Premier League

20 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု

 

 

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းမှာ ကြီးမားတဲ့အရည်အသွေးကို စွမ်းဆောင်ရည်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ လုခ်ရှောရဲ့ ရင့်ကျက်လာမှုကို ချီးကျူးပြောကြားခဲ့ပြီး နောက်ခံကစားသမားတစ်ဦး လုပ်သင့်အရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့။

 

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ် ရိုးကို ချီးကျူးခဲ့ပြီး လူငယ်ကွင်းလယ်ကစားသမားဟာ နည်းပြ အာစင်ဝင်းဂါးရဲ့ အကောင်းဆုံးအာဆင်နယ်အသင်းမှာ ကစားနိုင်တဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘောလုံးနဲ့အတူ ရွေ့လျားနိုင်ပေမယ့် မှန်ကန်တဲ့အချိန်မှာ ဘောလုံးကို ထုတ်ပေးနိုင်တဲ့ ကစားသမားကောင်းဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက လီဗာပူးလ်အသင်းနဲ့ပွဲစဉ်က အကျိုးသက်ရောက်မှုမရှိတဲ့ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ပင်ပန်းနေပြီး အနားယူဖို့ လိုအပ်နေပြီဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပြီး ပြန်လည်အားယူရာမှာ အလွန်တော်သူဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားလ်က ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ပြင်နေလားဆိုတဲ့ မေးခွန်းကို အတည်ပြုပြောကြားဖို့အတွက် ငြင်းဆန်ခဲ့ပြီး အသင်းရဲ့အားသာချက်တွေထဲကတစ်ခုက ကြံ့ခိုင်ပြီး အားကောင်းတဲ့လူစာရင်းရှိနေတာဖြစ်တာကြောင့် ကစားသမားတွေကို ထွက်ခွာခွင့်ပေးပြီး အားသာချက်ကို အပျက်မခံနိုင်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်အောင် ပြုလုပ်ခဲ့ပြီးနောက် ၎င်းရဲ့ ကစားသမားတွေကို တိကျပြတ်သားတဲ့ အာရုံစိုက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ စိန်ခေါ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရရှိဖို့ ယနေ့ည ဖူလ်ဟမ်အသင်းကို မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ အမှတ်ပေးဇယားထိပ်ဆုံးကို တစ်ခါရောက်ရုံမဟုတ်ဘဲ အမြဲတမ်းနေနိုင်ဖို့က စိန်ခေါ်မှုဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟွမ် မာတာရဲ့ စာချုပ်သက်တမ်းကို ၁ နှစ်သက်တမ်းတိုးရမလားဆိုတာကို ဆုံးဖြတ်ရခြင်းမရှိသေးဘဲ စပိန်ကွင်းလယ်ကစားသမားဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ၎င်းရဲ့စာချုပ်ထဲမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးခွင့် ရှိတယ်ဆိုတဲ့ အချက် ပါဝင်နေပေမယ့် အသင်းက ဆုံးဖြတ်ချက်မချရသေးဘူးလို့ နည်းပြဆိုးလ်ရှား အတည်ပြုပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ပေါ့ဂ်ဘာဆက်နေတာကို မြင်ချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အသင်းအတွက်သာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ပေးမယ်ဆိုရင် ပြင်သစ်ကွင်းလယ်ကစားသမားလုပ်ပြနေတဲ့ပုံစံအတိုင်း ကစားသမား အများစုက လိုက်လုပ်နိုင််မှာမဟုတ်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲဆိုစီဒက် နောက်ခံကစားသမား ရော်ဘင် လီ နော်မန်ကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေတယ်လို့ Grada3 ရဲ့ သတင်းအရ သိရပြီး ၂၀၁၆ ခုနှစ်ကတည်းက လာလီဂါအသင်းမှာရှိနေခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အနေနဲ့ ၎င်းရဲ့ ကြီးမားတဲ့ စာချုပ်လျော်ကြေး ပေါင် ၆၇ သန်းကို ပေးချေနိုင်ဖို့ လိုအပ်မယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:







-မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ပေါ့ဂ်ဘာဆက်နေတာကို မြင်ချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အသင်းအတွက်သာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ပေးမယ်ဆိုရင် ပြင်သစ်ကွင်းလယ်ကစားသမားလုပ်ပြနေတဲ့ပုံစံအတိုင်း ကစားသမား အများစုက လိုက်လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


REF: INTERNET SOURCES
SPORTS A2Z.