Premier League

အဲရစ္ ဒိုင္ယာရဲ႕လုပ္ရပ္ကို ေတာ့တင္ဟမ္ပရိသတ္ေတြ ေထာက္ခံ

ေနာ့၀စ္ခ်္စီးတီးကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက ရွဳံးနိမ့္ခဲ့ၿပီး ၿပဳိင္ပြဲက ထြက္ခဲ့ရတဲ့ အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္အၿပီးမွာ သူ႔ရဲ႕ မိသားစု၀င္တစ္ေယာက္နဲ႔ ပတ္သက္လို႔ ပြဲၾကည့္စင္ေပၚအထိ ေဒါသတႀကီး တက္ေရာက္တံု႔ျပန္ခဲ့တဲ့ ကြင္းလယ္လူ အဲရစ္ ဒိုင္ယာကို ေတာ့တင္ဟမ္ပရိသတ္အခ်ိဳ႕ကိုယ္တိုင္က ေထာက္ခံအားေပးခဲ့ပါတယ္။

အဲရစ္ ဒိုင္ယာဟာ ေနာ့၀စ္ခ်္စီးတီးကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရွဳံးခဲ့တဲ့ပြဲမွာ ေတာ့တင္ဟမ္ရဲ႕ ပထမဆံုး အဆံုးအျဖတ္ပင္နယ္တီကို ဂိုး၀င္ေအာင္ ကန္သြင္းႏိုင္ခဲ့ေပမယ့္ အဲရစ္ လာမယ္လာ၊ ထရြိဳင္ ပဲေရာ့နဲ႔ ဂ်က္ဒ္ဆန္ ဖာနန္ဒက္စ္တို႔ ကန္သြင္းတဲ့ ပင္နယ္တီေတြ ဂိုးမ၀င္ခဲ့လို႔ ေနာ့၀စ္ခ်္စီးတီးကို ပင္နယ္တီအဆံုးအျဖတ္မွာ (၃)ဂိုး၊ (၂)ဂိုးနဲ႔ ရႈံးခဲ့ပါတယ္။

ပင္နယ္တီအဆံုးအျဖတ္ၿပီးလို႔ အ၀တ္လဲခန္းကိုသြားဖို႔ ျပင္ေနခ်ိန္မွာ ေၾကာ္ျငာဘုတ္ကို ရုတ္တရက္ ခုန္ေက်ာ္ၿပီး ပြဲၾကည့္စင္ေလွကားထစ္(၂၀)ေလာက္ကို တစ္ဆင့္ၿပီးတစ္ဆင့္ ေျပးတက္သြားခဲ့တဲ့ သူ႔ရဲ႕လုပ္ရပ္ကို ေသခ်ာမသိခဲ့ၾကေပမယ့္ ေနာက္ပိုင္းသတင္းေတြ ထြက္လာခ်ိန္မွာေတာ့ ပြဲၾကည့္စင္ေပၚမွာ သူ႔ ညီတစ္ေယာက္နဲ႔ ေတာ့တင္ဟမ္ပရိသတ္တစ္စု အခ်င္းမ်ားေနတာကို ေတြ႔လိုက္တာေၾကာင့္ ဒိုင္ယာဟာ ပြဲၾကည့္စင္ေပၚ ေျပးတက္သြားတာျဖစ္ေၾကာင္း သေဘာေပါက္ခဲ့ၾကပါတယ္။

ပြဲၾကည့္စင္ေပၚကို ခုန္ေက်ာ္သြားရင္း “အဲဒါ ငါ့ညီ…အဲဒါ င့ါညီ”လို႔ သူ ေအာ္ေျပာသြားခဲ့တာကိုလည္း ၾကားခဲ့ၾကရပါတယ္။ ဒီလိုခုန္ေက်ာ္သြားပံုေတြကို လူမႈကြန္ယက္၀က္ဘ္ဆိုက္ဒ္ေတြမွာ ဗီဒီယိုကလစ္နဲ႔တကြ တင္ခဲ့သူေတြ အမ်ားႀကီးရွိခဲ့ၿပီး သူ႔လုပ္ရပ္ကို နည္းျပ ေမာ္ရင္ညိဳက နားလည္ေပးႏိုင္ေပမယ့္ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္တဲ့အတြက္ မလုပ္သင့္ဘူးလို႔ ပြဲအၿပီးမွာေျပာပါတယ္။ တစ္ဆက္တည္းမွာပဲ အက္ဖ္ေအစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီကလည္း သူ႔ကို အေရးယူဖို႔ စံုစမ္းစစ္ေဆးေတာ့မယ္လို႔ ယံုၾကည္ရပါတယ္။

ဒါေပမယ့္ လူမႈကြန္ယက္၀က္ဘ္ဆိုက္ေတြမွာေတာ့ စပါးစ္ပရိသတ္ေတြကိုယ္တိုင္က ဒိုင္ယာကို အားေပးေထာက္ခံထားတဲ့ စကားေတြ ေရးသားခဲ့ၾကၿပီး ပရိသတ္တစ္ေယာက္က သူ႔အေကာင့္ကေန “သူ႔ကို ဘာျပစ္ဒဏ္မွ ေပးစရာမလုိပါဘူး။ အဲ့ဒီပရိသတ္ကိုပဲ ဖမ္းသင့္ပါတယ္။ ဖမ္းၿပီးရင္ ဒဏ္ေငြေပါင္ ၅၀၀၀ တပ္ၿပီး ေဘာလံုးပြဲတိုင္း ပြဲၾကည့္ခြင့္ပိတ္သင့္တယ္”လို႔ ဒိုင္ယာဘက္က ကာကြယ္ေရးသားခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: နော့ဝစ်ချ်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းက ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အပြီးမှာ သူ့ရဲ့ မိသားစုဝင်တစ်ယောက်နဲ့ ပတ်သက်လို့ ပွဲကြည့်စင်ပေါ်အထိ ဒေါသတကြီး တက်ရောက်တုံ့ပြန်ခဲ့တဲ့ ကွင်းလယ်လူ အဲရစ် ဒိုင်ယာကို တော့တင်ဟမ်ပရိသတ်အချို့ကိုယ်တိုင်က ထောက်ခံအားပေးခဲ့ပါတယ်။

အဲရစ် ဒိုင်ယာဟာ နော့ဝစ်ချ်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့တဲ့ပွဲမှာ တော့တင်ဟမ်ရဲ့ ပထမဆုံး အဆုံးအဖြတ်ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် အဲရစ် လာမယ်လာ၊ ထရွိုင် ပဲရော့နဲ့ ဂျက်ဒ်ဆန် ဖာနန်ဒက်စ်တို့ ကန်သွင်းတဲ့ ပင်နယ်တီတွေ ဂိုးမဝင်ခဲ့လို့ နော့ဝစ်ချ်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်မှာ (၃)ဂိုး၊ (၂)ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ပြီးလို့ အဝတ်လဲခန်းကိုသွားဖို့ ပြင်နေချိန်မှာ ကြော်ငြာဘုတ်ကို ရုတ်တရက် ခုန်ကျော်ပြီး ပွဲကြည့်စင်လှေကားထစ်(၂၀)လောက်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြေးတက်သွားခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ကို သေချာမသိခဲ့ကြပေမယ့် နောက်ပိုင်းသတင်းတွေ ထွက်လာချိန်မှာတော့ ပွဲကြည့်စင်ပေါ်မှာ သူ့ ညီတစ်ယောက်နဲ့ တော့တင်ဟမ်ပရိသတ်တစ်စု အချင်းများနေတာကို တွေ့လိုက်တာကြောင့် ဒိုင်ယာဟာ ပွဲကြည့်စင်ပေါ် ပြေးတက်သွားတာဖြစ်ကြောင်း သဘောပေါက်ခဲ့ကြပါတယ်။

ပွဲကြည့်စင်ပေါ်ကို ခုန်ကျော်သွားရင်း “အဲဒါ ငါ့ညီ…အဲဒါ င့ါညီ”လို့ သူ အော်ပြောသွားခဲ့တာကိုလည်း ကြားခဲ့ကြရပါတယ်။ ဒီလိုခုန်ကျော်သွားပုံတွေကို လူမှုကွန်ယက်ဝက်ဘ်ဆိုက်ဒ်တွေမှာ ဗီဒီယိုကလစ်နဲ့တကွ တင်ခဲ့သူတွေ အများကြီးရှိခဲ့ပြီး သူ့လုပ်ရပ်ကို နည်းပြ မော်ရင်ညိုက နားလည်ပေးနိုင်ပေမယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ ပွဲအပြီးမှာပြောပါတယ်။ တစ်ဆက်တည်းမှာပဲ အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေး ကော်မတီကလည်း သူ့ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတော့မယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့် လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေမှာတော့ စပါးစ်ပရိသတ်တွေကိုယ်တိုင်က ဒိုင်ယာကို အားပေးထောက်ခံထားတဲ့ စကားတွေ ရေးသားခဲ့ကြပြီး ပရိသတ်တစ်ယောက်က သူ့အကောင့်ကနေ “သူ့ကို ဘာပြစ်ဒဏ်မှ ပေးစရာမလိုပါဘူး။ အဲ့ဒီပရိသတ်ကိုပဲ ဖမ်းသင့်ပါတယ်။ ဖမ်းပြီးရင် ဒဏ်ငွေပေါင် ၅၀၀၀ တပ်ပြီး ဘောလုံးပွဲတိုင်း ပွဲကြည့်ခွင့်ပိတ်သင့်တယ်”လို့ ဒိုင်ယာဘက်က ကာကွယ်ရေးသားခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.