Premier League

လီဗာပူးလ်ပရိသတ်တွေ ဒေါသထွက်စေမယ့် စကားကို ပြောကြားခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက လက်စတာစီးတီးနဲ့ တစ်ပွဲလျော့ ၄ မှတ်အကွာနဲ့ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၎င်းတို့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးမှာ နိုင်ပွဲ တစ်ပွဲမှ ရရှိခဲ့ခြင်းမရှိဘဲ နယူးကာဆယ်၊ ဝက်စ်ဘရွန်း၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ သရေကျခဲ့ပြီး ဆောက်သမ်တန်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း နောက်ဆုံးအနိုင်ရရှိထားခဲ့တာကတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က နောက်ဆုံးအနိုင်ရရှိထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံခြေစွမ်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် လီဗာပူးလ်အသင်းရဲ့ ရလဒ်တွေဟာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး နည်းပြယာဂင်ကလော့ပ်ဟာ တနင်္လာနေ့က Sky Sports နဲ့ တွေ့ဆုံရာမှာ လီဗာပူးလ်ပရိသတ်တွေ ယမ်းပုံမီးကျ ဒေါသထွက်စေမယ့် စကားကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“အရေးအကြီးဆုံးအရာက ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဖြစ်ပြီး အဲဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒီရာသီက ထိပ်ဆုံးလေးနေရာအတွက် ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်တိုက်စစ်မှူးဟောင်း နိုဝယ် ဝှီလန်က လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ကလော့ပ်ရဲ့ ပြောစကားကို ဒေါသထွက်နေကြမှာ သေချာတယ်လို့ ယုံကြည်နေပြီး ချန်ပီယံဖြစ်ထားတဲ့အသင်းအနေနဲ့ ပထမဆုံးနေရာကိုသာ မှန်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဆုဖလားက အရေးအကြီးဆုံးအရာပါ။ ထိပ်ဆုံးလေးနေရာမှာ ရာသီပြီးဆုံးဖို့မဟုတ်ပါဘူး။ ဒုတိယနေရာမှာ ရာသီပြီးဆုံးတာက အောင်မြင်တဲ့ ရာသီဖြစ်လိမ့်မယ်လို့ ခင်ဗျားက ကျွန်တော့်ကို ပြောနေတာလား။ လီဗာပူးလ်ပရိသတ်အများစုကတော့ ဒါက ကောင်းသင့်သလောက်မကောင်းဘူးလို့ ပြောကြမယ် ထင်ပါတယ်”

“သူတို့တွေ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ဖို့ အကြာကြီးစောင့်ဆိုင်းခဲ့ရပြီး အခုတော့ ထိပ်ဆုံးလေးနေရာက ဦးစားပေးလို့ ပြောစရာလား။ ခင်ဗျား အဲဒီလို မပြောသင့်ပါဘူး။ ခင်ဗျားက ချန်ပီယံဖြစ်နေတဲ့အချိန်မှာ ပထမနေရာကလွဲရင် တခြားဘယ်နေရာကိုမှ ကြည့်မနေသင့်ပါဘူး”လို့ Football Insider ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာက လက္စတာစီးတီးနဲ႔ တစ္ပြဲေလ်ာ့ ၄ မွတ္အကြာနဲ႔ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညမွာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အိမ္ကြင္းမွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၎တို႔ရဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲစလုံးမွာ နိုင္ပြဲ တစ္ပြဲမွ ရရွိခဲ့ျခင္းမရွိဘဲ နယူးကာဆယ္၊ ဝက္စ္ဘရြန္း၊ မန္ခ်က္စတာယူနိုက္တက္တို႔နဲ႔ သေရက်ခဲ့ၿပီး ေဆာက္သမ္တန္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္း ေနာက္ဆုံးအနိုင္ရရွိထားခဲ့တာကေတာ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ ခရစၥတယ္ပဲေလ့စ္အသင္းကို ၇-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္က ေနာက္ဆုံးအနိုင္ရရွိထားတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္ပါတယ္။

အထူးသျဖင့္ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံေျခစြမ္း ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ လီဗာပူးလ္အသင္းရဲ့ ရလဒ္ေတြဟာ အံ့အားသင့္စရာျဖစ္ခဲ့ၿပီး နည္းျပယာဂင္ကေလာ့ပ္ဟာ တနလၤာေန႔က Sky Sports နဲ႔ ေတြ႕ဆုံရာမွာ လီဗာပူးလ္ပရိသတ္ေတြ ယမ္းပုံမီးက် ေဒါသထြက္ေစမယ့္ စကားကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အေရးအႀကီးဆုံးအရာက ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔ျဖစ္ၿပီး အဲဒါက ဘယ္ေလာက္ခက္ခဲတယ္ဆိုတာကို ကၽြန္ေတာ္ သိပါတယ္။ ဒီရာသီက ထိပ္ဆုံးေလးေနရာအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ ၿပိဳင္ပြဲျဖစ္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ယူနိုက္တက္တိုက္စစ္မႉးေဟာင္း နိုဝယ္ ဝွီလန္က လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ကေလာ့ပ္ရဲ့ ေျပာစကားကို ေဒါသထြက္ေနၾကမွာ ေသခ်ာတယ္လို႔ ယုံၾကည္ေနၿပီး ခ်န္ပီယံျဖစ္ထားတဲ့အသင္းအေနနဲ႔ ပထမဆုံးေနရာကိုသာ မွန္းသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဆုဖလားက အေရးအႀကီးဆုံးအရာပါ။ ထိပ္ဆုံးေလးေနရာမွာ ရာသီၿပီးဆုံးဖို႔မဟုတ္ပါဘူး။ ဒုတိယေနရာမွာ ရာသီၿပီးဆုံးတာက ေအာင္ျမင္တဲ့ ရာသီျဖစ္လိမ့္မယ္လို႔ ခင္ဗ်ားက ကၽြန္ေတာ့္ကို ေျပာေနတာလား။ လီဗာပူးလ္ပရိသတ္အမ်ားစုကေတာ့ ဒါက ေကာင္းသင့္သေလာက္မေကာင္းဘူးလို႔ ေျပာၾကမယ္ ထင္ပါတယ္”

“သူတို႔ေတြ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းနိုင္ဖို႔ အၾကာႀကီးေစာင့္ဆိုင္းခဲ့ရၿပီး အခုေတာ့ ထိပ္ဆုံးေလးေနရာက ဦးစားေပးလို႔ ေျပာစရာလား။ ခင္ဗ်ား အဲဒီလို မေျပာသင့္ပါဘူး။ ခင္ဗ်ားက ခ်န္ပီယံျဖစ္ေနတဲ့အခ်ိန္မွာ ပထမေနရာကလြဲရင္ တျခားဘယ္ေနရာကိုမွ ၾကည့္မေနသင့္ပါဘူး”လို႔ Football Insider ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.