Premier League Transfer News

19 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ လက်ရှိခံစစ်နဲ့ ကွင်းလယ်စွမ်းဆောင်ရည်တွေက အကောင်းဆုံးပုံစံကို ပြသနေပြီး မကြာခင်မှာ အားဖြည့်သွားမယ့် တိုက်စစ်မှူးသစ်ဟာ ဘယ်သူပဲဖြစ်ဖြစ် အဆင်သင့်ကောက်စားပြီး ဂိုးတွေ ရယူရုံပဲလို့ နောက်ခံလူဟောင်း မီကာ ရစ်ချတ် သုံးသပ်။

– စီးတီးတို့ရဲ့ အဓိက အားဖြည့်မှု အစီအစဉ်ရေးဆွဲထားမှုကတော့ ကွင်းလယ်အဖျက်၊ ဘယ်နောက်ခံလူနဲ့ တိုက်စစ်မှူးတစ်ဦးတို့ဖြစ်ကြပြီး နွေရာသီအထိ စောင့်ဆိုင်းရဖွယ်ရှိနေပေမယ့် ဘယ်နောက်ခံလူကိုတော့ အခြေအနေပေးရင် ဆောင်းရာသီမှာလည်း ခေါ်ယူနိုင်ဖို့ ပြင်ဆင်ထား။

– ကွင်းလယ်အဖျက်နေရာအတွက် ဒင်းနစ် ဇာကာရီးယား၊ အစ္စမေးလ် ဘန်နာဆာ၊ မန်ညူယယ် လိုကာတယ်လီနဲ့ အက်ဒ်ဆန် အယ်လ်ဗာရက်ဇ်တို့ကို စောင့်ကြည့်နေခဲ့ပေမယ့် အက်စတန်ဗီလာက စီးတီးကစားသမားဟောင်း ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ပြန်လည် ခေါ်ယူဖို့ မအောင်မြင်မှ ရှေ့ဆက်မှာဖြစ်ကြောင်းသိရ။

– ခြေစွမ်းနဲ့ ကြံခိုင်မှု ကျဆင်းနေခဲ့တဲ့ အသင်းရဲ့ ထာဝရ ဂိုးသွင်းဘုရင် ဆာဂျီယို အဂွေရိုရဲ့ နေရာအတွက် ဘင်ဖီကာအသင်းက ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို စောင့်ကြည့်နေပြီး နည်းပြ ဂွါဒီယိုလာ စိတ်ကြိုက်တွေ့တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ဆို။

– နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ဦးစားပေး ပစ်မှတ်ကတော့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းဖြစ်ပြီး သူ့ကို ပေါင်သန်း ၁၀၀ လောက် ဘတ်ဂျက်လျာထားနေသလို မခေါ်ယူနိုင်ခဲ့ရင်တော့ အင်တာမီလန်ရဲ့ ရိုမီလူ လူကာကူးကို အရန်အစီအစဉ်အဖြစ် သတ်မှတ်ထား။

– နည်းပြ ဂွါဒီယိုလာအနေနဲ့ ဒီရာသီအစမှာ မိမိကို နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခဲ့ကြောင်း ကလော်ဒီယို ဘရာဗိုက ထုတ်ဖော်လိုက်ပြီး သူ့အနေနဲ့ ဘောလုံးဆက်ကစားချင်သေးတယ်လို့ အကြောင်းပြပြီး ငြင်းပယ်ခဲ့ရတယ်လို့ ရီးရဲလ်ဘက်တစ်ဂိုးသမားဆို။

– ဒါဘီကောင်တီအသင်းကနေ အငှားနဲ့ တစ်ရာသီချင်း သက်တမ်းတိုး ခေါ်ယူထားတဲ့ ဂိုးသမား စကော့ ကာဆန်ကို အပြီးသတ်ခေါ်ယူဖို့ မူအားဖြင့် သဘောတူညီနိုင်ခဲ့ပေမယ့် လက်ကျန် ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကြေးကို မပယ်ဖျက်ပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် မန်စီးတီးတာဝန်ရှိသူတွေ ဒေါသထွက်နေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘရိုက်တန်အသင်းမှာ ထွန်းတောက်လာတဲ့ ချဲလ်ဆီးအကယ်ဒမီထွက် ကစားသမားဟောင်း နောက်ခံလူ တာရစ်ခ် လမ့်ပ်တေကို ညာနောက်ခံနေရာအတွက် စောင့်ကြည့်နေပြီး အဲဗာတန်အသင်းနဲ့အပြိုင် လက်ဦးမှု ရယူသွားဖို့ စီစဉ်နေ။

– ပရီးမီးယားလိဂ်တူးက ယူ-၂၃ ပွဲစဉ်ဖြစ်တဲ့ ဒါဘီကောင်တီနဲ့ပွဲမှာ မန်စီးတီးလူငယ်တိုက်စစ်မှူး လီယမ် ဒီလက်ပ် ခြေစွမ်းပြခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကနေ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လက္ရွိခံစစ္နဲ႔ ကြင္းလယ္စြမ္းေဆာင္ရည္ေတြက အေကာင္းဆုံးပုံစံကို ျပသေနၿပီး မၾကာခင္မွာ အားျဖည့္သြားမယ့္ တိုက္စစ္မႉးသစ္ဟာ ဘယ္သူပဲျဖစ္ျဖစ္ အဆင္သင့္ေကာက္စားၿပီး ဂိုးေတြ ရယူ႐ုံပဲလို႔ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္ သုံးသပ္။

– စီးတီးတို႔ရဲ႕ အဓိက အားျဖည့္မႈ အစီအစဥ္ေရးဆြဲထားမႈကေတာ့ ကြင္းလယ္အဖ်က္၊ ဘယ္ေနာက္ခံလူနဲ႔ တိုက္စစ္မႉးတစ္ဦးတို႔ျဖစ္ၾကၿပီး ေႏြရာသီအထိ ေစာင့္ဆိုင္းရဖြယ္ရွိေနေပမယ့္ ဘယ္ေနာက္ခံလူကိုေတာ့ အေျခအေနေပးရင္ ေဆာင္းရာသီမွာလည္း ေခၚယူႏိုင္ဖို႔ ျပင္ဆင္ထား။

– ကြင္းလယ္အဖ်က္ေနရာအတြက္ ဒင္းနစ္ ဇာကာရီးယား၊ အစၥေမးလ္ ဘန္နာဆာ၊ မန္ညဴယယ္ လိုကာတယ္လီနဲ႔ အက္ဒ္ဆန္ အယ္လ္ဗာရက္ဇ္တို႔ကို ေစာင့္ၾကည့္ေနခဲ့ေပမယ့္ အက္စတန္ဗီလာက စီးတီးကစားသမားေဟာင္း ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ျပန္လည္ ေခၚယူဖို႔ မေအာင္ျမင္မွ ေရွ႕ဆက္မွာျဖစ္ေၾကာင္းသိရ။

– ေျခစြမ္းနဲ႔ ႀကံခိုင္မႈ က်ဆင္းေနခဲ့တဲ့ အသင္းရဲ႕ ထာဝရ ဂိုးသြင္းဘုရင္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေနရာအတြက္ ဘင္ဖီကာအသင္းက ဥ႐ုေဂြး တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို ေစာင့္ၾကည့္ေနၿပီး နည္းျပ ဂြါဒီယိုလာ စိတ္ႀကိဳက္ေတြ႕တဲ့ ကစားသမားတစ္ဦးျဖစ္တယ္လို႔ဆို။

– ေႏြရာသီမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဦးစားေပး ပစ္မွတ္ကေတာ့ ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းျဖစ္ၿပီး သူ႔ကို ေပါင္သန္း ၁၀၀ ေလာက္ ဘတ္ဂ်က္လ်ာထားေနသလို မေခၚယူႏိုင္ခဲ့ရင္ေတာ့ အင္တာမီလန္ရဲ႕ ႐ိုမီလူ လူကာကူးကို အရန္အစီအစဥ္အျဖစ္ သတ္မွတ္ထား။

– နည္းျပ ဂြါဒီယိုလာအေနနဲ႔ ဒီရာသီအစမွာ မိမိကို နည္းျပအဖြဲ႕ဝင္အျဖစ္ ကမ္းလွမ္းခဲ့ေၾကာင္း ကေလာ္ဒီယို ဘရာဗိုက ထုတ္ေဖာ္လိုက္ၿပီး သူ႔အေနနဲ႔ ေဘာလုံးဆက္ကစားခ်င္ေသးတယ္လို႔ အေၾကာင္းျပၿပီး ျငင္းပယ္ခဲ့ရတယ္လို႔ ရီးရဲလ္ဘက္တစ္ဂိုးသမားဆို။

– ဒါဘီေကာင္တီအသင္းကေန အငွားနဲ႔ တစ္ရာသီခ်င္း သက္တမ္းတိုး ေခၚယူထားတဲ့ ဂိုးသမား စေကာ့ ကာဆန္ကို အၿပီးသတ္ေခၚယူဖို႔ မူအားျဖင့္ သေဘာတူညီႏိုင္ခဲ့ေပမယ့္ လက္က်န္ ၆ လ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ေၾကးကို မပယ္ဖ်က္ေပးႏိုင္ဘူးလို႔ ျငင္းဆန္ခဲ့တာေၾကာင့္ မန္စီးတီးတာဝန္ရွိသူေတြ ေဒါသထြက္ေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘ႐ိုက္တန္အသင္းမွာ ထြန္းေတာက္လာတဲ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ ကစားသမားေဟာင္း ေနာက္ခံလူ တာရစ္ခ္ လမ့္ပ္ေတကို ညာေနာက္ခံေနရာအတြက္ ေစာင့္ၾကည့္ေနၿပီး အဲဗာတန္အသင္းနဲ႔အၿပိဳင္ လက္ဦးမႈ ရယူသြားဖို႔ စီစဥ္ေန။

– ပရီးမီးယားလိဂ္တူးက ယူ-၂၃ ပြဲစဥ္ျဖစ္တဲ့ ဒါဘီေကာင္တီနဲ႔ပြဲမွာ မန္စီးတီးလူငယ္တိုက္စစ္မႉး လီယမ္ ဒီလက္ပ္ ေျခစြမ္းျပခဲ့ၿပီး ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈကေန တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.