Premier League

တီမို ဗာနာကို ဘယ်လိုသုံးရမလဲဆိုတာ လမ်းပတ် မသိပေမယ့် ဆောက်သမ်တန် နည်းပြကတောင် သိနေ

ဆောက်သမ်တန်နည်းပြ ရာ့ဖ် ဟာဆန်ဟာတဲလ်က တီမို ဗာနာရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ ကစားဟန်ကို ဂျာမန်တိုက်စစ်မှူးနဲ့ အံဝင်ခွင်ကျဖြစ်အောင်လုပ်ဖို့လိုတယ်လို့ နည်းပြလမ်းပတ်ကို ပြောကြားခဲ့ပါတယ်။

တီမို ဗာနာဟာ ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ၁၄ ပွဲမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မိုကမ့်ဘ်နဲ့ပွဲစဉ်က သွင်းဂိုး ၁ ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလတလျှောက်လုံး ဂျာမန်တိုက်စစ်မှူးဟာ ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ စနေနေ့က ဖူလ်ဟမ်အသင်းကို ချဲလ်ဆီးအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပုံ ပေါ်နေခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းရာမှာလည်း လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

တီမို ဗာနာကို လိုက်ပ်ဇစ်အသင်းမှာတုန်းက နည်းပြခဲ့ဖူးတဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟာတဲလ်က လိုက်ပ်ဇစ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်းဟာ ၎င်းရဲ့ အကောင်းဆုံးနေရာမှာ ကစားရခြင်းမရှိတာကြောင့် ချဲလ်ဆီးအသင်းအတွက် အကျိုးသက်ရောက်မှုရှိကြောင်း မပြသနိုင်တာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် တီမိုအကြောင်းကို အရမ်းကောင်းကောင်းသိပါတယ်။ ကျွန်တော် သူ သိပ်မကောင်းခဲ့တဲ့အခြေအနေကတည်းက မြင်တွေ့ခဲ့ဖူးတာပါ”

“ကျွန်တော် ဒီလိုမျိုး မြင်တွေ့ခဲ့ရတဲ့အချိန် အများစုမှာ အကြောင်းအရင်းက ကစားကွက်က သူနဲ့ အံမဝင်တာပဲ ဖြစ်နေတတ်ပါတယ်။ သူ ကွင်းထဲမှာ အကောင်းဆုံး သယ်ဆောင်လာပေးနိုင်တဲ့ပုံစံမျိုးနဲ့ အသင်းက မကစားခဲ့လို့ပါ။ ကျွန်တော် ထင်တာပေါ့နော်”

“သူက ခင်ဗျားရဲ့ပွဲစဉ်ကို သူနဲ့ အံကိုက်ဖြစ်အောင် လုပ်ရမယ့် ကစားသမားဆိုတာ ကျိန်းသေပါပဲ။ ခင်ဗျား အဲဒီလိုသာ လုပ်မယ်ဆိုရင် သူက ခင်ဗျား တိုက်စစ်မှူးတစ်ဦးဆီကနေ လိုချင်တဲ့အရာအားလုံး ခင်ဗျားကို ပေးလိမ့်မယ်”

“သူ့မှာ ခင်ဗျား တကယ် အာရုံစိုက်ကြည့်ဖို့ လိုတဲ့ အရည်အသွေးအချို့ရှိတယ်။ သူ့အတွက် ကောင်းမွန်တဲ့အရာပါ။ လိုက်ပ်ဇစ်မှာလို့ ကျွန်တော် ထင်တာပဲ။ ကျွန်တော် အဲဒီမှာ ရှိတုန်းကပေါ့။ ကျွန်တော်တို့ သူ့ရဲ့အရည်အချင်းတွေအပေါ် လုံးဝကို အာရုံစိုက်ထားခဲ့ကြတာပါ”

“ဘောလုံး ရပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ လျင်မြန်တဲ့ အရွေ့အပြောင်းနဲ့အတူ ဗာနာက ကျွန်တော်တို့ ပွဲစဉ်အတွက် ပြီးပြည့်စုံခဲ့တယ်။ သူ ဂျူလီယန်နဲ့ ရှိခဲ့တဲ့အချိန်တုန်းကလည်း ဂိုးတွေအများကြီး သွင်းနေခဲ့တာပါပဲ”

“ဒါပေမယ့် ဟုတ်တယ်။ ခင်ဗျား သူ့ရဲ့အကောင်းဆုံးနေရာကို ထားဖို့ တကယ်လိုအပ်တယ်။ အဲဒီတော့မှ သူက ကွင်းထဲမှာ သူ့ရဲ့ အားသာချက်ကို ထုတ်ပြနိုင်မှာဖြစ်ပြီး ကျွန်တော့်အတွက်တော့ သူက ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဆာက္သမ္တန္နည္းၿပ ရာ့ဖ္ ဟာဆန္ဟာတဲလ္က တီမို ဗာနာရဲ့ အေကာင္းဆုံးပုံစံကို ရရွိဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၎တို႔ရဲ့ ကစားဟန္ကို ဂ်ာမန္တိုက္စစ္မႉးနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္လုပ္ဖို႔လိုတယ္လို႔ နည္းျပလမ္းပတ္ကို ေျပာၾကားခဲ့ပါတယ္။

တီမို ဗာနာဟာ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့တဲ့ ၁၄ ပြဲမွာ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ မိုကမ့္ဘ္နဲ႔ပြဲစဥ္က သြင္းဂိုး ၁ ဂိုးတည္းသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ၿပီး ေဆာင္းရာသီကာလတေလၽွာက္လုံး ဂ်ာမန္တိုက္စစ္မႉးဟာ ၎ရဲ့ အေကာင္းဆုံးပုံစံကို ျပသနိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ စေနေန႔က ဖူလ္ဟမ္အသင္းကို ခ်ဲလ္ဆီးအသင္းက ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့ပုံ ေပၚေနခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းရာမွာလည္း လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

တီမို ဗာနာကို လိုက္ပ္ဇစ္အသင္းမွာတုန္းက နည္းျပခဲ့ဖူးတဲ့ ေဆာက္သမ္တန္နည္းၿပ ဟာဆန္ဟာတဲလ္က လိုက္ပ္ဇစ္ၾကယ္ပြင့္တိုက္စစ္မႉးေဟာင္းဟာ ၎ရဲ့ အေကာင္းဆုံးေနရာမွာ ကစားရျခင္းမရွိတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ အက်ိဳးသက္ေရာက္မႈရွိေၾကာင္း မျပသနိုင္တာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ တီမိုအေၾကာင္းကို အရမ္းေကာင္းေကာင္းသိပါတယ္။ ကၽြန္ေတာ္ သူ သိပ္မေကာင္းခဲ့တဲ့အေျခအေနကတည္းက ျမင္ေတြ႕ခဲ့ဖူးတာပါ”

“ကၽြန္ေတာ္ ဒီလိုမ်ိဳး ျမင္ေတြ႕ခဲ့ရတဲ့အခ်ိန္ အမ်ားစုမွာ အေၾကာင္းအရင္းက ကစားကြက္က သူနဲ႔ အံမဝင္တာပဲ ျဖစ္ေနတတ္ပါတယ္။ သူ ကြင္းထဲမွာ အေကာင္းဆုံး သယ္ေဆာင္လာေပးနိုင္တဲ့ပုံစံမ်ိဳးနဲ႔ အသင္းက မကစားခဲ့လို႔ပါ။ ကၽြန္ေတာ္ ထင္တာေပါ့ေနာ္”

“သူက ခင္ဗ်ားရဲ့ပြဲစဥ္ကို သူနဲ႔ အံကိုက္ျဖစ္ေအာင္ လုပ္ရမယ့္ ကစားသမားဆိုတာ က်ိန္းေသပါပဲ။ ခင္ဗ်ား အဲဒီလိုသာ လုပ္မယ္ဆိုရင္ သူက ခင္ဗ်ား တိုက္စစ္မႉးတစ္ဦးဆီကေန လိုခ်င္တဲ့အရာအားလုံး ခင္ဗ်ားကို ေပးလိမ့္မယ္”

“သူ႔မွာ ခင္ဗ်ား တကယ္ အာ႐ုံစိုက္ၾကည့္ဖို႔ လိုတဲ့ အရည္အေသြးအခ်ိဳ႕ရွိတယ္။ သူ႔အတြက္ ေကာင္းမြန္တဲ့အရာပါ။ လိုက္ပ္ဇစ္မွာလို႔ ကၽြန္ေတာ္ ထင္တာပဲ။ ကၽြန္ေတာ္ အဲဒီမွာ ရွိတုန္းကေပါ့။ ကၽြန္ေတာ္တို႔ သူ႔ရဲ့အရည္အခ်င္းေတြအေပၚ လုံးဝကို အာ႐ုံစိုက္ထားခဲ့ၾကတာပါ”

“ေဘာလုံး ရၿပီးတဲ့ေနာက္ ကၽြန္ေတာ္တို႔ရဲ့ လ်င္ျမန္တဲ့ အေရြ႕အေျပာင္းနဲ႔အတူ ဗာနာက ကၽြန္ေတာ္တို႔ ပြဲစဥ္အတြက္ ၿပီးျပည့္စုံခဲ့တယ္။ သူ ဂ်ဴလီယန္နဲ႔ ရွိခဲ့တဲ့အခ်ိန္တုန္းကလည္း ဂိုးေတြအမ်ားႀကီး သြင္းေနခဲ့တာပါပဲ”

“ဒါေပမယ့္ ဟုတ္တယ္။ ခင္ဗ်ား သူ႔ရဲ့အေကာင္းဆုံးေနရာကို ထားဖို႔ တကယ္လိုအပ္တယ္။ အဲဒီေတာ့မွ သူက ကြင္းထဲမွာ သူ႔ရဲ့ အားသာခ်က္ကို ထုတ္ျပနိုင္မွာျဖစ္ၿပီး ကၽြန္ေတာ့္အတြက္ေတာ့ သူက ဥေရာပမွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.