Premier League

လီဗာပူးလ္လူငယ္ေတြကို ႏုိင္ပြဲရရွိဖို႔ ကေလာ့ပ္ တြန္းအားေပးခဲ့ေၾကာင္း ယူ-၂၃ နည္းျပ ထုတ္ေဖာ္

ရွ႐ူးဘာရီေတာင္းအသင္းနဲ႔ ရင္ဆုိင္ကစားရမယ့္ လူငယ္ေတြကို နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ပြဲမတုိင္မီမွာ တြန္းအားေပးတဲ့ စကား ေျပာၾကားခဲ့ၿပီး ႏုိင္ပြဲရရွိဖို႔အတြက္ သူတို႔အေနနဲ႔ ခြန္အားျဖစ္ေစခဲ့တယ္လို႔ လီဗာပူးလ္ယူ-၂၃ နည္းျပ နီးလ္ ခရစ္ခ်္လီက ထုတ္ေဖာ္လိုက္ပါတယ္။

တစ္သင္းလုံးပ်မ္းမွ်အသက္အေနနဲ႔ ၁၉ ႏွစ္နဲ႔ ၁၀၂ ရက္သာရွိခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အက္ဖ္ေအဖလားရဲ႕ ၁၃၉ ႏွစ္တာ သမိုင္းေၾကာင္းမွာ အသက္အငယ္ဆုံးအသင္းကို ပြဲထုတ္ခဲ့တာလည္းျဖစ္ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာ ရရွိခဲ့တဲ့ ရွ႐ူးဘာရီေတာင္းအသင္းေနာက္ခံလူ ႐ို-ေရွာင္ ဝီလီယမ္စ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမွဳနဲ႔ အႏိုင္ရရခဲ့တာလည္းျဖစ္ပါတယ္။

တုိက္စစ္ပုိင္းမွာ ငယ္ရြယ္တဲ့ ကစားသမားေတြကို ပြဲထုတ္လာခဲ့တဲ့အတြက္ အခြင့္အေရးဖန္တီးမွဳနဲ႔ အသုံးခ်ႏုိင္မွဳမွာေတာ့ ထက္ျမက္ျခင္း မရွိခဲ့တဲ့ တုိက္စစ္ဟာ ၁၂ ႀကိမ္ ကန္ခြင့္မွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မွဳ ၅၈ ရာခိုင္ႏွဳန္းရရွိခဲ့တဲ့ အသင္းရဲ႕ ကပၸတိန္လက္ပတ္ကို ဝတ္ဆင္ခဲ့သူကေတာ့ အသက္ ၁၉ ႏွစ္နဲ႔ ၅ ရက္အရြယ္ ကားတစ္ ဂ်ဳံးစ္ျဖစ္ၿပီး အက္ဖ္ေအဖလားရဲ႕ အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္လည္း ျဖစ္ခဲ့တာပါ။

“ပြဲမတိုင္ခင္မွာ နည္းျပေပးပုိ႔ခဲ့တဲ့ သတင္းစကားကေတာ့ လူငယ္ေတြကို အားရွိေစခဲ့ၿပီး ဒီေန႔ရလဒ္အတြက္လည္း သူေက်နပ္မွာပါ”လို႔ ဒီပြဲကို သူ႕ရဲ႕လူငယ္ေတြနဲ႔အတူ ကိုင္တြယ္ခဲ့တဲ့ ခရစ္ခ်္လီက ဆုိခဲ့ၿပီး “နည္းျပက လူငယ္ေတြထဲက အေကာင္းဆုံးကစားႏုိင္တဲ့ တစ္ဦး သို႔မဟုတ္ ႏွစ္ဦးဟာ လာမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲကို ကစားခြင့္ရမယ္လို႔လည္း ကတိေပးခဲ့တာပါ”လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဒီပြဲအတြက္ ပထမအသင္းသားေတြအားလုံးကို အနားေပးထားခဲ့ခ်ိန္မွာ အားလုံးအေနနဲ႔ အပန္းေျဖခရီးစဥ္ေတြမွာ ရွိေနခဲ့ၾကေပမယ့္ အသင္းရဲ႕ လက္ေထာက္ေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာကေတာ့ လူငယ္ေတြကို ပြဲၾကည့္စင္ေပၚကေန လာေရာက္အားေပးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ရှရူးဘာရီတောင်းအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် လူငယ်တွေကို နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ပွဲမတိုင်မီမှာ တွန်းအားပေးတဲ့ စကား ပြောကြားခဲ့ပြီး နိုင်ပွဲရရှိဖို့အတွက် သူတို့အနေနဲ့ ခွန်အားဖြစ်စေခဲ့တယ်လို့ လီဗာပူးလ်ယူ-၂၃ နည်းပြ နီးလ် ခရစ်ချ်လီက ထုတ်ဖော်လိုက်ပါတယ်။

တစ်သင်းလုံးပျမ်းမျှအသက်အနေနဲ့ ၁၉ နှစ်နဲ့ ၁၀၂ ရက်သာရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားရဲ့ ၁၃၉ နှစ်တာ သမိုင်းကြောင်းမှာ အသက်အငယ်ဆုံးအသင်းကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပြီး ပွဲချိန် ၇၅ မိနစ်မှာ ရရှိခဲ့တဲ့ ရှရူးဘာရီတောင်းအသင်းနောက်ခံလူ ရို-ရှောင် ဝီလီယမ်စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အနိုင်ရရခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာ ငယ်ရွယ်တဲ့ ကစားသမားတွေကို ပွဲထုတ်လာခဲ့တဲ့အတွက် အခွင့်အရေးဖန်တီးမှုနဲ့ အသုံးချနိုင်မှုမှာတော့ ထက်မြက်ခြင်း မရှိခဲ့တဲ့ တိုက်စစ်ဟာ ၁၂ ကြိမ် ကန်ခွင့်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းရရှိခဲ့တဲ့ အသင်းရဲ့ ကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ခဲ့သူကတော့ အသက် ၁၉ နှစ်နဲ့ ၅ ရက်အရွယ် ကားတစ် ဂျုံးစ်ဖြစ်ပြီး အက်ဖ်အေဖလားရဲ့ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့တာပါ။

“ပွဲမတိုင်ခင်မှာ နည်းပြပေးပို့ခဲ့တဲ့ သတင်းစကားကတော့ လူငယ်တွေကို အားရှိစေခဲ့ပြီး ဒီနေ့ရလဒ်အတွက်လည်း သူကျေနပ်မှာပါ”လို့ ဒီပွဲကို သူ့ရဲ့လူငယ်တွေနဲ့အတူ ကိုင်တွယ်ခဲ့တဲ့ ခရစ်ချ်လီက ဆိုခဲ့ပြီး “နည်းပြက လူငယ်တွေထဲက အကောင်းဆုံးကစားနိုင်တဲ့ တစ်ဦး သို့မဟုတ် နှစ်ဦးဟာ လာမယ့် ချဲလ်ဆီးနဲ့ပွဲကို ကစားခွင့်ရမယ်လို့လည်း ကတိပေးခဲ့တာပါ”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲအတွက် ပထမအသင်းသားတွေအားလုံးကို အနားပေးထားခဲ့ချိန်မှာ အားလုံးအနေနဲ့ အပန်းဖြေခရီးစဉ်တွေမှာ ရှိနေခဲ့ကြပေမယ့် အသင်းရဲ့ လက်ထောက်ခေါင်းဆောင် ဂျိမ်းစ် မီလ်နာကတော့ လူငယ်တွေကို ပွဲကြည့်စင်ပေါ်ကနေ လာရောက်အားပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.