Premier League

ယခုရာသီရဲ့အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှုကို ပြုလုပ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ အူဘာမီယန်း

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္လာနေ့ညနေက ပွဲစဉ်အတွင်း ယခုရာသီရဲ့အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှုတွေထဲက တစ်ခုကို ပြုလုပ်မိခဲ့ပါတယ်။

 

အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ဂိုးပေါက်နဲ့ ကိုက်အနည်းငယ်အကွာကနေ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်မယ့် အခွင့်အရေးကို မယုံကြည်နိုင်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ဆာကာက ညာတောင်ပံကနေ ကန်သွင်းလိုက်တဲ့ဘောလုံးကို ဂိုးသမား ကားလ် ဒါလိုးက ခြေထောက်နဲ့ ကာကွယ်ခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်နားမှာ စောင့်ဆိုင်းနေတဲ့ အူဘာမီယန်းရဲ့ လမ်းကြောင်းထဲကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးအတွက် အဖွင့်ဂိုး ဖြစ်ခဲ့ရမှာဖြစ်ပေမယ့် အူဘာမီယန်းဟာ မယုံကြည်နိုင်လောက်အောင် ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့တာကြောင့် ဘောလုံးက တိုင်ထိပြန်ထွက်လာပြီးနောက် နယူးကာဆယ်နောက်ခံကစားသမားတွေဆီ ပြန်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒေါ့မွန်တိုက်စစ်မှူးဟောင်းအတွက် လွဲချော်ဖို့ အင်မတန် ခက်ခဲမယ့်ဂိုး ဖြစ်ခဲ့ပုံပေါ်ပြီး ၎င်းအနေနဲ့ နောက်ထပ်တစ်ကြိမ် အဲဒီလွဲချော်မှုကို ထပ်မံ ကြည့်ရှုချင်မှာ မဟုတ်တာသေချာပါတယ်။ အူဘာမီယန်းဟာ ပထမပိုင်း ၁၅ မိနစ်မှာ Tap-in နဲ့ အဖွင့်ဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ ဟက်ထရစ်ရခဲ့သင့်တယ်ဆိုပြီး အားမလို အားမရနဲ့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းဟာ နယူးကာဆယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ တနလၤာေန႔ညေနက ပြဲစဥ္အတြင္း ယခုရာသီရဲ့အဆိုးရြားဆုံး ဂိုးေပါက္လြဲေခ်ာ္မႈေတြထဲက တစ္ခုကို ျပဳလုပ္မိခဲ့ပါတယ္။


အာဆင္နယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ဂိုးေပါက္နဲ႔ ကိုက္အနည္းငယ္အကြာကေန ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို ကန္သြင္းယူၿပီး အာဆင္နယ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူနိုင္မယ့္ အခြင့္အေရးကို မယုံၾကည္နိုင္ဖြယ္ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဆာကာက ညာေတာင္ပံကေန ကန္သြင္းလိုက္တဲ့ေဘာလုံးကို ဂိုးသမား ကားလ္ ဒါလိုးက ေျခေထာက္နဲ႔ ကာကြယ္ခဲ့ရာမွာ ေဘာလုံးက ဂိုးတိုင္နားမွာ ေစာင့္ဆိုင္းေနတဲ့ အူဘာမီယန္းရဲ့ လမ္းေၾကာင္းထဲကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ဂါဘြန္လက္ေရြးစင္တိုက္စစ္မႉးအတြက္ အဖြင့္ဂိုး ျဖစ္ခဲ့ရမွာျဖစ္ေပမယ့္ အူဘာမီယန္းဟာ မယုံၾကည္နိုင္ေလာက္ေအာင္ ဆိုးဆိုးရြားရြား အဆုံးသတ္ခဲ့တာေၾကာင့္ ေဘာလုံးက တိုင္ထိျပန္ထြက္လာၿပီးေနာက္ နယူးကာဆယ္ေနာက္ခံကစားသမားေတြဆီ ျပန္ေရာက္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္ဟာ ေဒါ့မြန္တိုက္စစ္မႉးေဟာင္းအတြက္ လြဲေခ်ာ္ဖို႔ အင္မတန္ ခက္ခဲမယ့္ဂိုး ျဖစ္ခဲ့ပုံေပၚၿပီး ၎အေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ အဲဒီလြဲေခ်ာ္မႈကို ထပ္မံ ၾကည့္ရႈခ်င္မွာ မဟုတ္တာေသခ်ာပါတယ္။ အူဘာမီယန္းဟာ ပထမပိုင္း ၁၅ မိနစ္မွာ Tap-in နဲ႔ အဖြင့္ဂိုး သြင္းယူနိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္အသင္းအတြက္ ၂ ဂိုးသြင္းယူေပးခဲ့တာျဖစ္ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ဟက္ထရစ္ရခဲ့သင့္တယ္ဆိုၿပီး အားမလို အားမရနဲ႔ ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.