Premier League Transfer News

19 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဂျွန်ဘန်းစ်နဲ့ ဒီတ်မာ ဟာမန်းတို့က ကွင်းလယ်လူသစ် သီယာဂို အယ်လ်ကန်တာရာဟာ အသင်းရဲ့ ကစားပုံနဲ့ အံမဝင်ဘူးလို့ ပြောကြားလိုက်ကြပြီး လိုအပ်တဲ့ ဘောလုံးမျိုးကို အလျင်အမြန် မပေးနိုင်သလို တိုက်စစ်မှူးသုံးယောက်အတွက် ဘောလုံးတွေ လက်ခံရရှိမှုကို နှောင့်နှေးစေတယ်လို့ သုံးသပ်သွားခဲ့။

– ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ နွေရာသီမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး ဒတ်ချ်ကွင်းလယ်လူအတွက် နှစ်ဖက်အသင်းတွေဆီက တရားဝင် အသိအမှတ်ပြု ကြေငြာမှုကိုတော့ ပရိသတ်တွေ စောင့်ဆိုင်းနေကြ။

– ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေ ထွက်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာအတွက် ဘာမှ တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဂျာမန်သတင်းဌာန BILD က ဖော်ပြခဲ့ပြီး လီဗာပူးလ်တို့ ဆက်လက်ကြိုးစားနေဆဲလို့ဆို။

– လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ခြေစွမ်းပျောက်ဆုံးနေခဲ့သလို ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ဂိုးပေါက်ရှာမတွေ့ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ကစားပုံက ပြင်ဆင်စရာလိုအပ်နေပြီး အသင်းရဲ့ သုံးပွဲဆက်တိုက် ဂိုးမရခြင်းရဲ့ အဓိက အကြောင်းအရာလို့ ကွင်းလယ်လူဟောင်း မက်မာနာမန် စွပ်စွဲ။

– ဘန်လေနဲ့ပွဲမှာ လီဗာပူးလ်တို့ ကွင်းလယ်နဲ့ နောက်တန်းကို နည်းပြ ယာဂန် ကလော့ပ် အပြောင်းအလဲလုပ်လာနိုင်ပြီး နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ် ပြန်လည်ပါဝင်လာနိုင်သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်ကိုလည်း ကွင်းလယ်မှာ တိုက်စစ်ကို ထိရောက်တဲ့ ပေးပို့မှုတွေအတွက် နေရာချထားဖွယ်ရှိ။

– လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီဟာ ပထမဆုံးအကြိမ်အဖြစ် အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုရဲ့ ဖန်တီးမှုနဲ့ သွင်းဂိုးတွေကို လွမ်းဆွတ်တသရမယ့် အချိန်ဖြစ်တယ်လို့ လီဗာပူးလ်သတင်းဌာနတစ်ခုက ရေးသားသွားခဲ့။

– အမြဲတမ်း မပြောင်းမလဲကစားနေခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူးသုံးဦးကို ပြိုင်ဘက်တွေက အထာနပ်နေကြပြီဖြစ်ပြီး ဒီအတိုင်း ဆက်သွားရင် ဂိုးသွင်းနှုန်းနည်းလွန်းတဲ့ ဖာမီနိုဟာ စိုးရိမ်စရာဖြစ်သလို ကျန်တဲ့ ကစားသမားတွေနဲ့ အသင်းရဲ့ ရလဒ်ကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း နောက်ခံလူဟောင်း ကာရေဂါပြောကြား။

– လီဗာပူးလ်အသင်းရဲ့ ခံစစ်ပစ်မှတ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဒေးဗစ် အလာဘာနဲ့ RB လိုက်ပ်ဇစ်အသင်းရဲ့ ဒါယို အူပါမီကာနိုတို့ပဲဖြစ်ပြီး သူတို့နှစ်ဦးထဲက ပိုပြီး အလွယ်တကူရရှိနိုင်မယ့် ပစ်မှတ်ကို နွေရာသီမှာ ခေါ်ယူသွားဖွယ်ရှိနေပြီး ဗန်ဒိုက်ရဲ့ အဓိက တွဲဖက်အဖြစ် နေရာပေးဖွယ်ရှိ။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ နှစ်ပတ်ထက် လျော့နည်းနေခဲ့ပြီဖြစ်တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့လက်ကျန်ကာလကို စိတ်ဒုံးဒုံးချပြီး လက်လျှော့ထားပုံရပြီး အသင်းနဲ့ နွေရာသီမှာ ပီအက်စ်ဂျီရဲ့ အမ်ဘာပေကို အခြေခံတဲ့ အားဖြည့်မှု ကြီးကြီးမားမားတွေနဲ့ ရင်းနှီးမြှုပ်နှံသွားဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဂြၽန္ဘန္းစ္နဲ႔ ဒီတ္မာ ဟာမန္းတို႔က ကြင္းလယ္လူသစ္ သီယာဂို အယ္လ္ကန္တာရာဟာ အသင္းရဲ႕ ကစားပုံနဲ႔ အံမဝင္ဘူးလို႔ ေျပာၾကားလိုက္ၾကၿပီး လိုအပ္တဲ့ ေဘာလုံးမ်ိဳးကို အလ်င္အျမန္ မေပးႏိုင္သလို တိုက္စစ္မႉးသုံးေယာက္အတြက္ ေဘာလုံးေတြ လက္ခံရရွိမႈကို ေႏွာင့္ေႏွးေစတယ္လို႔ သုံးသပ္သြားခဲ့။

– ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ ေႏြရာသီမွာ ဘာစီလိုနာဆီ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့ၿပီလို႔ စပိန္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကၿပီး ဒတ္ခ်္ကြင္းလယ္လူအတြက္ ႏွစ္ဖက္အသင္းေတြဆီက တရားဝင္ အသိအမွတ္ျပဳ ေၾကျငာမႈကိုေတာ့ ပရိသတ္ေတြ ေစာင့္ဆိုင္းေနၾက။

– ရီးရဲလ္မက္ဒရစ္နဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သတင္းေတြ ထြက္ေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာအတြက္ ဘာမွ တစ္စုံတစ္ရာ အတည္ျပဳႏိုင္ျခင္းမရွိေသးဘူးလို႔ ဂ်ာမန္သတင္းဌာန BILD က ေဖာ္ျပခဲ့ၿပီး လီဗာပူးလ္တို႔ ဆက္လက္ႀကိဳးစားေနဆဲလို႔ဆို။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ေတြမွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့သလို ပရီးမီးယားလိဂ္ ၄ ပြဲဆက္တိုက္ ဂိုးေပါက္ရွာမေတြ႕ခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ကစားပုံက ျပင္ဆင္စရာလိုအပ္ေနၿပီး အသင္းရဲ႕ သုံးပြဲဆက္တိုက္ ဂိုးမရျခင္းရဲ႕ အဓိက အေၾကာင္းအရာလို႔ ကြင္းလယ္လူေဟာင္း မက္မာနာမန္ စြပ္စြဲ။

– ဘန္ေလနဲ႔ပြဲမွာ လီဗာပူးလ္တို႔ ကြင္းလယ္နဲ႔ ေနာက္တန္းကို နည္းျပ ယာဂန္ ကေလာ့ပ္ အေျပာင္းအလဲလုပ္လာႏိုင္ၿပီး ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ ျပန္လည္ပါဝင္လာႏိုင္သလို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကိုလည္း ကြင္းလယ္မွာ တိုက္စစ္ကို ထိေရာက္တဲ့ ေပးပို႔မႈေတြအတြက္ ေနရာခ်ထားဖြယ္ရွိ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီဟာ ပထမဆုံးအႀကိမ္အျဖစ္ အသင္းကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳရဲ႕ ဖန္တီးမႈနဲ႔ သြင္းဂိုးေတြကို လြမ္းဆြတ္တသရမယ့္ အခ်ိန္ျဖစ္တယ္လို႔ လီဗာပူးလ္သတင္းဌာနတစ္ခုက ေရးသားသြားခဲ့။

– အၿမဲတမ္း မေျပာင္းမလဲကစားေနခဲ့တဲ့ အသင္းရဲ႕ တိုက္စစ္မႉးသုံးဦးကို ၿပိဳင္ဘက္ေတြက အထာနပ္ေနၾကၿပီျဖစ္ၿပီး ဒီအတိုင္း ဆက္သြားရင္ ဂိုးသြင္းႏႈန္းနည္းလြန္းတဲ့ ဖာမီႏိုဟာ စိုးရိမ္စရာျဖစ္သလို က်န္တဲ့ ကစားသမားေတြနဲ႔ အသင္းရဲ႕ ရလဒ္ကိုလည္း ထိခိုက္ေစမွာျဖစ္ေၾကာင္း ေနာက္ခံလူေဟာင္း ကာေရဂါေျပာၾကား။

– လီဗာပူးလ္အသင္းရဲ႕ ခံစစ္ပစ္မွတ္ဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေဒးဗစ္ အလာဘာနဲ႔ RB လိုက္ပ္ဇစ္အသင္းရဲ႕ ဒါယို အူပါမီကာႏိုတို႔ပဲျဖစ္ၿပီး သူတို႔ႏွစ္ဦးထဲက ပိုၿပီး အလြယ္တကူရရွိႏိုင္မယ့္ ပစ္မွတ္ကို ေႏြရာသီမွာ ေခၚယူသြားဖြယ္ရွိေနၿပီး ဗန္ဒိုက္ရဲ႕ အဓိက တြဲဖက္အျဖစ္ ေနရာေပးဖြယ္ရွိ။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ႏွစ္ပတ္ထက္ ေလ်ာ့နည္းေနခဲ့ၿပီျဖစ္တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕လက္က်န္ကာလကို စိတ္ဒုံးဒုံးခ်ၿပီး လက္ေလွ်ာ့ထားပုံရၿပီး အသင္းနဲ႔ ေႏြရာသီမွာ ပီအက္စ္ဂ်ီရဲ႕ အမ္ဘာေပကို အေျခခံတဲ့ အားျဖည့္မႈ ႀကီးႀကီးမားမားေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.