Premier League

20 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများစုစည်းမှု

-ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့ညက လက်စတာစီတီးအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ရလဒ်ဆိုးတွေ ဆက်လက်ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြလမ်းပတ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် အတွေ့အကြုံရှိတဲ့နည်းပြကို ရှာဖွေနေပြီလို့ The Athletic က ဖော်ပြခဲ့ပြီး ယခုအပတ် တနင်္ဂနွေနေ့မှာ ကစားရမယ့် လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်တဆင့် တက်ရောက်နိုင်မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ရှုံးပွဲတစ်ခုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေတယ်လို့ ဝန်ခံခဲ့ပြီး အဲဒါကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အသင်းရဲ့ စရိုက်လက္ခဏာ ပြသဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့။

-ဂျေမီ ရက်က်နက်ဟာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းကစားသမားတွေကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဟတ်ဒ်ဆန်-အိုဒွိုင်းဟာ အခွင့်အရေးရတဲ့အချိန်မှာ များများစားစား ဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ ဝေဖန်ခဲ့သလို ကွင်းလယ်မှာလည်း ဟန်ချက်ဆိုးဆိုးရွားရွား ပျက်နေတာနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်ကို ပြစ်တင်ခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ၎င်းရဲ့အသင်းဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ပြီး နောက်ဆုံးအဝေးကွင်း ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နည်းပြရာထူးအတွက် ဖိအားတွေတိုးလာခဲ့တဲ့ လမ်းပတ်က ၎င်းဟာ ဖိအားတွေကို ကိုင်တွယ်ရာမှာ တော်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးနောက်ခံကစားသမား ရီးစ် ဂျိမ်းစ်ဟာ အင်္ဂါနေ့ညမှာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဒုတိယဂိုးကိုး ဆိုးရွားစွာ ခံစစ်ချဉ်းကပ်ခဲ့တဲ့အတွက် ဂျေမီ ရက်က်နက်ရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ညာနောက်ခံကစားသမားဖြစ်လာဖို့အတွက် အခြေခံလေ့လာသင်ယူမှုက အရေးကြီးတယ်လို့ ရက်က်နက်က ပြောကြားခဲ့။

-လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ယခုရာသီ လက်စတာစီးတီးအသင်းရဲ့ ဆုဖလားစိန်ခေါ်နိုင်ခြေနဲ့ပတ်သက်ပြီး ဆက်လက် ငြင်းဆိုသွားခဲ့ပြီး မန်စီးတီး၊ လီဗာပူးလ်တို့ရဲ့ အရည်အသွေးက ချန်ပီယံတွေဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ အလွန်ကောင်းမွန်တယ်လို့ ပြောကြားခဲ့။

-လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်က ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာကို တက်လှမ်းနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့အားနည်းချက်ဖြစ်တဲ့ ပြန်တည်ဘောတွေကနေ ထိုးဖောက်နိုင်မယ်လို့ လက်စတာစီးတီးက ယုံကြည်ချက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ပြန်တည်ဘောတွေမှာ တခါတရံ သိပ်အာရုံမစိုက်ထားတာကို တွေ့ခဲ့တဲ့အတွက် အဲဒီကနေ အခွင့်အရေးရနိုင်တယ်လို့ သိခဲ့တယ်လို့ မက်ဒီဆင်က ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔ညက လက္စတာစီတီးအသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ရလဒ္ဆိုးေတြ ဆက္လက္ရင္ဆိုင္ခဲ့ရၿပီးေနာက္ နည္းျပလမ္းပတ္ရဲ့ ေနရာမွာ အစားထိုးဖို႔အတြက္ အေတြ႕အၾကဳံရွိတဲ့နည္းျပကို ရွာေဖြေနၿပီလို႔ The Athletic က ေဖာ္ျပခဲ့ၿပီး ယခုအပတ္ တနဂၤေႏြေန႔မွာ ကစားရမယ့္ လူတန္ေတာင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ ေနာက္တဆင့္ တက္ေရာက္နိုင္မလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ဟာ ရႈံးပြဲတစ္ခုသာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ့ ဆိုးရြားတဲ့စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနတယ္လို႔ ဝန္ခံခဲ့ၿပီး အဲဒါကို ေျပာင္းလဲပစ္နိုင္ဖို႔အတြက္ အသင္းရဲ့ စရိုက္လကၡဏာ ျပသဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့။

-ေဂ်မီ ရက္က္နက္ဟာ လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြက္ ခ်ဲလ္ဆီးအသင္းကစားသမားေတြကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ဟတ္ဒ္ဆန္-အိုဒြိဳင္းဟာ အခြင့္အေရးရတဲ့အခ်ိန္မွာ မ်ားမ်ားစားစား ဘာမွ မလုပ္နိုင္ခဲ့ဘူးလို႔ ေဝဖန္ခဲ့သလို ကြင္းလယ္မွာလည္း ဟန္ခ်က္ဆိုးဆိုးရြားရြား ပ်က္ေနတာနဲ႔ပတ္သက္ၿပီး နည္းျပလမ္းပတ္ကို ျပစ္တင္ခဲ့။

LEICESTER, ENGLAND – JANUARY 19:

-ခ်ဲလ္ဆီးအသင္းနည္းၿပ လမ္းပတ္က လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ပရီးမီးယားလိဂ္ဆုဖလားကို စိန္ေခၚနိုင္ဖို႔အတြက္ ၎ရဲ့အသင္းဟာ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာၾကားခဲ့ၿပီး ေနာက္ဆုံးအေဝးကြင္း ၅ ပြဲမွာ ၄ ပြဲအထိ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း နည္းျပရာထူးအတြက္ ဖိအားေတြတိုးလာခဲ့တဲ့ လမ္းပတ္က ၎ဟာ ဖိအားေတြကို ကိုင္တြယ္ရာမွာ ေတာ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးေနာက္ခံကစားသမား ရီးစ္ ဂ်ိမ္းစ္ဟာ အဂၤါေန႔ညမွာ လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ဒုတိယဂိုးကိုး ဆိုးရြားစြာ ခံစစ္ခ်ဥ္းကပ္ခဲ့တဲ့အတြက္ ေဂ်မီ ရက္က္နက္ရဲ့ ေဝဖန္မႈကို ခံခဲ့ရၿပီး ညာေနာက္ခံကစားသမားျဖစ္လာဖို႔အတြက္ အေျခခံေလ့လာသင္ယူမႈက အေရးႀကီးတယ္လို႔ ရက္က္နက္က ေျပာၾကားခဲ့။

-လက္စတာစီးတီးအသင္းနည္းၿပ ဘရန္ဒန္ေရာ္ဂ်ာက ခ်ဲလ္ဆီးအသင္းကို အနိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္ေရာက္နိုင္ခဲ့ေပမယ့္လည္း ယခုရာသီ လက္စတာစီးတီးအသင္းရဲ့ ဆုဖလားစိန္ေခၚနိုင္ေျခနဲ႔ပတ္သက္ၿပီး ဆက္လက္ ျငင္းဆိုသြားခဲ့ၿပီး မန္စီးတီး၊ လီဗာပူးလ္တို႔ရဲ့ အရည္အေသြးက ခ်န္ပီယံေတြျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ကေတာ့ အလြန္ေကာင္းမြန္တယ္လို႔ ေျပာၾကားခဲ့။

Leicester City’s English midfielder James Maddison (L) scores his team’s second goal during the English Premier League football match between Leicester City and Chelsea at the King Power Stadium in Leicester, central England on January 19, 2021. (Photo by Tim Keeton / POOL / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / (Photo by TIM KEETON/POOL/AFP via Getty Images)

-လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္က ခ်ဲလ္ဆီးအသင္းကို အနိုင္ယူၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာကို တက္လွမ္းနိုင္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးရဲ့အားနည္းခ်က္ျဖစ္တဲ့ ျပန္တည္ေဘာေတြကေန ထိုးေဖာက္နိုင္မယ္လို႔ လက္စတာစီးတီးက ယုံၾကည္ခ်က္ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ ျပန္တည္ေဘာေတြမွာ တခါတရံ သိပ္အာ႐ုံမစိုက္ထားတာကို ေတြ႕ခဲ့တဲ့အတြက္ အဲဒီကေန အခြင့္အေရးရနိုင္တယ္လို႔ သိခဲ့တယ္လို႔ မက္ဒီဆင္က ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.