Premier League

19 Jan နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများစုစည်းမှု

-အေစီမီလန်အသင်းဒါရိုက်တာ ပါအိုလို မာဒီးနီက ချဲလ်ဆီးနောက်ခံကစားသမား တိုမိုရီကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ မျှော်မှန်းထားတယ်လို့ အတည်ပြုပြောကြားခဲ့ပြီး အသင်းလူစာရင်းအတွက် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တဲ့အတွက် နောက်ဆုံးအသေးစိတ်ဆွေးနွေးစရာရှိတာတွေကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့။

 

-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး မက်ဒရစ်ဟာ ယခုလအစောပိုင်းမှာ လူကာဂျိုဗစ်ကို ဖရန့်ဖတ်ပြန်သွားခွင့်ပြုခဲ့တာတောင်မှ ယခုလမှာ တိုက်စစ်မှူးသစ် ရှာဖွေနေခြင်းမရှိတာကြောင့် အသက် ၃၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖွယ်မရှိဘူးလို့ သိရ။

 

-ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့် ကန်တေဟာ လက်စတာစီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမယ့် ယနေ့ညနေပွဲစဉ်ကို လွဲချော်မယ်လို့ သိရပြီး ပြီးခဲ့တဲ့စနေနေ့က ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုလည်း တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ကန်တေဟာ အသင်းဟောင်းလက်စတာစီးတီးနဲ့ပွဲစဉ်ကိုလည်း ထပ်မံလွဲချော်ဦးမယ်လို့ နည်းပြလမ်းပတ်က အတည်ပြုပြောကြားခဲ့။

 

-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကောင်းကောင်းကစားနိုင်ပြီး ခြေစွမ်းတိုးတက်လာနေတဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းဟာ ခရစ်ရှန် ပူလီရှစ်၊ ဟာကင်း ဇီယက်ရှ်တို့ကြောင့် ယှဉ်ပြိုင်မှု ပိုမိုရှိလာပြီး ခြေစွမ်းပိုမိုတက်လာချင်စိတ်နဲ့ လေ့ကျင့်ရေးမှာ အမြဲတမ်း လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ် အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Marca က ဖော်ပြခဲ့ပြီး မကြာမီ ကြေညာသွားဖွယ်ရှိတယ်လို့ ဖော်ပြခဲ့တာကြောင့် ချဲလ်ဆီးရဲ့ မျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ပြီလို့ သိရ။

 

-လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ယနေ့ညနေပွဲစဉ်မတိုင်မီ ဒဏ်ရာရကစားသမားတွေရဲ့ နောက်ဆုံးအခြေအနေကို အဖြေပေးခဲ့ပြီး တံကောက်ကြောဒဏ်ရာကြောင့် ကာလတစ်ခုအထိ နားနေခဲ့ရတဲ့ ဒန်းနစ် ပရက်နဲ့ လည်ပင်းနာနေတဲ့ ပါပီ မန်ဒီတို့အားလုံး အဆင်ပြေနေပြီဖြစ်သလို ဂျေမီ ဗာဒီအပါအဝင် အပြည့်အဝကြံ့ခိုင်တဲ့လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့။

 

-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ အသင်းမှာ အံ့အားသင့်ဖွယ်ကစားသမားဘဝ ရရှိလိမ့်မယ်လို့ ထောက်ခံခဲ့ပေမယ့်လည်း ဂိုးသွင်းစက်မရှိခြင်းကြောင့် ဆုဖလား စိန်ခေါ်နိုင်စွမ်းမရှိမှာကို ကြောက်ရွံ့နေပြီး ယခုရာသီမှာ ဆုဖလားကို ရယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းလူစာရင်းဟာ ငယ်ရွယ်သေးလွန်းပြီး အတွေ့အကြုံနည်းပါးသေးတယ်လို့ ထင်မြင်နေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ေအစီမီလန္အသင္းဒါရိုက္တာ ပါအိုလို မာဒီးနီက ခ်ဲလ္ဆီးေနာက္ခံကစားသမား တိုမိုရီကို အငွားနဲ႔ ေခၚယူနိုင္ဖို႔ ေမၽွာ္မွန္းထားတယ္လို႔ အတည္ျပဳေျပာၾကားခဲ့ၿပီး အသင္းလူစာရင္းအတြက္ ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္တဲ့အတြက္ ေနာက္ဆုံးအေသးစိတ္ေဆြးေႏြးစရာရွိတာေတြကို လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားခဲ့။

 


-ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးဟာ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ကမ္းလွမ္းျခင္းခံခဲ့ရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး မက္ဒရစ္ဟာ ယခုလအေစာပိုင္းမွာ လူကာဂ်ိဳဗစ္ကို ဖရန႔္ဖတ္ျပန္သြားခြင့္ျပဳခဲ့တာေတာင္မွ ယခုလမွာ တိုက္စစ္မႉးသစ္ ရွာေဖြေနျခင္းမရွိတာေၾကာင့္ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားကို ေခၚယူဖြယ္မရွိဘူးလို႔ သိရ။

 


-ခ်ဲလ္ဆီး ကြင္းလယ္ၾကယ္ပြင့္ ကန္ေတဟာ လက္စတာစီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမယ့္ ယေန႔ညေနပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့စေနေန႔က ဖူလ္ဟမ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကိုလည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ကန္ေတဟာ အသင္းေဟာင္းလက္စတာစီးတီးနဲ႔ပြဲစဥ္ကိုလည္း ထပ္မံလြဲေခ်ာ္ဦးမယ္လို႔ နည္းျပလမ္းပတ္က အတည္ျပဳေျပာၾကားခဲ့။

 


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ေကာင္းေကာင္းကစားနိုင္ၿပီး ေျခစြမ္းတိုးတက္လာေနတဲ့ ဟတ္ဒ္ဆန္-အိုဒြိဳင္းဟာ ခရစ္ရွန္ ပူလီရွစ္၊ ဟာကင္း ဇီယက္ရွ္တို႔ေၾကာင့္ ယွဥ္ၿပိဳင္မႈ ပိုမိုရွိလာၿပီး ေျခစြမ္းပိုမိုတက္လာခ်င္စိတ္နဲ႔ ေလ့က်င့္ေရးမွာ အျမဲတမ္း လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းက ေခၚယူနိုင္မယ္လို႔ ေမၽွာ္လင့္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ေဒးဗစ္ အလာဘာဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သေဘာတူညီမႈရရွိဖို႔ နီးစပ္ေနၿပီျဖစ္တယ္လို႔ Marca က ေဖာ္ျပခဲ့ၿပီး မၾကာမီ ေၾကညာသြားဖြယ္ရွိတယ္လို႔ ေဖာ္ျပခဲ့တာေၾကာင့္ ခ်ဲလ္ဆီးရဲ့ ေမၽွာ္လင့္ခ်က္က အဆုံးသတ္သြားခဲ့ၿပီလို႔ သိရ။

 


-လက္စတာစီးတီးနည္းျပ ဘရန္ဒန္ေရာ္ဂ်ာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားရမယ့္ ယေန႔ညေနပြဲစဥ္မတိုင္မီ ဒဏ္ရာရကစားသမားေတြရဲ႕ ေနာက္ဆုံးအေျခအေနကို အေျဖေပးခဲ့ၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ကာလတစ္ခုအထိ နားေနခဲ့ရတဲ့ ဒန္းနစ္ ပရက္နဲ႔ လည္ပင္းနာေနတဲ့ ပါပီ မန္ဒီတို႔အားလုံး အဆင္ေျပေနၿပီျဖစ္သလို ေဂ်မီ ဗာဒီအပါအဝင္ အျပည့္အဝႀကံ့ခိုင္တဲ့လူစာရင္းကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္က တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ အသင္းမွာ အံ့အားသင့္ဖြယ္ကစားသမားဘဝ ရရွိလိမ့္မယ္လို႔ ေထာက္ခံခဲ့ေပမယ့္လည္း ဂိုးသြင္းစက္မရွိျခင္းေၾကာင့္ ဆုဖလား စိန္ေခၚနိုင္စြမ္းမရွိမွာကို ေၾကာက္ရြံ့ေနၿပီး ယခုရာသီမွာ ဆုဖလားကို ရယူနိုင္ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းလူစာရင္းဟာ ငယ္ရြယ္ေသးလြန္းၿပီး အေတြ႕အၾကဳံနည္းပါးေသးတယ္လို႔ ထင္ျမင္ေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.