Premier League Transfer News

20 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းပြသနေခဲ့တဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ဖန်တီးရှင် အီမီးလ် စမစ်ရိုးအတွက် ဆုချတဲ့အနေနဲ့ စာချုပ်သစ်ပေးအပ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိလုပ်ခရဲ့ နှစ်ဆနီးပါးဖြစ်တဲ့ ပေါင် ၄ သောင်းနဲ့ နှစ်ရှည်စာချုပ် ကမ်းလှမ်းဖို့ ရှိနေ။

– အက်သလက်တီကို မက်ဒရစ်အသင်းဆီ အငှားချထားပြီး ကစားခွင့် သိပ်မရတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားအတွက် အင်တာမီလန်ရဲ့ ကမ်းလှမ်းမှု ရှိနေတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ဒီအသင်းမှာပဲ ရာသီကုန်အထိ ဆက်နေသွားမယ်လို့ ပြောကြား။

– ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ လုပ်ဆောင်နေတဲ့ နော့ဝစ်ချ်စီးတီးအသင်းရဲ့ နည်းပြ ဒန်နီယယ်လ် ဖာကာက ဇန်နဝါရီလို ကာလမျိုးမှာ အသင်းရဲ့ ရည်မှန်းချက်ကို အပျက်စီးခံပြီး အီမီလီယာနို ဘွင်ဒီယာလို ကစားသမားမျိုးကို ရောင်းချရမယ်ဆိုတာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ၉၉ ရာခိုင်နှုန်းရှိတယ်လို့ဆို။

– တူရကီမြေ အစ္စတန်ဘူလ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဆိုရှယ်မီဒီယာတွေက ပုံတွေကိုလည်း အပြာနဲ့ အဝါကို ပြောင်းလဲထားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အသင်းရဲ့ ကစားသမားသစ်အဖြစ် လာမယ့် စနေနေ့မှာ တရားဝင်ကြေငြာနိုင်လိမ့်မယ်လို့ ဖီနာဘာချီ အသင်းဘက် ထုတ်ပြန်ထား။

– အီးမီးလ် စမစ်ရိုးကြောင့် ဂဏန်းငြိမ်သွားသလောက်ရှိနေခဲ့တဲ့ ကွင်းလယ်တိုက်စစ်နဲ့ ဖန်တီးမှုအတွက် စိတ်အေးသွားခဲ့တဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးအနေနဲ့ ဆဲလ်တစ်အသင်းကနေ ရောင်းချဖို့ ရှိနေခဲ့တဲ့ တိုက်စစ်မှူး အော့စ်ဒွန်း အေဒူယာအတွက် စုံစမ်းနေပြီး ငွေကြေးပေးချေမှုအတွက် အဆင်ပြေရင် ဇန်နဝါရီမှာ အားဖြည့်သွားဖို့ ပြင်ဆင်နေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအတွက်တော့ စိတ်ပျက်စရာ ပွဲစဉ်ရေးဆွဲမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ရှရူးဘာရီအသင်းကို အနိုင်ရခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ၄ ရက်အတွင်းမှာ အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို အဝေးကွင်း စိန့်မေရီမှာ ဆက်တိုက်ကစားရဖို့ ရှိနေ။

– ဇန်နဝါရီမှာ အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး အသင်းသစ် ရှာဖွေနေခဲ့တဲ့ ဂရိနောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အတွက် ရီးရဲလ် ဘက်တစ်နဲ့ နီးစပ်နေချိန်မှာ အသင်းဟောင်း ဂျီနိုအာကလည်း ပြန်လည်ချဉ်းကပ်လာခဲ့ပြီး အာဆင်နယ်ပရိသတ်တွေ ကတော့ အာရုံများပြီး ဘယ်အသင်းကိုမှ မပြောင်းနိုင်မှာကို စိုးရိမ်နေကြ။

– အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲကို ပါဝင်သွားခဲ့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကတော့ တစ်ပတ်အတွင်း ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ တတိယမြောက် ကစားသမားအဖြစ် ပါဘလို မာရီ၊ ကီရန် တီယာနီတို့နဲ့အတူ မှတ်တမ်းဝင်သွားခဲ့ပြီး တစ်ပတ်ကနေ ဆယ်ရက်လောက် အနားယူရဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အောက်တန်းအသင်းတွေမှာ ကျင်လည်နေခဲ့ရတဲ့ တောင်ပံကစားသမား ဆန်းချက်ဇ် ဝပ်ထ်က အသင်းအနေနဲ့ လစ်လပ်သွားဖို့ ရှိနေတဲ့ ကျောနံပါတ် ၁၀ ကို လက်ရှိကစားသမားတွေထဲက ဘယ်သူ့ကိုမှ ပြောင်းလဲပေးအပ်ခြင်းမပြုဘဲ ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ဆွဲဆောင်မှုအနေနဲ့ ချန်လှပ်ထားသင့်တယ်လို့ အကြံပေး။

– ပရီးမီးယားလိဂ်ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးရားက ဘောလုံးနဲ့ရော၊ ဘောလုံးမပါချိန်တွေမှာပါ အသင်းအတွက် အကျိုးပြုနိုင်ခဲ့တဲ့ ကွင်းလယ်လူ စမစ်ရိုးကို ချီးကျူးလိုက်ပြီး အာဆင်နယ်အသင်းရဲ့ ရလဒ်တွေ ပြန်တက်လာတာဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ အသင်းထဲမှာ သူရှိနေလို့ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေျခစြမ္းျပသေနခဲ့တဲ့ လူငယ္ၾကယ္ပြင့္ ကြင္းလယ္ဖန္တီးရွင္ အီမီးလ္ စမစ္႐ိုးအတြက္ ဆုခ်တဲ့အေနနဲ႔ စာခ်ဳပ္သစ္ေပးအပ္ဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး လက္ရွိလုပ္ခရဲ႕ ႏွစ္ဆနီးပါးျဖစ္တဲ့ ေပါင္ ၄ ေသာင္းနဲ႔ ႏွစ္ရွည္စာခ်ဳပ္ ကမ္းလွမ္းဖို႔ ရွိေန။

– အက္သလက္တီကို မက္ဒရစ္အသင္းဆီ အငွားခ်ထားၿပီး ကစားခြင့္ သိပ္မရတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ ေအးဂ်င့္ကေတာ့ သူ႔ကစားသမားအတြက္ အင္တာမီလန္ရဲ႕ ကမ္းလွမ္းမႈ ရွိေနတယ္ဆိုတာ မဟုတ္ေၾကာင္းနဲ႔ ဒီအသင္းမွာပဲ ရာသီကုန္အထိ ဆက္ေနသြားမယ္လို႔ ေျပာၾကား။

– ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ဖို႔ လုပ္ေဆာင္ေနတဲ့ ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ နည္းျပ ဒန္နီယယ္လ္ ဖာကာက ဇန္နဝါရီလို ကာလမ်ိဳးမွာ အသင္းရဲ႕ ရည္မွန္းခ်က္ကို အပ်က္စီးခံၿပီး အီမီလီယာႏို ဘြင္ဒီယာလို ကစားသမားမ်ိဳးကို ေရာင္းခ်ရမယ္ဆိုတာ အဓိပၸါယ္မရွိေၾကာင္းနဲ႔ ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ၉၉ ရာခိုင္ႏႈန္းရွိတယ္လို႔ဆို။

– တူရကီေျမ အစၥတန္ဘူလ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဆိုရွယ္မီဒီယာေတြက ပုံေတြကိုလည္း အျပာနဲ႔ အဝါကို ေျပာင္းလဲထားခဲ့ၿပီျဖစ္တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို အသင္းရဲ႕ ကစားသမားသစ္အျဖစ္ လာမယ့္ စေနေန႔မွာ တရားဝင္ေၾကျငာႏိုင္လိမ့္မယ္လို႔ ဖီနာဘာခ်ီ အသင္းဘက္ ထုတ္ျပန္ထား။

– အီးမီးလ္ စမစ္႐ိုးေၾကာင့္ ဂဏန္းၿငိမ္သြားသေလာက္ရွိေနခဲ့တဲ့ ကြင္းလယ္တိုက္စစ္နဲ႔ ဖန္တီးမႈအတြက္ စိတ္ေအးသြားခဲ့တဲ့ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ဆဲလ္တစ္အသင္းကေန ေရာင္းခ်ဖို႔ ရွိေနခဲ့တဲ့ တိုက္စစ္မႉး ေအာ့စ္ဒြန္း ေအဒူယာအတြက္ စုံစမ္းေနၿပီး ေငြေၾကးေပးေခ်မႈအတြက္ အဆင္ေျပရင္ ဇန္နဝါရီမွာ အားျဖည့္သြားဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ စိတ္ပ်က္စရာ ပြဲစဥ္ေရးဆြဲမႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ရွ႐ူးဘာရီအသင္းကို အႏိုင္ရခဲ့တဲ့ ေဆာက္သမ္တန္အသင္းနဲ႔ ၄ ရက္အတြင္းမွာ အက္ဖ္ေအဖလားရဲ႕ စတုတၳအဆင့္နဲ႔ ပရီးမီးယားလိဂ္ပြဲေတြကို အေဝးကြင္း စိန႔္ေမရီမွာ ဆက္တိုက္ကစားရဖို႔ ရွိေန။

– ဇန္နဝါရီမွာ အမ္းမရိတ္ကေန ထြက္ခြာဖို႔ ျပင္ဆင္ေနၿပီး အသင္းသစ္ ရွာေဖြေနခဲ့တဲ့ ဂရိေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္အတြက္ ရီးရဲလ္ ဘက္တစ္နဲ႔ နီးစပ္ေနခ်ိန္မွာ အသင္းေဟာင္း ဂ်ီႏိုအာကလည္း ျပန္လည္ခ်ဥ္းကပ္လာခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြ ကေတာ့ အာ႐ုံမ်ားၿပီး ဘယ္အသင္းကိုမွ မေျပာင္းႏိုင္မွာကို စိုးရိမ္ေနၾက။

– အာဆင္နယ္အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြထဲကို ပါဝင္သြားခဲ့တဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကေတာ့ တစ္ပတ္အတြင္း ေျခသလုံးႂကြက္သားဒဏ္ရာ ရရွိခဲ့တဲ့ တတိယေျမာက္ ကစားသမားအျဖစ္ ပါဘလို မာရီ၊ ကီရန္ တီယာနီတို႔နဲ႔အတူ မွတ္တမ္းဝင္သြားခဲ့ၿပီး တစ္ပတ္ကေန ဆယ္ရက္ေလာက္ အနားယူရဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ လူငယ္ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာေတာ့ ေအာက္တန္းအသင္းေတြမွာ က်င္လည္ေနခဲ့ရတဲ့ ေတာင္ပံကစားသမား ဆန္းခ်က္ဇ္ ဝပ္ထ္က အသင္းအေနနဲ႔ လစ္လပ္သြားဖို႔ ရွိေနတဲ့ ေက်ာနံပါတ္ ၁၀ ကို လက္ရွိကစားသမားေတြထဲက ဘယ္သူ႔ကိုမွ ေျပာင္းလဲေပးအပ္ျခင္းမျပဳဘဲ ကစားသမားေကာင္းေတြကို ေခၚယူဖို႔ ဆြဲေဆာင္မႈအေနနဲ႔ ခ်န္လွပ္ထားသင့္တယ္လို႔ အႀကံေပး။

– ပရီးမီးယားလိဂ္ဂႏၴဝင္ တိုက္စစ္မႉးေဟာင္းႀကီး အလန္ ရွီးရားက ေဘာလုံးနဲ႔ေရာ၊ ေဘာလုံးမပါခ်ိန္ေတြမွာပါ အသင္းအတြက္ အက်ိဳးျပဳႏိုင္ခဲ့တဲ့ ကြင္းလယ္လူ စမစ္႐ိုးကို ခ်ီးက်ဴးလိုက္ၿပီး အာဆင္နယ္အသင္းရဲ႕ ရလဒ္ေတြ ျပန္တက္လာတာဟာ တိုက္ဆိုင္မႈ မဟုတ္ဘဲ အသင္းထဲမွာ သူရွိေနလို႔ျဖစ္ေၾကာင္း ခိုင္ခိုင္မာမာ ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.