Match Report Premier League

ချဲလ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူပြီး ဇယားထိပ်မှာ ခေတ္တခိုနားခဲ့တဲ့ လက်စတာ

ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေမှုကို မရပ်တန့်နိုင်သေးဘဲ ဂိုးပေါက်ရှာဖွေမှု အခက်အခဲတွေနဲ့အတူ သူ့အိမ်ကွင်းမှာ ရိုးရိုးလေးပဲ ကစားခဲ့တဲ့ပြီး အမှတ်ပေးဇယားထိပ်ကို ရောက်သွားခဲ့တဲ့ လက်စတာအပေါ် အနိုင်မယူနိုင်ခဲ့ဘဲ ပထမပိုင်းသွင်းဂိုးတွေနဲ့ အရှုံးပေးခဲ့ရပြီး အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

နည်းပြ လမ်းပတ်အနေနဲ့ လူထုတ်ပုံက တော်တော်လေး ပြောစရာဖြစ်ခဲ့ပြီး ကွန်တေ မပါနိုင်တဲ့ ကွင်းလယ်မှာ ကိုဗာချစ်၊ မောင့်နဲ့ ဟာဗတ်ဇ်တို့ သုံးဦးကို နေရာချခဲ့တာက ဘယ်သူက အဖျက်ကစားမှာလဲလို့ ကလေးတစ်ယောက်ကတောင် မေးခွန်းထုတ်နိုင်တဲ့ ပုံစံမျိုးဖြစ်ခဲ့ပေမယ့် အမှားကျူးလွန်မှုက ဒီပွဲအတွက် ပေးဆပ်ခဲ့ရပါတယ်။

လက်စတာတို့ စောစောစီးစီးပဲ ဂိုးရသွားခဲ့ပြီး ညာခြမ်းကနေရတဲ့ ထောင့်ကန်ဘောကို အနီးကပ်အပေးအယူလုပ်ပြီး အယ်လ်ဘရိုက်တန်က ပြန်ချိုးပေးတာမှာ ဘန်းစ်သေချာမကန်မိဘဲ ချော်ထွက်လာတဲ့ ဘောလုံးကို ကွင်းလယ်အဖျက်ကစားသမား အန်ဒီဒီက ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ လူတွေနဲ့ ကွယ်နေခဲ့လို့ ဂိုးသမား မန်ဒီ မဖမ်းနိုင်ခဲ့ဘဲ ပွဲချိန် ၆ မိနစ်မှာကတည်းက ဂိုးစပေးခဲ့ရပါတယ်။

ကွင်းလယ်အဖျက်မပါတဲ့ ပြဿနာက နောက်တန်းနဲ့ ကွင်းလယ်ကြားမှာ နေရာလွတ်တွေ များစေခဲ့ပြီး မက်ဒီဆန်ရဲ့ ကန်ချက် ဘားထိခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရသလို လက်စတာတို့ မကြာခဏ ကန်ခွင့်ရနေတဲ့ ဒီနေရာက ကွက်လပ်အတွက် လမ်းပတ်အနေနဲ့ စင်တာဘက် တစ်ယောက်လောက်ကို မရှိသုံး သုံးခဲ့သင့်ပေမယ့် ဂရုမစိုက်ခဲ့တာကတော့ ရုပ်ပေါက်လွန်းခဲ့တာဖြစ်သလို သီယာဂို ဆေးလ်ဗားလည်း ဘာမှ မတတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ဗာဒီနဲ့ တစ်ဦးချင်းတွေ့တာကို မန်ဒီ ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ၄၁ မိနစ်မှာတော့ လက်စတာတို့ ဂိုးထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အယ်လ်ဘရိုက်တန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရူဒီဂါ မဖျက်နိုင်ဘဲ လွတ်ထွက်သွားတာကနေ ဘယ်ခြမ်းက တက်လာတဲ့ မက်ဒီဆန်က ဂိုးသမားရဲ့ ဘေးကို အနိမ့်ဘောကန်သွင်းပြီး ဒုတိယဂိုး ရယူသွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

အရန်ခုံမှာ ကွင်းလယ်က ဂျော်ဂျင်ညို ရှိနေပေမယ့် လမ်းပတ်ကတော့ ဒုတိယပိုင်း အပြောင်းအလဲလုပ်ရာမှာ တိုက်စစ်ချင်းယှဉ်ပြီး ဂိုးရဖို့ကိုသာ လုံးပမ်းနေခဲ့ပေမယ့် လက်စတာရဲ့ ဘယ်နောက်ခံလူ ဂျိမ်းစ် အလွတ်ခေါင်းတိုက်ရတဲ့ ဘောလုံးကို မဝင်လို့သာ ၃-၀ မဖြစ်ခဲ့တာပါ။

ဇီးယက်ရှ်နဲ့ ဗာနာတို့ကို ပွဲချိန် ၆၇ မိနစ်မှာ လူစားသွင်းခဲ့ပေမယ့် ကွင်းလယ်မှာ ဟန်ချက်ကို ဂရုမစိုက်ခဲ့တာကြောင့် လက်စတာရဲ့ ကောင်တာ ကစားပုံတွေမှာ ဂိုးကန်သွင်းခွင့်တွေ ထပ်မခံခွင့်ပြုခဲ့ရပြီး လူကျွံနေတဲ့ တစ်လုံးနဲ့ ကျန်တာတွေကို ဂိုးသမား မန်ဒီ ကာကွယ်နိုင်ခဲ့လို့သာ ချဲလ်ဆီးတို့ သက်သာခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ အဆုံးသတ်ပိုင်း မသေချာမှုနဲ့ ဗာနာရဲ့ ချေပဂိုး လူကျွံနေတာတို့ကိုပဲ တွေ့မြင်ခဲ့ရပြီး ရလဒ်ကို ပြောင်းလဲဖို့ ဘာမှ မလုပ်ဆောင်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့ပြီး ၅ ပွဲအထိ ရှုံးပွဲ တွေ့ခဲ့ရသလို အသင်းတာဝန်ရှိသူတွေ အတွက်တော့ နည်းပြ လမ်းပတ်ကို အချိန်ဆက်ပေးသင့်သေးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ ဆိုး႐ြားေနမႈကို မရပ္တန႔္ႏိုင္ေသးဘဲ ဂိုးေပါက္ရွာေဖြမႈ အခက္အခဲေတြနဲ႔အတူ သူ႔အိမ္ကြင္းမွာ ႐ိုး႐ိုးေလးပဲ ကစားခဲ့တဲ့ၿပီး အမွတ္ေပးဇယားထိပ္ကို ေရာက္သြားခဲ့တဲ့ လက္စတာအေပၚ အႏိုင္မယူႏိုင္ခဲ့ဘဲ ပထမပိုင္းသြင္းဂိုးေတြနဲ႔ အရႈံးေပးခဲ့ရၿပီး အမွတ္ဗလာနဲ႔ အိမ္ျပန္ခဲ့ရပါတယ္။

နည္းျပ လမ္းပတ္အေနနဲ႔ လူထုတ္ပုံက ေတာ္ေတာ္ေလး ေျပာစရာျဖစ္ခဲ့ၿပီး ကြန္ေတ မပါႏိုင္တဲ့ ကြင္းလယ္မွာ ကိုဗာခ်စ္၊ ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ သုံးဦးကို ေနရာခ်ခဲ့တာက ဘယ္သူက အဖ်က္ကစားမွာလဲလို႔ ကေလးတစ္ေယာက္ကေတာင္ ေမးခြန္းထုတ္ႏိုင္တဲ့ ပုံစံမ်ိဳးျဖစ္ခဲ့ေပမယ့္ အမွားက်ဴးလြန္မႈက ဒီပြဲအတြက္ ေပးဆပ္ခဲ့ရပါတယ္။

လက္စတာတို႔ ေစာေစာစီးစီးပဲ ဂိုးရသြားခဲ့ၿပီး ညာျခမ္းကေနရတဲ့ ေထာင့္ကန္ေဘာကို အနီးကပ္အေပးအယူလုပ္ၿပီး အယ္လ္ဘ႐ိုက္တန္က ျပန္ခ်ိဳးေပးတာမွာ ဘန္းစ္ေသခ်ာမကန္မိဘဲ ေခ်ာ္ထြက္လာတဲ့ ေဘာလုံးကို ကြင္းလယ္အဖ်က္ကစားသမား အန္ဒီဒီက ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ လူေတြနဲ႔ ကြယ္ေနခဲ့လို႔ ဂိုးသမား မန္ဒီ မဖမ္းႏိုင္ခဲ့ဘဲ ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက ဂိုးစေပးခဲ့ရပါတယ္။

ကြင္းလယ္အဖ်က္မပါတဲ့ ျပႆနာက ေနာက္တန္းနဲ႔ ကြင္းလယ္ၾကားမွာ ေနရာလြတ္ေတြ မ်ားေစခဲ့ၿပီး မက္ဒီဆန္ရဲ႕ ကန္ခ်က္ ဘားထိခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရသလို လက္စတာတို႔ မၾကာခဏ ကန္ခြင့္ရေနတဲ့ ဒီေနရာက ကြက္လပ္အတြက္ လမ္းပတ္အေနနဲ႔ စင္တာဘက္ တစ္ေယာက္ေလာက္ကို မရွိသုံး သုံးခဲ့သင့္ေပမယ့္ ဂ႐ုမစိုက္ခဲ့တာကေတာ့ ႐ုပ္ေပါက္လြန္းခဲ့တာျဖစ္သလို သီယာဂို ေဆးလ္ဗားလည္း ဘာမွ မတတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဗာဒီနဲ႔ တစ္ဦးခ်င္းေတြ႕တာကို မန္ဒီ ပုတ္ထုတ္ကာကြယ္ခဲ့ရၿပီး ၄၁ မိနစ္မွာေတာ့ လက္စတာတို႔ ဂိုးထပ္ရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန အယ္လ္ဘ႐ိုက္တန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ႐ူဒီဂါ မဖ်က္ႏိုင္ဘဲ လြတ္ထြက္သြားတာကေန ဘယ္ျခမ္းက တက္လာတဲ့ မက္ဒီဆန္က ဂိုးသမားရဲ႕ ေဘးကို အနိမ့္ေဘာကန္သြင္းၿပီး ဒုတိယဂိုး ရယူသြားခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

အရန္ခုံမွာ ကြင္းလယ္က ေဂ်ာ္ဂ်င္ညိဳ ရွိေနေပမယ့္ လမ္းပတ္ကေတာ့ ဒုတိယပိုင္း အေျပာင္းအလဲလုပ္ရာမွာ တိုက္စစ္ခ်င္းယွဥ္ၿပီး ဂိုးရဖို႔ကိုသာ လုံးပမ္းေနခဲ့ေပမယ့္ လက္စတာရဲ႕ ဘယ္ေနာက္ခံလူ ဂ်ိမ္းစ္ အလြတ္ေခါင္းတိုက္ရတဲ့ ေဘာလုံးကို မဝင္လို႔သာ ၃-၀ မျဖစ္ခဲ့တာပါ။

ဇီးယက္ရွ္နဲ႔ ဗာနာတို႔ကို ပြဲခ်ိန္ ၆၇ မိနစ္မွာ လူစားသြင္းခဲ့ေပမယ့္ ကြင္းလယ္မွာ ဟန္ခ်က္ကို ဂ႐ုမစိုက္ခဲ့တာေၾကာင့္ လက္စတာရဲ႕ ေကာင္တာ ကစားပုံေတြမွာ ဂိုးကန္သြင္းခြင့္ေတြ ထပ္မခံခြင့္ျပဳခဲ့ရၿပီး လူကြၽံေနတဲ့ တစ္လုံးနဲ႔ က်န္တာေတြကို ဂိုးသမား မန္ဒီ ကာကြယ္ႏိုင္ခဲ့လို႔သာ ခ်ဲလ္ဆီးတို႔ သက္သာခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ အဆုံးသတ္ပိုင္း မေသခ်ာမႈနဲ႔ ဗာနာရဲ႕ ေခ်ပဂိုး လူကြၽံေနတာတို႔ကိုပဲ ေတြ႕ျမင္ခဲ့ရၿပီး ရလဒ္ကို ေျပာင္းလဲဖို႔ ဘာမွ မလုပ္ေဆာင္ႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၀ ပြဲမွာ ၃ ပြဲသာ အႏိုင္ရခဲ့ၿပီး ၅ ပြဲအထိ ရႈံးပြဲ ေတြ႕ခဲ့ရသလို အသင္းတာဝန္ရွိသူေတြအတြက္ေတာ့ နည္းျပ လမ္းပတ္ကို အခ်ိန္ဆက္ေပးသင့္ေသးလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.