Premier League Transfer News

19 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ တစ်နှစ်ထပ်မံ စောင့်ဆိုင်းရဖွယ် ရှိနေပြီး ဂျာမန်အသင်းရဲ့ စီအီးအို ဟန်းစ်-ဂျိုအာခင်မ် ဗက်ဇ်ကာက သူ့ကို အသင်းမှာ လီဗန်ဒေါ့ဗ်စကီးလို ဖြစ်စေချင်သေးတယ်လို့ ဆိုခဲ့တာကြောင့် ၂၀၂၂ နွေရာသီမှာမှ ယူရို ၇၅ သန်းနဲ့ ခေါ်ယူရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ အကွက်မြင်တဲ့ ရွေ့လျားမှုတွေနဲ့ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်ကစားသမား အီမီးလ် စမစ်ရိုးက သူ့ကို မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်နေကြတာကို ဂုဏ်မယူနိုင်စရာ မရှိကြောင်းနဲ့ ပေါ်တူဂီသားရဲ့ မှတ်တမ်းတွေက ရူးလောက်စရာဖြစ်တယ်လို့ ပြောကြားသွားခဲ့။

– အန်းဖီးလ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သရေကျခဲ့တဲ့ ပွဲစဉ်အပေါ် ဂယ်ရီ နဗီးလ်နဲ့ ဂျေမီ ကာရေဂါတို့ အမြင်မတူကြပဲ ယူနိုက်တက် နောက်ခံလူဟောင်းက ဒါဟာ ချန်ပီယံမဖြစ်နိုင်တဲ့ ခြေစွမ်းလို့ ဝေဖန်ခဲ့ချိန်မှာ လီဗာပူးလ်နောက်ခံလူဟောင်းကတော့ ဆိုးလ်ရှားရဲ့ အရည်အချင်းနဲ့ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့က ချန်ပီယံဆုအတွက် လုံလောက်တယ်လို့ ငြင်းဆန်သွားခဲ့။

– ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းအတွက် သွင်းဂိုးတွေ ဖန်တီးမှုတွေ အများစုကို ပြုလုပ်ပြီး ခြေစွမ်းပြနေခဲ့ပေမယ့် အသင်းကြီး ၆ သင်း အတွင်းက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာတော့ ရလဒ်တွေ ဆိုးရွားနေခဲ့တယ်ဆိုတဲ့ Goal.com ရဲ့ ဖော်ပြမှုကို အခြေခံပြီး လီဗာပူးလ်နဲ့ ပွဲမှာလည်း အညံ့ဆုံးဖြစ်ခဲ့တယ်လို့ ဂျာနယ်လ် ဒန်နီယယ်လ် စတိုရီ ဝေဖန်။

– မော်ရင်ညိုလက်ထက်မှာ ပစ်လိုက်ရတော့မယ့် အနေအထားကနေ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ လုခ်ရှောက သူ့ရဲ့ လက်ရှိပုံစံအတွက် အားပေးကူညီမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှားနဲ့ လေ့ကျင့်ရေးကွင်းက အကောင်းဆုံးပြိုင်ဘက် အဲလက်စ် တဲလက်စ်တို့ကို ကျေးဇူးတင်ကြောင်းပြောကြား။

– မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်းနဲ့ လက်ရှိ အိုင်းယက်စ်အသင်း စီအီးအို အက်ဒ်ဗင် ဗန်ဒါဆားက အိုးလ်ထရက်ဖို့ဒ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ မာတစ်ချ်တို့လို ကစားသမားတွေနဲ့ ပြိုင်ပြီး ပွဲထွက်ခွင့် မရနိုင်တာဟာ ဒွန်နီ ဗန်ဒဘိခ်အတွက် ရှက်စရာကိစ္စမဟုတ်ဘဲ ဖြစ်တတ်တဲ့ သဘာဝသာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကိုယ့်အရည်အချင်း ထင်ပေါ်လာအောင်သာ ကြိုးစားရမယ်ဖြစ်တယ်လို့ အားပေးစကားဆို။

– သူရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝတစ်လျှောက်မှာ အကောင်းဆုံး တွဲဖက်ကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှူးဟာ တခြားသူ မဟုတ်ဘဲ ဝိန်းရွန်နီသာဖြစ်တယ်လို့ ဘောလုံးလောကက အနားယူသွားခဲ့တဲ့ အသင်းဖော်ဟောင်းကို ဂယ်ရီ နဗီးလ် ချီးကျူးပြောကြား။

– မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖီးလ် နဗီးလ်ကတော့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး အသင်းဖော်ဟောင်း ဒေးဗစ် ဘက်ခမ်းပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာမီအသင်းကို ကိုင်တွယ်ဖို့ လက်ခံလိုက်ပြီဖြစ်ကြောင်း သိရ။

– လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူသင့်ကြောင်းနဲ့ တစ်ဦးချင်းမှာ မထင်ပေါ်ပေမယ့် အသင်းလိုက်ကစားပုံမှာ အလွန်အကျိုးပြုတဲ့ ကစားသမား ဖြစ်တယ်လို့ ၂၈ နှစ်သားအတွက် အင်္ဂလန်တိုက်စစ်မှူးဟောင်း အဘွန်လဟော်တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔ တစ္ႏွစ္ထပ္မံ ေစာင့္ဆိုင္းရဖြယ္ ရွိေနၿပီး ဂ်ာမန္အသင္းရဲ႕ စီအီးအို ဟန္းစ္-ဂ်ိဳအာခင္မ္ ဗက္ဇ္ကာက သူ႔ကို အသင္းမွာ လီဗန္ေဒါ့ဗ္စကီးလို ျဖစ္ေစခ်င္ေသးတယ္လို႔ ဆိုခဲ့တာေၾကာင့္ ၂၀၂၂ ေႏြရာသီမွာမွ ယူ႐ို ၇၅ သန္းနဲ႔ ေခၚယူရဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္မွာ အကြက္ျမင္တဲ့ ေ႐ြ႕လ်ားမႈေတြနဲ႔ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးက သူ႔ကို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ႏႈိင္းယွဥ္ေနၾကတာကို ဂုဏ္မယူႏိုင္စရာ မရွိေၾကာင္းနဲ႔ ေပၚတူဂီသားရဲ႕ မွတ္တမ္းေတြက ႐ူးေလာက္စရာျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့။

– အန္းဖီးလ္မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က သေရက်ခဲ့တဲ့ ပြဲစဥ္အေပၚ ဂယ္ရီ နဗီးလ္နဲ႔ ေဂ်မီ ကာေရဂါတို႔ အျမင္မတူၾကပဲ ယူႏိုက္တက္ ေနာက္ခံလူေဟာင္းက ဒါဟာ ခ်န္ပီယံမျဖစ္ႏိုင္တဲ့ ေျခစြမ္းလို႔ ေဝဖန္ခဲ့ခ်ိန္မွာ လီဗာပူးလ္ေနာက္ခံလူေဟာင္းကေတာ့ ဆိုးလ္ရွားရဲ႕ အရည္အခ်င္းနဲ႔ ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔က ခ်န္ပီယံဆုအတြက္ လုံေလာက္တယ္လို႔ ျငင္းဆန္သြားခဲ့။

– ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းအတြက္ သြင္းဂိုးေတြ ဖန္တီးမႈေတြ အမ်ားစုကို ျပဳလုပ္ၿပီး ေျခစြမ္းျပေနခဲ့ေပမယ့္ အသင္းႀကီး ၆ သင္း အတြင္းက ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာေတာ့ ရလဒ္ေတြ ဆိုး႐ြားေနခဲ့တယ္ဆိုတဲ့ Goal.com ရဲ႕ ေဖာ္ျပမႈကို အေျခခံၿပီး လီဗာပူးလ္နဲ႔ ပြဲမွာလည္း အညံ့ဆုံးျဖစ္ခဲ့တယ္လို႔ ဂ်ာနယ္လ္ ဒန္နီယယ္လ္ စတိုရီ ေဝဖန္။

– ေမာ္ရင္ညိဳလက္ထက္မွာ ပစ္လိုက္ရေတာ့မယ့္ အေနအထားကေန လက္ရွိမွာ အေကာင္းဆုံးေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ လုခ္ေရွာက သူ႔ရဲ႕ လက္ရွိပုံစံအတြက္ အားေပးကူညီမႈေတြ ျပဳလုပ္ခဲ့တဲ့ နည္းျပ ဆိုးလ္ရွားနဲ႔ ေလ့က်င့္ေရးကြင္းက အေကာင္းဆုံးၿပိဳင္ဘက္ အဲလက္စ္ တဲလက္စ္တို႔ကို ေက်းဇူးတင္ေၾကာင္းေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဟာင္းနဲ႔ လက္ရွိ အိုင္းယက္စ္အသင္း စီအီးအို အက္ဒ္ဗင္ ဗန္ဒါဆားက အိုးလ္ထရက္ဖို႔ဒ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ မာတစ္ခ်္တို႔လို ကစားသမားေတြနဲ႔ ၿပိဳင္ၿပီး ပြဲထြက္ခြင့္ မရႏိုင္တာဟာ ဒြန္နီ ဗန္ဒဘိခ္အတြက္ ရွက္စရာကိစၥမဟုတ္ဘဲ ျဖစ္တတ္တဲ့ သဘာဝသာျဖစ္ၿပီး တျဖည္းျဖည္းနဲ႔ ကိုယ့္အရည္အခ်င္း ထင္ေပၚလာေအာင္သာ ႀကိဳးစားရမယ္ျဖစ္တယ္လို႔ အားေပးစကားဆို။

– သူရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္မွာ အေကာင္းဆုံး တြဲဖက္ကစားခြင့္ရခဲ့တဲ့ တိုက္စစ္မႉးဟာ တျခားသူ မဟုတ္ဘဲ ဝိန္း႐ြန္နီသာျဖစ္တယ္လို႔ ေဘာလုံးေလာကက အနားယူသြားခဲ့တဲ့ အသင္းေဖာ္ေဟာင္းကို ဂယ္ရီ နဗီးလ္ ခ်ီးက်ဴးေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေဟာင္း ဖီးလ္ နဗီးလ္ကေတာ့ အဂၤလန္အမ်ိဳးသမီးအသင္းနည္းျပ ရာထူးကေန ႏုတ္ထြက္သြားခဲ့ၿပီျဖစ္ၿပီး အသင္းေဖာ္ေဟာင္း ေဒးဗစ္ ဘက္ခမ္းပိုင္ဆိုင္ထားတဲ့ အင္တာမိုင္ယာမီအသင္းကို ကိုင္တြယ္ဖို႔ လက္ခံလိုက္ၿပီျဖစ္ေၾကာင္း သိရ။

– လိဒ္စ္ယူႏိုက္တက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာခြင့္ ေတာင္းခံထားတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို ေခၚယူသင့္ေၾကာင္းနဲ႔ တစ္ဦးခ်င္းမွာ မထင္ေပၚေပမယ့္ အသင္းလိုက္ကစားပုံမွာ အလြန္အက်ိဳးျပဳတဲ့ ကစားသမား ျဖစ္တယ္လို႔ ၂၈ ႏွစ္သားအတြက္ အဂၤလန္တိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.