Premier League

19 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု


-အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ တနင်္လာနေ့ညမှာ အဖိုးတန်တဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ဂိုးပေါက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ အူဘာမီယန်းကြောင့် စိတ်သက်သာရာရခဲ့ပြီး ၂ ဂိုးသွင်းယူပြီးနောက် ၂ မိနစ်အကြာမှာ လူစားလဲလှယ်ခဲ့ချိန်မှာ အဝတ်လဲခန်းထဲကို တန်းသွားခဲ့တာက ဗိုက်အောင့်နေတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့။


-အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ စမစ် ရိုးနဲ့ ဆာကာတို့ဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး စမစ် ရိုးဟာ ဆာကာအတွက် ယခုရာသီမှာ တတိယအကြိမ်မြောက် ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ၎င်းတို့ ၂ ဦးဟာ အသက် ၂၁ နှစ်မပြည့်မီ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးအထိ ရယူထားနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားအတွဲဖြစ်လာခဲ့ပြီလို့ သိရ။


-အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ် ရိုးဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်မှုတွေကို ကြိုဆိုခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ ရူးသွပ်ချင်စရာဖြစ်ပြီး ကစားသမားတစ်ယောက်အနေနဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ အချက်အလက်တွေကို ရှာဖွေခဲ့တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက စမစ် ရိုးဟာ အာစင်ဝင်းဂါး လက်ထက်က အရင်အာဆင်နယ်အသင်းဟောင်းမှာ ပါဝင်ကစားပေးနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တဲ့ စမစ် ရိုးဟာ ရောဘတ်ပီးရက်စ်နဲ့ ဆင်တူတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ပြောကြားခဲ့။


-အာဆင်နယ်အသင်းအနေနဲ့ နောဝစ်စီးတီးကွင်းလယ်ကစားသမား အီမီလီယာနို ဘူအန်ဒီရာကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း ၄၀ ကနေ ၅၀ ဝန်းကျင်အထိ ကမ်းလှမ်းဖို့ လိုအပ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ယခုလ စျေးကွက်ထဲမှာ ဖန်တီးမှုအားကောင်းတဲ့ကွင်းလယ်ကစားသမား ရှာဖွေနေတာဖြစ်တယ်လို့ သိရ။


-အာဆင်နယ်နည်းပြ အာတီတာက သောမတ်စ်ပါတေး ပေါင်ခြံဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲကို ပြန်လည်ပါဝင်လာနိုင်တာကို ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီး သောမတ်စ် ပါဝင်ကစားပေးတာကို လွမ်းဆွတ်နေခဲ့ကြောင်းနဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အရည်အသွေးတွေကြောင့် ၎င်းဟာ အာဆင်နယ်အတွက် ထူးခြားတဲ့ကစားသမားဖြစ်နေတာလို့ ချီးကျူးခဲ့။


-လီဗာပူးလ်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါက အာဆင်နယ်အသင်းမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဂျက်ဂရီးလစ်ရှ်ဖြစ်တဲ့ စမစ် ရိုးကို ပိုင်ဆိုင်နှင့်ပြီးသားဖြစ်တယ်လို့ ယုံကြည်ပြီး ယခုနွေရာသီ သို့မဟုတ် ဘယ်တော့မှ ဂရီးလစ်ရှ်ကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ မစဉ်းစားသင့်ဘဲ ၎င်းတို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုအားကောင်းတဲ့ လူငယ်ကြယ်ပွင့် စမစ် ရိုးကိုသာ နေရာပေးသင့်တယ်လို့ ပြောကြားခဲ့။


-နယူးကာဆယ်လ်နဲ့ပွဲမှာ ပါဝင်မလာတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အာဆင်နယ်တို့ ရောင်းချသွားမယ်လို့ သတင်းထွက်နေပြီး ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားနေကြသလို နွေရာသီမှာ ညှိနှိုင်းဆွေးနွေးနိုင်ဖွယ်ရှိနေ။


-ဘယ်နောက်ခံလူ ကီရန် တီယာနီ မကစားနိုင်ချိန်မှာ ပါဝင်ခဲ့ရပြီး ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ စွယ်စုံရကစားသမား အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေကို ပိုမိုတိုးတက်အောင် ကြိုးစားဖို့ ပြောချင်ပေမယ့် မပြောရက်ဘဲဖြစ်နေပြီး သူ့အနေနဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် နေရာတစ်နေရာကို ပုံသေရွေးချယ်ကစားခွင့်မရခဲ့ဘူးလို့ နည်းပြ အာတီတာက စာနာမှုနဲ့အတူ ညည်းတွားပြောဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
-အာဆင္နယ္အသင္းနည္းၿပ အာတီတာဟာ တနလၤာေန႔ညမွာ အဖိုးတန္တဲ့သြင္းဂိုး ၂ ဂိုးနဲ႔အတူ ဂိုးေပါက္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တဲ့ အူဘာမီယန္းေၾကာင့္ စိတ္သက္သာရာရခဲ့ၿပီး ၂ ဂိုးသြင္းယူၿပီးေနာက္ ၂ မိနစ္အၾကာမွာ လူစားလဲလွယ္ခဲ့ခ်ိန္မွာ အဝတ္လဲခန္းထဲကို တန္းသြားခဲ့တာက ဗိုက္ေအာင့္ေနတာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-အာဆင္နယ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ စမစ္ ရိုးနဲ႔ ဆာကာတို႔ဟာ နယူးကာဆယ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သမိုင္းသစ္ ေရးထိုးနိုင္ခဲ့ၿပီျဖစ္ၿပီး စမစ္ ရိုးဟာ ဆာကာအတြက္ ယခုရာသီမွာ တတိယအႀကိမ္ေျမာက္ ဂိုးဖန္တီးေပးနိုင္ခဲ့တာေၾကာင့္ ၎တို႔ ၂ ဦးဟာ အသက္ ၂၁ ႏွစ္မျပည့္မီ ပရီးမီးယားလိဂ္သြင္းဂိုး ၃ ဂိုးအထိ ရယူထားနိုင္တဲ့ ပထမဆုံးအဂၤလိပ္ကစားသမားအတြဲျဖစ္လာခဲ့ၿပီလို႔ သိရ။


-အာဆင္နယ္လူငယ္ၾကယ္ပြင့္ စမစ္ ရိုးဟာ မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ ဘ႐ူနို ဖာနန္ဒက္စ္နဲ႔ ႏွိုင္းယွဥ္မႈေတြကို ႀကိဳဆိုခဲ့ၿပီး ဘ႐ူနိုဖာနန္ဒက္စ္ရဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြဟာ ႐ူးသြပ္ခ်င္စရာျဖစ္ၿပီး ကစားသမားတစ္ေယာက္အေနနဲ႔ ေပၚတူဂီၾကယ္ပြင့္ရဲ့ အခ်က္အလက္ေတြကို ရွာေဖြခဲ့တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးက စမစ္ ရိုးဟာ အာစင္ဝင္းဂါး လက္ထက္က အရင္အာဆင္နယ္အသင္းေဟာင္းမွာ ပါဝင္ကစားေပးနိုင္တဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး နယူးကာဆယ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့တဲ့ စမစ္ ရိုးဟာ ေရာဘတ္ပီးရက္စ္နဲ႔ ဆင္တူတဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-အာဆင္နယ္အသင္းအေနနဲ႔ ေနာဝစ္စီးတီးကြင္းလယ္ကစားသမား အီမီလီယာနို ဘူအန္ဒီရာကို ေခၚယူခ်င္တယ္ဆိုရင္ ေပါင္သန္း ၄၀ ကေန ၅၀ ဝန္းက်င္အထိ ကမ္းလွမ္းဖို႔ လိုအပ္လိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္တာေၾကာင့္ အာဆင္နယ္အေနနဲ႔ယခုလ ေစ်းကြက္ထဲမွာ ဖန္တီးမႈအားေကာင္းတဲ့ကြင္းလယ္ကစားသမား ရွာေဖြေနတာျဖစ္တယ္လို႔ သိရ။


-အာဆင္နယ္နည္းၿပ အာတီတာက ေသာမတ္စ္ပါေတး ေပါင္ၿခံဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းထဲကို ျပန္လည္ပါဝင္လာနိုင္တာကို ဝမ္းေျမာက္ဝမ္းသာျဖစ္ေနၿပီး ေသာမတ္စ္ ပါဝင္ကစားေပးတာကို လြမ္းဆြတ္ေနခဲ့ေၾကာင္းနဲ႔ နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္မွာ ျပသခဲ့တဲ့ အရည္အေသြးေတြေၾကာင့္ ၎ဟာ အာဆင္နယ္အတြက္ ထူးျခားတဲ့ကစားသမားျဖစ္ေနတာလို႔ ခ်ီးက်ဴးခဲ့။


-လီဗာပူးလ္ဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက အာဆင္နယ္အသင္းမွာ ၎တို႔ရဲ့ ကိုယ္ပိုင္ ဂ်က္ဂရီးလစ္ရွ္ျဖစ္တဲ့ စမစ္ ရိုးကို ပိုင္ဆိုင္ႏွင့္ၿပီးသားျဖစ္တယ္လို႔ ယုံၾကည္ၿပီး ယခုေႏြရာသီ သို႔မဟုတ္ ဘယ္ေတာ့မွ ဂရီးလစ္ရွ္ကို ေပါင္သန္း ၈၀ နဲ႔ ေခၚယူဖို႔ မစဥ္းစားသင့္ဘဲ ၎တို႔ရဲ့ ကိုယ္ပိုင္ ဖန္တီးမႈအားေကာင္းတဲ့ လူငယ္ၾကယ္ပြင့္ စမစ္ ရိုးကိုသာ ေနရာေပးသင့္တယ္လို႔ ေျပာၾကားခဲ့။


-နယူးကာဆယ္လ္နဲ႔ပြဲမွာ ပါဝင္မလာတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို အာဆင္နယ္တို႔ ေရာင္းခ်သြားမယ္လို႔ သတင္းထြက္ေနၿပီး ပီအက္စ္ဂ်ီ၊ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြက စိတ္ဝင္စားေနၾကသလို ေႏြရာသီမွာ ညႇိႏွိုင္းေဆြးေႏြးနိုင္ဖြယ္ရွိေန။


-ဘယ္ေနာက္ခံလူ ကီရန္ တီယာနီ မကစားနိုင္ခ်ိန္မွာ ပါဝင္ခဲ့ရၿပီး ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ စြယ္စုံရကစားသမား အိန္းစလီ မိတ္လန္းနိုင္းလ္စ္အေနကို ပိုမိုတိုးတက္ေအာင္ ႀကိဳးစားဖို႔ ေျပာခ်င္ေပမယ့္ မေျပာရက္ဘဲျဖစ္ေနၿပီး သူ႔အေနနဲ႔ အေကာင္းဆုံးျဖစ္နိုင္မယ့္ ေနရာတစ္ေနရာကို ပုံေသေရြးခ်ယ္ကစားခြင့္မရခဲ့ဘူးလို႔ နည္းၿပ အာတီတာက စာနာမႈနဲ႔အတူ ညည္းတြားေျပာဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.