Premier League

မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွ လုပ္ရပ္ေၾကာင့္ အန္ဆယ္ေလာ့တီ ေပါင္ ၈၀၀၀၀ ဒဏ္ေငြေပးေဆာင္ရမည္

တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္ ခရစၥ ကာဗန္းနားကို ေစာဒကသြားတာေၾကာင့္ အနီကတ္ျပခံခဲ့ရတဲ့ ေနာက္ဆက္တြဲျပစ္ဒဏ္အေနနဲ႔ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီကို အက္ဖ္ေအ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ဒဏ္ေငြ ေပါင္(၈၀,၀၀၀) တပ္႐ိုက္လုိက္ပါတယ္။

ပြဲၿပီးခါနီးမွာ ကဲလ္ဗတ္-လူဝင္ သြင္းယူတဲ့ဂိုးကို လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့တာကို မေက်နပ္လို႔ အန္ဆယ္ေလာ့တီဟာ ကြင္းလယ္ဒိုင္ဆီက ေျဖရွင္းခ်က္သြားေတာင္းခဲ့ရာမွာ ကြင္းလယ္ဒိုင္ ကာဗန္းနားကေတာ့ အန္ဆယ္ေလာ့တီ ေမးတာကို မတု႔ံျပန္ဘဲ အနီကတ္ျပ ထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပထမဆံုးအနီကတ္ျပထုတ္ခံရတဲ့ နည္းျပလည္း ျဖစ္လာခဲ့ၿပီး ကြင္းလယ္ဒိုင္ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ႀကိဳးစားခဲ့တ့ဲ သူ႔ကို အက္ဖ္ေအက စြဲခ်က္တင္ခဲ့ရာမွာ အယူခံမ၀င္ေတာ့ဘဲ တစ္ခါတည္း ဝန္ခံခ်က္ေပးလိုက္တဲ့အတြက္ ေငြဒဏ္ပဲ တပ္ခံခဲ့ရၿပီး ကြင္းေဘးစည္းက ႀကီးၾကပ္ခြင့္ေတာ့ မပိတ္ခံခ့ဲရေတာ့ဘူးလုိ႔လည္း သိရပါတယ္။

အေစာပိုင္းကေတာ့ အန္ဆယ္ေလာ့တီအေနနဲ႔ သူ႔ရဲ႕အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ တစ္ေက်ာ့ျပန္ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာ ကြင္းေဘးစည္းကေန ႀကီးၾကပ္ခြင့္ ဆံုးရႈံးရႏိုင္တယ္လို႔ သတင္းထြက္ခဲ့ေသးေပမယ့္ အခုအခါမွာေတာ့ ေငြဒဏ္နဲ႔ပဲ ၿပီးဆုံးသြားခဲ့တဲ့အတြက္ အဲဗာတန္အသင္းအတြက္ေတာ့ သတင္းေကာင္းလည္း ျဖစ္ခဲ့ပါတယ္။

အန္ဆယ္ေလာ့တီအေနနဲ႔ အဲဗာတန္အသင္းကို အေကာင္းဆုံးကိုင္တြယ္ေနခဲ့တာလည္းျဖစ္ၿပီး တည္ၿငိမ္တဲ့ ပုံစံေကာင္းတစ္ခုကို ခ်မွတ္ထားႏုိင္ခဲ့သလို ရွိတဲ့လူနဲ႔ သင့္ေတာ္တဲ့ ေနရာေပးအပ္မွဳေတြနဲ႔ ကစားပုံတက္လာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့လုိ႔ လက္ရွိမွာ ခ်ီးက်ဴးမွဳအေျမာက္အျမားလည္း ရရွိထားတယ္လုိ႔ သိရွိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင် ခရစ္စ ကာဗန်းနားကို စောဒကသွားတာကြောင့် အနီကတ်ပြခံခဲ့ရတဲ့ နောက်ဆက်တွဲပြစ်ဒဏ်အနေနဲ့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီကို အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒဏ်ငွေ ပေါင်(၈၀,၀၀၀) တပ်ရိုက်လိုက်ပါတယ်။

ပွဲပြီးခါနီးမှာ ကဲလ်ဗတ်-လူဝင် သွင်းယူတဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကို မကျေနပ်လို့ အန်ဆယ်လော့တီဟာ ကွင်းလယ်ဒိုင်ဆီက ဖြေရှင်းချက်သွားတောင်းခဲ့ရာမှာ ကွင်းလယ်ဒိုင် ကာဗန်းနားကတော့ အန်ဆယ်လော့တီ မေးတာကို မတုံ့ပြန်ဘဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအနီကတ်ပြထုတ်ခံရတဲ့ နည်းပြလည်း ဖြစ်လာခဲ့ပြီး ကွင်းလယ်ဒိုင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့ သူ့ကို အက်ဖ်အေက စွဲချက်တင်ခဲ့ရာမှာ အယူခံမဝင်တော့ဘဲ တစ်ခါတည်း ဝန်ခံချက်ပေးလိုက်တဲ့အတွက် ငွေဒဏ်ပဲ တပ်ခံခဲ့ရပြီး ကွင်းဘေးစည်းက ကြီးကြပ်ခွင့်တော့ မပိတ်ခံခဲ့ရတော့ဘူးလို့လည်း သိရပါတယ်။

အစောပိုင်းကတော့ အန်ဆယ်လော့တီအနေနဲ့ သူ့ရဲ့အသင်းဟောင်း ချဲလ်ဆီးနဲ့ တစ်ကျော့ပြန်ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ကွင်းဘေးစည်းကနေ ကြီးကြပ်ခွင့် ဆုံးရှုံးရနိုင်တယ်လို့ သတင်းထွက်ခဲ့သေးပေမယ့် အခုအခါမှာတော့ ငွေဒဏ်နဲ့ပဲ ပြီးဆုံးသွားခဲ့တဲ့အတွက် အဲဗာတန်အသင်းအတွက်တော့ သတင်းကောင်းလည်း ဖြစ်ခဲ့ပါတယ်။

အန်ဆယ်လော့တီအနေနဲ့ အဲဗာတန်အသင်းကို အကောင်းဆုံးကိုင်တွယ်နေခဲ့တာလည်းဖြစ်ပြီး တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခုကို ချမှတ်ထားနိုင်ခဲ့သလို ရှိတဲ့လူနဲ့ သင့်တော်တဲ့ နေရာပေးအပ်မှုတွေနဲ့ ကစားပုံတက်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ လက်ရှိမှာ ချီးကျူးမှုအမြောက်အမြားလည်း ရရှိထားတယ်လို့ သိရှိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.