ့ ပေပေတို့ဟာ အရန်ခုံတန်းနဲ့ မိတ်ဖွဲ့ဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာ စမစ် ရိုးနဲ့ ဆာကာတို့က တိုက်စစ်မှာ လိုသလို ကြိုးဆွဲပြနေကြပြီဖြစ်ပါတယ်။

စမစ် ရိုး ယခုရာသီမှာ ပထမဆုံးပါဝင်ကစားခွင့်ရရှိခဲ့ပြီးကတည်းက အာဆင်နယ်အသင်း မရှုံးနိမ့်တော့တာဟာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ အသက် ၂၀ အရွယ်ကစားသမားဟာ ၆ ပွဲမှာ ၃ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်ကို ကျားအတောင်ပံ တပ်ပေးသလို ဖြစ်ခဲ့ပါတယ်။ စမစ် ရိုးဟာ ၁၂ ပွဲ ပိုမိုကစားထားတဲ့ ဝီလီယံနဲ့အတူ အသင်းရဲ့ထိပ်တန်းဂိုးဖန်တီးရှင်အဖြစ် ပူးတွဲရပ်တည်နေပြီး ယခုရာသီ ၁၂ ပွဲအထိ ကစားထားတဲ့ ပေပေကတော့ တစ်ဂိုးမှ ဖန်တီးပေးနိုင်ခြင်းမရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးကတောင် စမစ် ရိုးဟာ အာစင်ဝင်းဂါးရဲ့ အကောင်းဆုံး အာဆင်နယ်အသင်းဟောင်းမှာ ပါဝင်ကစားပေးနိုင်တဲ့သူလို့ ချီးကျူးခဲ့ပြီး ရောဘတ်ပီးရက်စ်လိုမျိုး ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိန်းသိမ်းထားရမယ့် ပေးဂိုးမရှိစွမ်းဆောင်ရည်

အာဆင်နယ်ဟာ ယခုရာသီမှာ ဂိုးအများကြီး မပေးရသေးဘဲ ၎င်းတို့ရဲ့ ခံစစ်မှတ်တမ်းဟာ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် ရှိနေပါတယ်။ သွင်းဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ရာသီအစ ၁၄ ပွဲက ရှုံးပွဲတွေဟာ ဂိုး ပုံမှန်ပေးခဲ့ရတာကြောင့်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၄ ပွဲဆက်တိုက် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး နောက်ဆုံး လိဂ်ပွဲစဉ် ၅ ပွဲမှာ ၁ ဂိုးသာ ခွင့်ပြုထားရပါတယ်။ ရော့ဘ် ဟိုးဒင်းဟာ ၎င်းနဲ့တွဲဘက်ဗဟိုခံစစ်ကစားသမားတွေသာ ဒဏ်ရာပြဿနာကြောင့် ပုံမှန်မရှိဘဲ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် အာဆင်နယ်အသင်း ဧဟိုခံစစ်မှာ အဓိကကစားသမားအဖြစ် ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားပြနေတာဖြစ်ပါတယ်။
ဒေးဗစ် လူးဝစ်ဇ်ကလည်း နောက်ဆုံးပွဲစဉ် ၂ ပွဲမှာ တော်တော်လေး ကျစ်လစ်တောင့်တင်းနေခဲ့ပုံ ပေါ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်ရဲ့ပြိုင်ဘက်တွေဟာ စုစုပေါင်း ၆၃ ကြိမ် ဂိုးကန်သွင်းခဲ့ရာမှာ ၁ ဂိုးသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပြီး အဲဒီမတိုင်မီ ၅ ပွဲမှာတော့ ပြိုင်ဘက်တွေဟာ ၄၈ ကြိမ်ကန်သွင်းခဲ့ရာမှာ ၈ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသမား လီနိုကလည်း နောက်ဆုံး ၅ ပွဲမှာ ၁၁ ကြိမ်သာ ဂိုးကန်သွင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ ၅ ပွဲမှာ ၁၅ ကြိမ်အထိ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းနေပြီး ပျောက်ဆုံးနေတဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍ

အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးတွေ တောက်လျှောက်ရင်ဆိုင်နေရတဲ့အချိန်အတွင်းမှာ ခေါင်းဆောင်ကင်းမဲ့နေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းခဲ့တယ်လို့ စွပ်စွဲခဲ့ရပါတယ်။ ကီရန် တီယာနီက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ခေါင်းဆောင်နေရာ ဝင်ယူပြီး ရှေ့ဆောင်လမ်း လုပ်ခဲ့တဲ့အတွက် ခရစ်စ်မတ်ကာလနောက်ပိုင်း အသင်းသားတွေဆီကနေ တိုက်ပွဲဝင်လိုစိတ်တွေ ပိုမိုမြင်တွေ့ခဲ့ရပါတယ်။

ပဲလေ့စ်နဲ့ပွဲစဉ်က တီယာနီ မပါဝင်နိုင်မှုကြောင့် ရွိုင်း ဟော့ဒ်ဆန်ရဲ့ အသင်းကို ဂန်းနားတို့ မထိုးဖောက်နိုင်ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီပွဲစဉ်က အာငဆ်နယ်အသင်းဟာ ဒီထက်ပိုအလုပ်လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြသခဲ့ပြီး နယူးကာဆယ်နဲ့ပထမပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ခဲ့တာတွေ့ခဲ့ရပါတယ်။ အာတီတာရဲ့အသင်းဟာ အားနည်းတဲ့ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ချဲလ်ဆီးအသင်းကလွဲပြီး သူတို့ရဲ့ နောက်ဆုံး ပွဲစဉ်တွေအားလုံးဟာ ဇယားအောက်ခြေကအသင်းတွေနဲ့ ကစားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဟန်ချက်ညီမျှမှု

အာတီတာဟာ စီဘာယော့စ်၊ ချာကာ၊ အယ်လ်နန်နီတို့လို ကစားသမားတွေကို အလှည့်ကျကစားစေတဲ့ကြားထဲမှာ မှန်ကန်တဲ့ ဟန်ချက်ညီမျှမှုကို ရှာဖွေဖို့ ရုန်းကန်နေရပါတယ်။ သောမတ်စ် ပါတေး ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၎င်းရဲ့အာဆင်နယ်ကစားသမားဘဝ အကောင်းဆုံးစွမ်းဆောင်ရည်ထဲက တစ်ခုကို ပြသခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာလည်း ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ အချိန်ကောင်းမှာ ပြန်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြီးခဲ့တဲ့နွေရာသီမှာ ဘာကြောင့် ပေါင် ၄၅ သန်း သုံးစွဲခဲ့ရလဲဆိုတာကို သက်သေပြသဖို့ အခွင့်အရေးရရှိနေပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း သောမတ်စ် ပါတေးဟာ ကွင်းလယ်မှာ လွှမ်းမိုးနိုင်စွမ်းကို ပြသခဲ့ပြီး အမ်းမရိတ်စ်မှာ ယူနိုက်တက်နဲ့ ထပ်မံရင်ဆိုင်ရမယ့်ပွဲစဉ်မှာလည်း အလားတူ အကျိုးသက်ရောက်မှုမျိုး ပြသနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တဲ့ ေဘာက္ဆင္ေဒးပြဲစဥ္မတိုင္မီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ နိုင္ပြဲမရခဲ့ဘဲ နည္းျပအာတီဟာ ႀကီးမားတဲ့ဖိအားေတြေအာက္ ေရာက္ရွိေနခဲ့ၿပီး အသင္းကလည္း တန္းဆင္းဇုန္နဲ႔ ၄ မွတ္အကြာကို ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ တန္းဆင္းဇုန္ထဲကေန ဝက္စ္ဘရြန္းအသင္းကို ကယ္ထုတ္ဖို႔ ႀကိဳးပမ္းေနရတဲ့ ဘစ္ဆမ္ႀကီးကေတာင္ ဂန္းနားေတြက တန္းဆင္းဇုန္တိုက္ပြဲအတြက္ အဓိကၿပိဳင္ဘက္ျဖစ္တယ္လို႔ ေလွာင္ေျပာင္တာခံခဲ့ရပါေသးတယ္။

အဲဒီလိုအေျခအေနေတြကို ျဖတ္ေက်ာ္ခဲ့ၿပီးေနာက္မွာေတာ့ အာဆင္နယ္အသင္းဟာ ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲအထိ အနိုင္ရရွိထားခဲ့ၿပီျဖစ္ၿပီး ေပးဂိုး ၁ ဂိုးနဲ႔ အဆင့္ ၅ ေနရာနဲ႔ ၆ မွတ္အကြာ အဆင့္ ၁၀ ေနရာအထိ တက္ေရာက္လာနိုင္ခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းက အေျပာင္းအလဲေတြရဲ့ အဓိက ေမာင္းႏွင္သူေတြဟာ စမစ္ ရိုးနဲ႔ ဆာကာတို႔လို လူငယ္ကစားသမားေလးေတြျဖစ္ၿပီး အသင္းအတြက္ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးေနသလို လာကာဇက္နဲ႔ တီယာနီတို႔လို ကစားသမားေတြကလည္း ၎တို႔ရဲ့ က႑ေတြမွာ ကစားေပးရင္ ကူညီေပးေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ၎တို႔ရဲ့ ျပန္လည္ရွင္သန္ထေျမာက္လာမႈမတိုင္မီ ဆိုးရြားလြန္းတဲ့ရာသီကို ရင္ဆိုင္ခဲ့ရၿပီး လက္ရွိမွာလည္း ေျဖရွင္းရဦးမယ့္ ျပႆနာေတြ ရွိေနဆဲျဖစ္ပါတယ္။

ဂိုးသြင္းယူမႈ ျပႆနာ

ဂိုးသြင္းယူဖို႔က ပထမဆုံးလိဂ္ပြဲစဥ္ ၁၄ ပြဲမွာ အာဆင္နယ္အသင္းအတြက္ တကယ့္ျပႆနာတစ္ရပ္ျဖစ္ေနခဲ့ပါတယ္။ လာကာဇက္က ႀကီးမားတဲ့အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့သလို အူဘာမီယန္းကလည္း ၿပီးခဲ့တဲ့ရာသီေတြက ကစားခဲ့တဲ့ ကစားသမားဟုတ္ရဲ့လားထင္ရေလာက္ေအာင္ ေျခစြမ္းေပ်ာက္ဆုံးေနၿပီး အသင္းကလည္း ဖန္တီးနိုင္စြမ္း ကင္းမဲ့ေနခဲ့တာပါ။ အာတီတာဟာ ၎ရဲ့အသင္းကို ကန္တင္ေျပး နည္းဗ်ဴဟာနဲ႔ အလုပ္မျဖစ္မွန္း သိသြားခဲ့ၿပီးေနာက္ ေနာက္ဆုံး ၅ ပြဲမွာ ႐ုပ္ရွင္ဆန္ဆန္ပဲ အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။ အာဆင္နယ္ဟာ ခ်ဲလ္ဆီး၊ ဘရိုက္တန္၊ ဝက္စ္ဘရြန္း၊ ပဲေလ့စ္၊ နယူးကာဆယ္တို႔နဲ႔ပြဲစဥ္မွာ ျဖတ္တင္ေဘာ ၆၈ ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၅ ပြဲမွာေတာ့ ၁၁၅ ႀကိမ္ ျဖတ္တင္နိုင္ခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးရရွိခဲ့ပါတယ္။ အာဆင္နယ္အသ္းဟာ လက္ရွိမွာေတာ့ ႀကိဳတင္ခန႔္မွန္းဖို႔ ခက္ခဲလာၿပီး ေဘာလုံးပိုင္ဆိုင္ထားတဲ့အခ်ိန္မွာ အေလအလြင့္ ပိုမိုနည္းပါးလာခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္ဟာ ေနာက္ဆုံးပြဲစဥ္ ၅ ပြဲမွာ ၁၁ ဂိုးအထိ ရရွိေအာင္ စြမ္းေဆာင္ထားနိုင္ၿပီး ရာသီအဖြင့္ ၁၄ ပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးထက္ ၁ ဂိုးသာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ အာဆင္နယ္ရဲ့သြင္းဂိုးေတြ ပိုမိုရရွိေစဖို႔အတြက္ လာကာဇက္အေနနဲ႔ ပိုၿပီးအဆုံးသတ္ေသခ်ာလာဖို႔လိုေနၿပီး လက္ရွိမွာေတာ့ ဆာကာက အမွန္တကယ္ဂိုးေပါက္ၿခိမ္းေျခာက္သူ ျဖစ္ေနပါတယ္။

သက္ႀကီးကစားသမားေတြကို အယုံလြန္ေနတဲ့ အာဆင္နယ္

အာဆင္နယ္ပရိသတ္ေတြဟာ အာတီတာကို ယူရိုပါလိဂ္ပြဲစဥ္ေတြမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တဲ့ လူငယ္ကစားသမားေတြ အခြင့္အေရးေပးဖို႔ ေတာင္းဆိုခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ့ဆုေတာင္းက ျပည့္သြားခဲ့ပါၿပီ။ ဝီလီယံနဲ႔ ေပေပတို႔ဟာ အရန္ခုံတန္းနဲ႔ မိတ္ဖြဲ႕ဖို႔ ႀကိဳးပမ္းေနရတဲ့အခ်ိန္မွာ စမစ္ ရိုးနဲ႔ ဆာကာတို႔က တိုက္စစ္မွာ လိုသလို ႀကိဳးဆြဲျပေနၾကၿပီျဖစ္ပါတယ္။ စမစ္ ရိုး ယခုရာသီမွာ ပထမဆုံးပါဝင္ကစားခြင့္ရရွိခဲ့ၿပီးကတည္းက အာဆင္နယ္အသင္း မရႈံးနိမ့္ေတာ့တာဟာ တိုက္ဆိုင္မႈေတာ့ မဟုတ္ပါဘူး။ အသက္ ၂၀ အရြယ္ကစားသမားဟာ ၆ ပြဲမွာ ၃ ႀကိမ္အထိ ဂိုးဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ၿပီး အာဆင္နယ္တိုက္စစ္ကို က်ားအေတာင္ပံ တပ္ေပးသလို ျဖစ္ခဲ့ပါတယ္။ စမစ္ ရိုးဟာ ၁၂ ပြဲ ပိုမိုကစားထားတဲ့ ဝီလီယံနဲ႔အတူ အသင္းရဲ့ထိပ္တန္းဂိုးဖန္တီးရွင္အျဖစ္ ပူးတြဲရပ္တည္ေနၿပီး ယခုရာသီ ၁၂ ပြဲအထိ ကစားထားတဲ့ ေပေပကေတာ့ တစ္ဂိုးမွ ဖန္တီးေပးနိုင္ျခင္းမရွိေသးပါဘူး။ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဂယ္ရီနဗီးကေတာင္ စမစ္ ရိုးဟာ အာစင္ဝင္းဂါးရဲ့ အေကာင္းဆုံး အာဆင္နယ္အသင္းေဟာင္းမွာ ပါဝင္ကစားေပးနိုင္တဲ့သူလို႔ ခ်ီးက်ဴးခဲ့ၿပီး ေရာဘတ္ပီးရက္စ္လိုမ်ိဳး ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ထိန္းသိမ္းထားရမယ့္ ေပးဂိုးမရွိစြမ္းေဆာင္ရည္

အာဆင္နယ္ဟာ ယခုရာသီမွာ ဂိုးအမ်ားႀကီး မေပးရေသးဘဲ ၎တို႔ရဲ့ ခံစစ္မွတ္တမ္းဟာ အေကာင္းဆုံးေတြထဲက တစ္ခုအျဖစ္ ရွိေနပါတယ္။ သြင္းဂိုး သြင္းယူနိုင္ျခင္းမရွိခဲ့တဲ့ ရာသီအစ ၁၄ ပြဲက ရႈံးပြဲေတြဟာ ဂိုး ပုံမွန္ေပးခဲ့ရတာေၾကာင့္ျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၄ ပြဲဆက္တိုက္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့ၿပီး ေနာက္ဆုံး လိဂ္ပြဲစဥ္ ၅ ပြဲမွာ ၁ ဂိုးသာ ခြင့္ျပဳထားရပါတယ္။ ေရာ့ဘ္ ဟိုးဒင္းဟာ ၎နဲ႔တြဲဘက္ဗဟိုခံစစ္ကစားသမားေတြသာ ဒဏ္ရာျပႆနာေၾကာင့္ ပုံမွန္မရွိဘဲ အေျပာင္းအလဲေတြ ျဖစ္ေနေပမယ့္ အာဆင္နယ္အသင္း ဧဟိုခံစစ္မွာ အဓိကကစားသမားအျဖစ္ ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားျပေနတာျဖစ္ပါတယ္။ ေဒးဗစ္ လူးဝစ္ဇ္ကလည္း ေနာက္ဆုံးပြဲစဥ္ ၂ ပြဲမွာ ေတာ္ေတာ္ေလး က်စ္လစ္ေတာင့္တင္းေနခဲ့ပုံ ေပၚပါတယ္။ ေနာက္ဆုံး ၅ ပြဲမွာ အာဆင္နယ္ရဲ့ၿပိဳင္ဘက္ေတြဟာ စုစုေပါင္း ၆၃ ႀကိမ္ ဂိုးကန္သြင္းခဲ့ရာမွာ ၁ ဂိုးသာ ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၾကၿပီး အဲဒီမတိုင္မီ ၅ ပြဲမွာေတာ့ ၿပိဳင္ဘက္ေတြဟာ ၄၈ ႀကိမ္ကန္သြင္းခဲ့ရာမွာ ၈ ဂိုးအထိ ရရွိခဲ့တာျဖစ္ပါတယ္။ ဂိုးသမား လီနိုကလည္း ေနာက္ဆုံး ၅ ပြဲမွာ ၁၁ ႀကိမ္သာ ဂိုးကန္သြင္းမႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ၅ ပြဲမွာ ၁၅ ႀကိမ္အထိ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

စိတ္ဓာတ္ပိုင္းဆိုင္ရာ အားနည္းေနၿပီး ေပ်ာက္ဆုံးေနတဲ့ ေခါင္းေဆာင္မႈအခန္းက႑

အာဆင္နယ္အသင္းဟာ ရလဒ္ဆိုးေတြ ေတာက္ေလၽွာက္ရင္ဆိုင္ေနရတဲ့အခ်ိန္အတြင္းမွာ ေခါင္းေဆာင္ကင္းမဲ့ေနၿပီး စိတ္ဓာတ္ပိုင္းဆိုင္ရာ အားနည္းခဲ့တယ္လို႔ စြပ္စြဲခဲ့ရပါတယ္။ ကီရန္ တီယာနီက ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ေခါင္းေဆာင္ေနရာ ဝင္ယူၿပီး ေရွ႕ေဆာင္လမ္း လုပ္ခဲ့တဲ့အတြက္ ခရစ္စ္မတ္ကာလေနာက္ပိုင္း အသင္းသားေတြဆီကေန တိုက္ပြဲဝင္လိုစိတ္ေတြ ပိုမိုျမင္ေတြ႕ခဲ့ရပါတယ္။ ပဲေလ့စ္နဲ႔ပြဲစဥ္က တီယာနီ မပါဝင္နိုင္မႈေၾကာင့္ ရြိဳင္း ေဟာ့ဒ္ဆန္ရဲ့ အသင္းကို ဂန္းနားတို႔ မထိုးေဖာက္နိုင္ျဖစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒီပြဲစဥ္က အာငဆ္နယ္အသင္းဟာ ဒီထက္ပိုအလုပ္လုပ္ဖို႔ လိုအပ္ေနေသးတယ္ဆိုတာ ျပသခဲ့ၿပီး နယူးကာဆယ္နဲ႔ပထမပိုင္းမွာလည္း အာဆင္နယ္အသင္းဟာ ဒုတိယပိုင္းမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္မ်ိဳး မဟုတ္ခဲ့တာေတြ႕ခဲ့ရပါတယ္။ အာတီတာရဲ့အသင္းဟာ အားနည္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့အခါမွာ ေကာင္းေကာင္းစြမ္းေဆာင္နိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းကလြဲၿပီး သူတို႔ရဲ့ ေနာက္ဆုံး ပြဲစဥ္ေတြအားလုံးဟာ ဇယားေအာက္ေျခကအသင္းေတြနဲ႔ ကစားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ဟန္ခ်က္ညီမၽွမႈ

အာတီတာဟာ စီဘာေယာ့စ္၊ ခ်ာကာ၊ အယ္လ္နန္နီတို႔လို ကစားသမားေတြကို အလွည့္က်ကစားေစတဲ့ၾကားထဲမွာ မွန္ကန္တဲ့ ဟန္ခ်က္ညီမၽွမႈကို ရွာေဖြဖို႔ ႐ုန္းကန္ေနရပါတယ္။ ေသာမတ္စ္ ပါေတး ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာၿပီး နယူးကာဆယ္နဲ႔ပြဲစဥ္မွာ ၎ရဲ့အာဆင္နယ္ကစားသမားဘဝ အေကာင္းဆုံးစြမ္းေဆာင္ရည္ထဲက တစ္ခုကို ျပသခဲ့ၿပီး လာမယ့္ပြဲစဥ္ေတြမွာလည္း ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးသြားမွာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ အခ်ိန္ေကာင္းမွာ ျပန္ကစားေပးနိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာေၾကာင့္ ေပါင္ ၄၅ သန္း သုံးစြဲခဲ့ရလဲဆိုတာကို သက္ေသျပသဖို႔ အခြင့္အေရးရရွိေနၿပီျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း ေသာမတ္စ္ ပါေတးဟာ ကြင္းလယ္မွာ လႊမ္းမိုးနိုင္စြမ္းကို ျပသခဲ့ၿပီး အမ္းမရိတ္စ္မွာ ယူနိုက္တက္နဲ႔ ထပ္မံရင္ဆိုင္ရမယ့္ပြဲစဥ္မွာလည္း အလားတူ အက်ိဳးသက္ေရာက္မႈမ်ိဳး ျပသနိုင္မယ္လို႔ ေမၽွာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.