Match Report Premier League

အာဆင်နယ် 3-0 နယူးကာဆယ်လ် ပွဲအပြီး ထူးထူးခြားခြား မြင်တွေ့ခဲ့ရတဲ့ အချက် 7 ချက်

ကျည်ဆန်တွေကို ပစ်ဖို့ အဆင်သင့် အူဘာမီယန်း
အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ဂိုးပေါက်ပြန်တွေ့ခဲ့ပြီး ဒီနေ့မှာလည်း ပထမပိုင်းမှာပဲ ဂိုးရဖို့ အခွင့်အရေးတွေ ကြုံခဲ့ရသေးပေမယ့် မအောင်မြင်ခဲ့ဘဲ ဒုတိယပိုင်းအထိ စောင့်ဆိုင်းခဲ့ရ ပါတယ်။ လှပတဲ့ ရုန်းအားနဲ့ တစ်ဂိုး၊ ပါးနပ်တဲ့ ပိတ်သွင်းမှုနဲ့ တစ်ဂိုးရရှိခဲ့တဲ့ ဂါဘွန်သားအတွက်တော့ ဟက်ထရစ်ကိုတော့ မယူနိုင်ခင်မှာပဲ အိမ်သာ ပြေးခဲ့ရတာကတော့ သူ့ရဲ့ ကျွမ်းထိုးအောင်ပွဲခံမှုကြောင့်လားလို့ ထင်စရာပါပဲ။

အလုပ်မဖြစ်တဲ့ တိုက်စစ်မှတ်တမ်းတွေနဲ့ ဘရုစ်
နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်ရဲ့ အမှတ်ပေးဇယားရပ်တည်မှုက အဆိုးရွားကြီး မဟုတ်ပေမယ့် ဂိုးမသွင်းတတ်တဲ့ အသင်းက အာဆင်နယ်ကိုလည်း ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ ၄-၄-၂ ကစားကွက်မှာ ကာရိုးလ်နဲ့ ဝီလ်ဆန်တို့ကို အထောင်၊ ဂျိုလင်တန်နဲ့ အယ်လ်မီရွန်ကို ဘယ်ညာမှာ သုံးသွားခဲ့တဲ့ တိုက်စစ်ကလည်း စုစည်းချိတ်ဆက်မှု အားနည်းခဲ့ပြီး မှတ်တမ်းမှတ်ရာတွေမှာ သူ့ရဲ့အသင်းက တော်တော်လေး ဆိုးရွားနေတာကိုတော့ ပြန်ဆွဲတင်ဖို့ လုပ်ရပါလိမ့်မယ်။

ဂန်းနားလေးတွေရဲ့ အတွဲအဖက်
ဆာကာနဲ့ စမစ်ရိုးတို့ကတော့ တမင်ကို စံချိန်တွေရဖို့ ပူးပေါင်းကြိုးစားနေကြသလားလို့ ထင်ချင်စရာပါပဲ။ အသက် ၂၁ နှစ်အောက် ကစားသမားနှစ်ယောက်ရဲ့ အတွဲအဖက်ကနေ ရရှိတဲ့ဂိုးက ဒီရာသီမှာ ၃ ဂိုးရှိခဲ့ပြီဖြစ်ပြီး သက်တမ်းလိုက်မှာ အများဆုံးဖြစ်သလို သူတို့ကြောင့် နေရာပျောက်ခဲ့ရတဲ့ ပေပေနဲ့ ဝီလီယန်တို့လို စီနီယာကစားသမားတွေ အတုယူရမယ့်အရာလည်းဖြစ်ပါတယ်။

ကွာလတီ မကောင်းတဲ့ ငှက်ကျားကွင်းလယ်
Pressing အရေးကြီးလာခဲ့တဲ့ ခေတ်မှာ နယူးကာဆယ်လ်အသင်းရဲ့ ဒီနေ့ကွင်းလယ်ကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလားက ပွဲထက်တောင် ပိုညံ့ခဲ့ပါတယ်။ ရှယ်လ်ဗီရဲ့ မတိကျတဲ့ ပေးပို့မှုက အာဆင်နယ်တို့ရဲ့ ပထမဂိုးကို မြစ်ဖျားခံခဲ့သလို ဘယ်သူနဲ့ဘယ်သူ တွဲဖက်ချိတ်ဆက်နေမှန်းမသိတဲ့ တောင်ပံတွေကလည်း စန်မက်ဇီမန်ရှိစဉ်ကနဲ့ ဆီနဲ့ ရေလိုဖြစ်နေတာကြောင့် နောက်ပွဲတွေလည်း သူတို့နဲ့ တွေ့တဲ့အသင်းကို အားပေးမိဦးမှာပါ။

ဘယ်နားပြန်ရောက်ပြီလဲဟေ့ အာဆင်နယ်
ဘယ်နားရောက်ပြီလဲဆိုရင်တော့ တန်းဆင်းဇုန်အထက် ကပ်လျက်ကနေ အဆင့် ၁၀ ကို ပြန်တက်နိုင်ခဲ့တာပါ။ Top Half of the Table ဇယားရဲ့ ထိပ်ပိုင်းတစ်ဝက်ထဲကိုပေါ့။ အာဆင်နယ်ပရိသတ်တွေကတော့ လူငယ်တွေကို စောစောစီးစီး နေရာမပေးတာကိုလည်း ယူကြုံးမရဖြစ်နေနိုင်ပြီး ဥရောပဝင်ခွင့်ကို စိန်ခေါ်ဖို့ဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ အချိန်တွေ ကျန်နေသေးတာကိုတော့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲမရှိ
ဒီစံချိန်က အကောင်းကြီးတော့ မဟုတ်ပေမယ့် ဆိုးရွားခဲ့တဲ့ အာဆင်နယ်အသင်းအတွက် တော်တော်လေး ကောင်းမွန်တဲ့ ရုန်းအားတစ်ခုပါပဲ။ ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲကစပြီး ဒီပွဲအထိ ၆ ပွဲကစား ၅ ပွဲနိုင် ၁ ပွဲသရေ၊ Clean Sheet ၅ ပွဲဆိုတာကတော့ ကြီးမားတဲ့ တိုးတက်မှုလည်းဖြစ်ပါတယ်။ လက်မခံချင်တဲ့သူတွေ ရှိနိုင်ပေမယ့်လည်း အပြောင်းအလဲနဲ့ အရွေ့တစ်ခုက အာဆင်နယ်အတွက်တော့ ကျေနပ်စရာဖြစ်ပါတယ်။

ဖန်တီးရှင် ဆရာကြီး စမစ်ရိုး
အာဆင်နယ်အသင်းရဲ့ အီမီးလ် စမစ်ရိုးကတော့ တိုက်စစ်မှူးတွေနောက်မှာ လွတ်လွတ်လပ်လပ်ကစားခွင့်နဲ့ အတူ ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီးမှာ ၃ ဂိုး ဖန်တီးပေးထားနိုင်သလို ယူရိုပါလိဂ်မှာလည်း ၂ ဂိုး ဖန်တီးပြီး ဒီရာသီမှာ အသင်းရဲ့ အမြင့်ဆုံး ဖန်တီးသူအဖြစ် ရှိနေတာပါ။ အိုဇေးလ်ကို ဆက်ခံနိုင်မယ်လို့ ပရိသတ်တွေကတော့ တစ်ပေးနေကြပြီး သူ့ရဲ့ ရွေ့လျားမှုနဲ့ လုပ်အားနှုန်းကတော့ ချီးကျူးစရာလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

က်ည္ဆန္ေတြကို ပစ္ဖို႔ အဆင္သင့္ အူဘာမီယန္း
အာဆင္နယ္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ ပြဲမွာ ဂိုးေပါက္ျပန္ေတြ႕ခဲ့ၿပီး ဒီေန႔မွာလည္း ပထမပိုင္းမွာပဲ ဂိုးရဖို႔ အခြင့္အေရးေတြ ႀကဳံခဲ့ရေသးေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဒုတိယပိုင္းအထိ ေစာင့္ဆိုင္းခဲ့ရ ပါတယ္။ လွပတဲ့ ႐ုန္းအားနဲ႔ တစ္ဂိုး၊ ပါးနပ္တဲ့ ပိတ္သြင္းမႈနဲ႔ တစ္ဂိုးရရွိခဲ့တဲ့ ဂါဘြန္သားအတြက္ေတာ့ ဟက္ထရစ္ကိုေတာ့ မယူႏိုင္ခင္မွာပဲ အိမ္သာ ေျပးခဲ့ရတာကေတာ့ သူ႔ရဲ႕ ကြၽမ္းထိုးေအာင္ပြဲခံမႈေၾကာင့္လားလို႔ ထင္စရာပါပဲ။

အလုပ္မျဖစ္တဲ့ တိုက္စစ္မွတ္တမ္းေတြနဲ႔ ဘ႐ုစ္
နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္ရဲ႕ အမွတ္ေပးဇယားရပ္တည္မႈက အဆိုး႐ြားႀကီး မဟုတ္ေပမယ့္ ဂိုးမသြင္းတတ္တဲ့ အသင္းက အာဆင္နယ္ကိုလည္း ဒုကၡမေပးႏိုင္ခဲ့ပါဘူး။ ၄-၄-၂ ကစားကြက္မွာ ကာ႐ိုးလ္နဲ႔ ဝီလ္ဆန္တို႔ကို အေထာင္၊ ဂ်ိဳလင္တန္နဲ႔ အယ္လ္မီ႐ြန္ကို ဘယ္ညာမွာ သုံးသြားခဲ့တဲ့ တိုက္စစ္ကလည္း စုစည္းခ်ိတ္ဆက္မႈ အားနည္းခဲ့ၿပီး မွတ္တမ္းမွတ္ရာေတြမွာ သူ႔ရဲ႕အသင္းက ေတာ္ေတာ္ေလး ဆိုး႐ြားေနတာကိုေတာ့ ျပန္ဆြဲတင္ဖို႔ လုပ္ရပါလိမ့္မယ္။

ဂန္းနားေလးေတြရဲ႕ အတြဲအဖက္
ဆာကာနဲ႔ စမစ္႐ိုးတို႔ကေတာ့ တမင္ကို စံခ်ိန္ေတြရဖို႔ ပူးေပါင္းႀကိဳးစားေနၾကသလားလို႔ ထင္ခ်င္စရာပါပဲ။ အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားႏွစ္ေယာက္ရဲ႕ အတြဲအဖက္ကေန ရရွိတဲ့ဂိုးက ဒီရာသီမွာ ၃ ဂိုးရွိခဲ့ၿပီျဖစ္ၿပီး သက္တမ္းလိုက္မွာ အမ်ားဆုံးျဖစ္သလို သူတို႔ေၾကာင့္ ေနရာေပ်ာက္ခဲ့ရတဲ့ ေပေပနဲ႔ ဝီလီယန္တို႔လို စီနီယာကစားသမားေတြ အတုယူရမယ့္အရာလည္းျဖစ္ပါတယ္။

ကြာလတီ မေကာင္းတဲ့ ငွက္က်ားကြင္းလယ္
Pressing အေရးႀကီးလာခဲ့တဲ့ ေခတ္မွာ နယူးကာဆယ္လ္အသင္းရဲ႕ ဒီေန႔ကြင္းလယ္ကေတာ့ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားက ပြဲထက္ေတာင္ ပိုညံ့ခဲ့ပါတယ္။ ရွယ္လ္ဗီရဲ႕ မတိက်တဲ့ ေပးပို႔မႈက အာဆင္နယ္တို႔ရဲ႕ ပထမဂိုးကို ျမစ္ဖ်ားခံခဲ့သလို ဘယ္သူနဲ႔ဘယ္သူ တြဲဖက္ခ်ိတ္ဆက္ေနမွန္းမသိတဲ့ ေတာင္ပံေတြကလည္း စန္မက္ဇီမန္ရွိစဥ္ကနဲ႔ ဆီနဲ႔ ေရလိုျဖစ္ေနတာေၾကာင့္ ေနာက္ပြဲေတြလည္း သူတို႔နဲ႔ ေတြ႕တဲ့အသင္းကို အားေပးမိဦးမွာပါ။

ဘယ္နားျပန္ေရာက္ၿပီလဲေဟ့ အာဆင္နယ္
ဘယ္နားေရာက္ၿပီလဲဆိုရင္ေတာ့ တန္းဆင္းဇုန္အထက္ ကပ္လ်က္ကေန အဆင့္ ၁၀ ကို ျပန္တက္ႏိုင္ခဲ့တာပါ။ Top Half of the Table ဇယားရဲ႕ ထိပ္ပိုင္းတစ္ဝက္ထဲကိုေပါ့။ အာဆင္နယ္ပရိသတ္ေတြကေတာ့ လူငယ္ေတြကို ေစာေစာစီးစီး ေနရာမေပးတာကိုလည္း ယူႀကဳံးမရျဖစ္ေနႏိုင္ၿပီး ဥေရာပဝင္ခြင့္ကို စိန္ေခၚဖို႔ဆိုရင္ေတာ့ အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္ေတြ က်န္ေနေသးတာကိုေတာ့ ေက်းဇူးတင္ရမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲစုံ ၆ ပြဲဆက္ ရႈံးပြဲမရွိ
ဒီစံခ်ိန္က အေကာင္းႀကီးေတာ့ မဟုတ္ေပမယ့္ ဆိုး႐ြားခဲ့တဲ့ အာဆင္နယ္အသင္းအတြက္ ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ ႐ုန္းအားတစ္ခုပါပဲ။ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့တဲ့ ပြဲကစၿပီး ဒီပြဲအထိ ၆ ပြဲကစား ၅ ပြဲႏိုင္ ၁ ပြဲသေရ၊ Clean Sheet ၅ ပြဲဆိုတာကေတာ့ ႀကီးမားတဲ့ တိုးတက္မႈလည္းျဖစ္ပါတယ္။ လက္မခံခ်င္တဲ့သူေတြ ရွိႏိုင္ေပမယ့္လည္း အေျပာင္းအလဲနဲ႔ အေ႐ြ႕တစ္ခုက အာဆင္နယ္အတြက္ေတာ့ ေက်နပ္စရာျဖစ္ပါတယ္။

ဖန္တီးရွင္ ဆရာႀကီး စမစ္႐ိုး
အာဆင္နယ္အသင္းရဲ႕ အီမီးလ္ စမစ္႐ိုးကေတာ့ တိုက္စစ္မႉးေတြေနာက္မွာ လြတ္လြတ္လပ္လပ္ကစားခြင့္နဲ႔ အတူ ပရီးမီးယားလိဂ္ ၅ ပြဲကစားအၿပီးမွာ ၃ ဂိုး ဖန္တီးေပးထားႏိုင္သလို ယူ႐ိုပါလိဂ္မွာလည္း ၂ ဂိုး ဖန္တီးၿပီး ဒီရာသီမွာ အသင္းရဲ႕ အျမင့္ဆုံး ဖန္တီးသူအျဖစ္ ရွိေနတာပါ။ အိုေဇးလ္ကို ဆက္ခံႏိုင္မယ္လို႔ ပရိသတ္ေတြကေတာ့ တစ္ေပးေနၾကၿပီး သူ႔ရဲ႕ ေ႐ြ႕လ်ားမႈနဲ႔ လုပ္အားႏႈန္းကေတာ့ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.