Match Report Premier League

အပိုတွေ မလုပ်တဲ့ ကစားပုံနဲ့ နယူးကာဆယ်လ်ကို ပြတ်ပြတ်သားသား အနိုင်ယူပြတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကိုတော့ စပိန်သားတွေ မပါဘဲ ပွဲထုတ်လာခဲ့ပြီး သောမတ်စ် ပါတေးကို ကွင်းလယ်မှာ ချာကာနဲ့ တွဲပြီး အထိုင်ချခဲ့သလို တီယာနီ ပါဝင်လာတာကတော့ ကိုယ့်အသင်းအတွက် စိတ်ဓာတ်ခွန်အားဖြစ်ခဲ့သလို တစ်ဖက်အသင်း အတွက်တော့ ဖိအားတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဆာကာနဲ့ စမစ်ရိုးကတော့ သူတို့တွေရဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ လူကြီးတွေထက် ပိုမိုကြိုးစားပြီး အံဝင်နိုင်စွမ်းကို ပြသခဲ့သလို နယူးကာဆယ်လ်ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ အဆုံးသတ်ပိုင်းတွေ မကောင်းခဲ့လို့သာ အာဆင်နယ်တို့ ဂိုးရနောက်ကျခဲ့တာပါ။

သောမတ်စ် ပါတေးကတော့ အသင်းရဲ့ တိုက်စစ်ကို တိုက်ရိုက်ပံ့ပိုးချင်တဲ့ပုံစံကို ပြသခဲ့ပြီး သူ့ဆီရောက်သွားတဲ့ ဘောလုံးတွေက ချာကာလို အိုင်နေတာမျိုး မရှိသလို တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ အပိုတွေ မလုပ်တဲ့ No Nonsense ပုံစံနဲ့ ကစားသွားတာကတော့ ပထမပိုင်းမှာ အာဆင်နယ်တို့ ဂိုးမရပေမယ့်လည်း ကျေနပ်စရာ အပြည့်အဝရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ပိုကောင်းလာခဲ့သလို နယူးကာဆယ်လ်တို့ အနည်းငယ်ကျသွားခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ လာကာဇက် ဖျက်ထုတ်ခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ သောမတ်စ် ပါတေးက သူရသွားတဲ့ ဘောလုံးကို ရှေ့မှာ တစ်ယောက်တည်းရှိနေတဲ့ အူဘာမီယန်းဆီ တင်ပေးခဲ့တာမှာ ဝေဖန်မှုတွေ တစ်ပုံကြီးနဲ့ ဂါဘွန်သားက ဘောလုံးလမ်းကြောင်း အတွက်မှားတဲ့ ဂိုးသမား ဒါလိုးကို အနိုင်ယူပြီး အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ပါတေးဆီကပဲ စတင်ခဲ့တဲ့ ဘောလုံးနဲ့ ဒုတိယဂိုး ထပ်ရခဲ့ပြီး အူဘာမီယန်းက ဘယ်ခြမ်းက တက်သွားတဲ့ စမစ်ရိုးရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးရာမှာ သူတို့ လူငယ်ချင်း ဖန်တီးပေးခဲ့တဲ့ အနိမ့်ဘောကို ဆာကာက ပိတ်သွင်းပြီး နယူးကာဆယ်လ်ကို အိမ်ကွင်းမှာ အနိုင်ပြတ်သားဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တတိယဂိုးကိုတော့ ပွဲချိန် ၇၇ မိနစ်မှာ ရရှိခဲ့ပြီး ညာခြမ်းက နယူးကာဆယ်လ် ဘောလုံးပျက်ချိန်မှာ တိုက်စစ်ဆင်ခဲ့တဲ့ ဆီးဒရစ်က ဂိုးသမားနား အထိ ဆွဲပြေးပြီး ဖြတ်ချိုးပေးတာကို အူဘာမီယန်းကပဲ လှမ်းထောက်ပြီး ပိတ်သွင်းနိုင်ခဲ့တာပါ။ ဒီဂိုးမှာ ဆီးဒရစ်ချိုးမပေးခင် ဘောလုံးက ဂိုးစည်းကို ကျော်သွားသလို ရှိပေမယ့်လည်း VAR ကတော့ ဂိုးအဖြစ် အတည်ပြုပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စမစ်ရိုးနဲ့ အူဘာမီယန်းကို အနားပေးခဲ့ပြီး မာတီနယ်လီနဲ့ ဝီလီယန်တို့ ဝင်လာခဲ့သလို အာဆင်နယ်တို့ ပွဲကို ဆက်လက်စိုးမိုးနိုင်ခဲ့ပြီး ဘရာဇီးလ်ဝါရင့် ဝီလီယန်ကတော့ ဖရီးကစ်ကိုတောင် လူတံတိုင်းကျော်အောင် မကန်နိုင်တဲ့ လေ့ကျင့်သားမပြည့်ပုံကိုပဲ ပြသခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်ချိန်မှာတော့ အာဆင်နယ်တို့ အိမ်ကွင်း အမ်းမရိတ်မှာ နယူးကာဆယ်လ်အပေါ် သုံးဂိုး-ဂိုးမရှိရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး တည်ငြိမ်တဲ့ ကစားပုံနဲ့ ပရိသတ်တွေကို ကျေနပ်စေခဲ့သလို အမှတ်ပေးဇယားရဲ့ အပေါ်ဘက်ခြမ်းဖြစ်တဲ့ အဆင့် ၁၀ နေရာကိုလည်း ရမှတ် ၂၇ မှတ်နဲ့ တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကိုေတာ့ စပိန္သားေတြ မပါဘဲ ပြဲထုတ္လာခဲ့ၿပီး ေသာမတ္စ္ ပါေတးကို ကြင္းလယ္မွာ ခ်ာကာနဲ႔ တြဲၿပီး အထိုင္ခ်ခဲ့သလို တီယာနီ ပါဝင္လာတာကေတာ့ ကိုယ့္အသင္းအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ခဲ့သလို တစ္ဖက္အသင္း အတြက္ေတာ့ ဖိအားတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဆာကာနဲ႔ စမစ္႐ိုးကေတာ့ သူတို႔ေတြရဲ႕ တိုက္စစ္မွာေရာ ခံစစ္မွာပါ လူႀကီးေတြထက္ ပိုမိုႀကိဳးစားၿပီး အံဝင္ႏိုင္စြမ္းကို ျပသခဲ့သလို နယူးကာဆယ္လ္ကို ေကာင္းေကာင္းဖိအားေပးႏိုင္ခဲ့ၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ရဲ႕ အဆုံးသတ္ပိုင္းေတြ မေကာင္းခဲ့လို႔သာ အာဆင္နယ္တို႔ ဂိုးရေနာက္က်ခဲ့တာပါ။

ေသာမတ္စ္ ပါေတးကေတာ့ အသင္းရဲ႕ တိုက္စစ္ကို တိုက္႐ိုက္ပံ့ပိုးခ်င္တဲ့ပုံစံကို ျပသခဲ့ၿပီး သူ႔ဆီေရာက္သြားတဲ့ ေဘာလုံးေတြက ခ်ာကာလို အိုင္ေနတာမ်ိဳး မရွိသလို တိုက္စစ္အတြက္ေရာ ခံစစ္အတြက္ပါ အပိုေတြ မလုပ္တဲ့ No Nonsense ပုံစံနဲ႔ ကစားသြားတာကေတာ့ ပထမပိုင္းမွာ အာဆင္နယ္တို႔ ဂိုးမရေပမယ့္လည္း ေက်နပ္စရာ အျပည့္အဝရခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ ပိုေကာင္းလာခဲ့သလို နယူးကာဆယ္လ္တို႔ အနည္းငယ္က်သြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ လာကာဇက္ ဖ်က္ထုတ္ခဲ့တဲ့ တန္ျပန္တိုက္စစ္ကေန ေသာမတ္စ္ ပါေတးက သူရသြားတဲ့ ေဘာလုံးကို ေရွ႕မွာ တစ္ေယာက္တည္းရွိေနတဲ့ အူဘာမီယန္းဆီ တင္ေပးခဲ့တာမွာ ေဝဖန္မႈေတြ တစ္ပုံႀကီးနဲ႔ ဂါဘြန္သားက ေဘာလုံးလမ္းေၾကာင္း အတြက္မွားတဲ့ ဂိုးသမား ဒါလိုးကို အႏိုင္ယူၿပီး အဖြင့္ဂိုး သြင္းယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ပါေတးဆီကပဲ စတင္ခဲ့တဲ့ ေဘာလုံးနဲ႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး အူဘာမီယန္းက ဘယ္ျခမ္းက တက္သြားတဲ့ စမစ္႐ိုးရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးရာမွာ သူတို႔ လူငယ္ခ်င္း ဖန္တီးေပးခဲ့တဲ့ အနိမ့္ေဘာကို ဆာကာက ပိတ္သြင္းၿပီး နယူးကာဆယ္လ္ကို အိမ္ကြင္းမွာ အႏိုင္ျပတ္သားဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

တတိယဂိုးကိုေတာ့ ပြဲခ်ိန္ ၇၇ မိနစ္မွာ ရရွိခဲ့ၿပီး ညာျခမ္းက နယူးကာဆယ္လ္ ေဘာလုံးပ်က္ခ်ိန္မွာ တိုက္စစ္ဆင္ခဲ့တဲ့ ဆီးဒရစ္က ဂိုးသမားနား အထိ ဆြဲေျပးၿပီး ျဖတ္ခ်ိဳးေပးတာကို အူဘာမီယန္းကပဲ လွမ္းေထာက္ၿပီး ပိတ္သြင္းႏိုင္ခဲ့တာပါ။ ဒီဂိုးမွာ ဆီးဒရစ္ခ်ိဳးမေပးခင္ ေဘာလုံးက ဂိုးစည္းကို ေက်ာ္သြားသလို ရွိေပမယ့္လည္း VAR ကေတာ့ ဂိုးအျဖစ္ အတည္ျပဳေပးခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စမစ္႐ိုးနဲ႔ အူဘာမီယန္းကို အနားေပးခဲ့ၿပီး မာတီနယ္လီနဲ႔ ဝီလီယန္တို႔ ဝင္လာခဲ့သလို အာဆင္နယ္တို႔ ပြဲကို ဆက္လက္စိုးမိုးႏိုင္ခဲ့ၿပီး ဘရာဇီးလ္ဝါရင့္ ဝီလီယန္ကေတာ့ ဖရီးကစ္ကိုေတာင္ လူတံတိုင္းေက်ာ္ေအာင္ မကန္ႏိုင္တဲ့ ေလ့က်င့္သားမျပည့္ပုံကိုပဲ ျပသခဲ့ပါတယ္။

မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ အာဆင္နယ္တို႔ အိမ္ကြင္း အမ္းမရိတ္မွာ နယူးကာဆယ္လ္အေပၚ သုံးဂိုး-ဂိုးမရွိရလဒ္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး တည္ၿငိမ္တဲ့ ကစားပုံနဲ႔ ပရိသတ္ေတြကို ေက်နပ္ေစခဲ့သလို အမွတ္ေပးဇယားရဲ႕ အေပၚဘက္ျခမ္းျဖစ္တဲ့ အဆင့္ ၁၀ ေနရာကိုလည္း ရမွတ္ ၂၇ မွတ္နဲ႔ တက္ေရာက္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.