Premier League

အိုးထရက်ဖို့ဒ်ကို ပြန်လာမယ့် သဲလွန်စကို ပေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်ပရိသတ်အချို့ဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ လူမှုကွန်ရက်မှာ အိုးထရက်ဖို့ဒ်ကို ပြန်လာကောင်း ပြန်လာနိုင်တယ်ဆိုတဲ့ သဲလွန်စကြီးကြီးမားမား ပေးခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ဖူးတဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ အင်စတာဂရမ် လူမှုကွန်ရက်မှာ ပရိသတ်ပေါင်း ၂၅၅ သန်း ပိုင်ဆိုင်ထားသူဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေအားလုံးထက် ပရိသတ်ပိုမိုရရှိထားသူဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ လူမှုကွန်ရက်အကောင့်ဟာ အစီအစဉ်တကျ ကိုင်တွယ်ထိန်းချုပ်ထားတာဖြစ်တယ်လို့ အားလုံးက မျှော်မှန်းထားကြပြီး ပထမဆုံးအကြိမ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်အကောင့်ကို follow စတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်ကို အင်စတာဂရမ်မှာ followed လုပ်လိုက်ပြီ။ ဒါနဲ့စကားမစပ် သူ ရီးရဲလ်မက်ဒရစ်ကို Followed မလုပ်ထားဘူးနော်”လို့ တွစ်တာအသုံးပြုတဲ့ ယူနိုက်တက်ပရိသတ်တစ်ဦးက ထောက်ပြခဲ့ပါတယ်။ နောက်ထပ်ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း “ခရစ္စတီယာနို ရော်နယ်ဒိုက အင်စတာဂရမ်မှာ မန်ချက်စတာယူနိုက်တက်ကို Followed လုပ်လိုက်ပြီ။ သူ့ကို အိမ်ကို ပြန်ခေါ်ပါတော့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တူရင်က ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ အများအပြားရှိနေခဲ့ပြီး စီးရီးအေချန်ပီယံဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလတလျှောက်လုံး ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ တစ်နှစ်လုပ်ခလစာ ပေါင် ၂၈ သန်း ပေးချေနေရတဲ့ ရော်နယ်ဒိုကို ရောင်းချလိုက်ခြင်းက ဂျူဗင်တပ်အသင်းအတွက် ဘဏ္ဍာရေးထွက်ငွေကို ပြန်လည်ထိန်းညှိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေပါတယ်။

ရော်နယ်ဒိုဟာ လာမယ့်လမှာ အသက် ၃၆ နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမယ့်လည်း ယခုရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၉ ဂိုးအထိ အံ့အားသင့်ဖွယ်သွင်းဂိုး အရေအတွက်ကို သွင်းယူပေးနိုင်ဆဲဖြစ်ပြီး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ယူနိုက်တက်အတွက် ကောင်းမွန်တဲ့အလားအလာတွေရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့အဝတ်လဲခန်းအတွင်းမှာ ကြီးမားတဲ့လွှမ်းမိုးနိုင်စွမ်းရှိလာမှာဖြစ်ပြီး ၎င်းဆီကနေ လေ့ကျင့်ရေးမှာ နမူနာယူနိုင်မှာဖြစ်တာကြောင့် မေဆင်ဂရင်းဝုဒ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အာမက် ဂျယ်လို၊ ဒန်နီရယ် ဂျိမ်းစ်နဲ့ မာစီယယ်လ်တို့လို ကစားသမားတွေအတွက် များစွာအထောက်အကူဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

ယခုရာသီအကုန်မှာ ဂျူဗင်တပ်အသင်းအနေနဲ့ ၎င်းတို့ရဲ့ ကျောနံပါတ် ၇ ကစားသမားကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက ပေါ်တူဂီကြယ်ပွင့်ရဲ့ ကြီးမားတဲ့လစာပမာဏကို ပေးချေနိုင်တဲ့ အသင်းအနည်းငယ်တွေထဲက တစ်သင်းအဖြစ် ပါဝင်နေတာကြောင့် ယူနိုက်တက်ပရိသတ်တွေက အပြောင်းအရွှေ့ကို အရမ်းဖြစ်မြောက်စေချင်နေတယ်ဆိုတာ ရှင်းပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ပရိသတ္အခ်ိဳ႕ဟာ ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ လူမႈကြန္ရက္မွာ အိုးထရက္ဖို႔ဒ္ကို ျပန္လာေကာင္း ျပန္လာနိုင္တယ္ဆိုတဲ့ သဲလြန္စႀကီးႀကီးမားမား ေပးခဲ့တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ၆ ရာသီၾကာ ကစားခဲ့ဖူးတဲ့ ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ အင္စတာဂရမ္ လူမႈကြန္ရက္မွာ ပရိသတ္ေပါင္း ၂၅၅ သန္း ပိုင္ဆိုင္ထားသူျဖစ္ၿပီး ကမၻာေပၚမွာရွိတဲ့ နာမည္ေက်ာ္ပုဂၢိဳလ္ေတြအားလုံးထက္ ပရိသတ္ပိုမိုရရွိထားသူျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ့ လူမႈကြန္ရက္အေကာင့္ဟာ အစီအစဥ္တက် ကိုင္တြယ္ထိန္းခ်ဳပ္ထားတာျဖစ္တယ္လို႔ အားလုံးက ေမၽွာ္မွန္းထားၾကၿပီး ပထမဆုံးအႀကိမ္အျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ တရားဝင္အေကာင့္ကို follow စတင္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ခရစၥတီယာနိုေရာ္နယ္ဒိုကေတာ့ မန္ခ်က္စတာယူနိုက္တက္ကို အင္စတာဂရမ္မွာ followed လုပ္လိုက္ၿပီ။ ဒါနဲ႔စကားမစပ္ သူ ရီးရဲလ္မက္ဒရစ္ကို Followed မလုပ္ထားဘူးေနာ္”လို႔ တြစ္တာအသုံးျပဳတဲ့ ယူနိုက္တက္ပရိသတ္တစ္ဦးက ေထာက္ျပခဲ့ပါတယ္။ ေနာက္ထပ္ယူနိုက္တက္ပရိသတ္တစ္ဦးကလည္း “ခရစၥတီယာနို ေရာ္နယ္ဒိုက အင္စတာဂရမ္မွာ မန္ခ်က္စတာယူနိုက္တက္ကို Followed လုပ္လိုက္ၿပီ။ သူ႔ကို အိမ္ကို ျပန္ေခၚပါေတာ့”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

တူရင္က ေရာ္နယ္ဒိုရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ အမ်ားအျပားရွိေနခဲ့ၿပီး စီးရီးေအခ်န္ပီယံဟာ ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါျဖစ္ပြားေနတဲ့ ကာလတေလၽွာက္လုံး ဘ႑ာေရးပိုင္းဆိုင္ရာ အၾကပ္အတည္းေတြနဲ႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၂၈ သန္း ေပးေခ်ေနရတဲ့ ေရာ္နယ္ဒိုကို ေရာင္းခ်လိုက္ျခင္းက ဂ်ဴဗင္တပ္အသင္းအတြက္ ဘ႑ာေရးထြက္ေငြကို ျပန္လည္ထိန္းညႇိနိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေနပါတယ္။

ေရာ္နယ္ဒိုဟာ လာမယ့္လမွာ အသက္ ၃၆ ႏွစ္ျပည့္ေျမာက္ေတာ့မွာျဖစ္ေပမယ့္လည္း ယခုရာသီမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ ၁၉ ဂိုးအထိ အံ့အားသင့္ဖြယ္သြင္းဂိုး အေရအတြက္ကို သြင္းယူေပးနိုင္ဆဲျဖစ္ၿပီး ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူမယ္ဆိုရင္ ယူနိုက္တက္အတြက္ ေကာင္းမြန္တဲ့အလားအလာေတြရွိေနတာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္ရဲ့အဝတ္လဲခန္းအတြင္းမွာ ႀကီးမားတဲ့လႊမ္းမိုးနိုင္စြမ္းရွိလာမွာျဖစ္ၿပီး ၎ဆီကေန ေလ့က်င့္ေရးမွာ နမူနာယူနိုင္မွာျဖစ္တာေၾကာင့္ ေမဆင္ဂရင္းဝုဒ္၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အာမက္ ဂ်ယ္လို၊ ဒန္နီရယ္ ဂ်ိမ္းစ္နဲ႔ မာစီယယ္လ္တို႔လို ကစားသမားေတြအတြက္ မ်ားစြာအေထာက္အကူျဖစ္လာနိုင္မွာ ျဖစ္ပါတယ္။

ယခုရာသီအကုန္မွာ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ၎တို႔ရဲ့ ေက်ာနံပါတ္ ၇ ကစားသမားကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္အသင္းက ေပၚတူဂီၾကယ္ပြင့္ရဲ့ ႀကီးမားတဲ့လစာပမာဏကို ေပးေခ်နိုင္တဲ့ အသင္းအနည္းငယ္ေတြထဲက တစ္သင္းအျဖစ္ ပါဝင္ေနတာေၾကာင့္ ယူနိုက္တက္ပရိသတ္ေတြက အေျပာင္းအေရႊ႕ကို အရမ္းျဖစ္ေျမာက္ေစခ်င္ေနတယ္ဆိုတာ ရွင္းပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.