Premier League

အေဘရာမိုဗစ်ချ်ရဲ့ မီးခံသေတ္တာအပြောင်ရှင်းပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တိုက်စစ်မှူး ခေါ်ယူဖို့ပြင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းကနေ အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြီးမားတဲ့တွန်းအားပေးမှု ပြုလုပ်သွားမယ်လို့ ဆိုင်မွန် ဂျွန်ဆင်ရဲ့ပြောကြားချက်အရ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုရာသီကုန်မှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ The Athletic ကလည်း ထပ်မံအတည်ပြုခဲ့ပြီး ချဲလ်ဆီးအသင်းလိုချင်နေတဲ့ ကစားသမားက ဟာလန်းဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်တိုက်စစ်မှူးာ ဒေါ့မွန်အသင်းကို ရက်ဘူးလ် ဆဲဘတ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကနေ လက်ရှိအချိန်အထိ ၃၅ ပွဲပါဝင်ကစားပေးထားရာမှာ ၃၅ ဂိုးအထိ အံ့အားသင့်ဖွယ် ဂိုးသွင်းယူထားနိုင်ခဲ့တာစြဖ်ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့အပါအဝင် ဥရောပတလွှားမှာရှိတဲ့ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုဖြစ်နိုင်ခြေရှိတယ်လို့ ယူဆခြင်းခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ ဟာလန်းကို ဘာနေဗျူးအစား စတန်းဖို့ဒ်ဘရစ်ဂျ်ကို ရောက်ရှိလာအောင် အစွမ်းကုန် လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက The Athletic ကို ပြောကြားခဲ့ပါတယ်။

ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရို ၇၅ သန်းဆိုတဲ့အချက် ပါရှိပေမယ့် ၂၀၂၂ ခုနှစ်အထိ ယင်းအချက်က အသက်ဝင်ဦးမှာမဟုတ်သေးပါဘူး။ အဲဒါကြောင့် ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ၂၀၂၂ ခုနှစ်မှာ ယူရို ၇၅ သန်းနဲ့ ထွက်ခွာခွင့်ပေးမယ့်အစား ယခုလာမယ့်နွေရာသီမှာ အဲဒီပမာဏထက် ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်ပြီး ရောင်းထုတ်ဖို့ စဉ်းစားသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် အထက်က ဖော်ပြခဲ့တဲ့အနေအထားက အကောင်းဆုံးအခွင့်အရေးဖြစ်တယ်လို့ ခံစားနေရတာကြောင့် ခိုင် ဟားဗတ်ဇ်ကို လေဗာကူဆင်အသင်းကနေ စုစုပေါင်း ပေါင်သန်း ၈၀ နဲ့ စံချိန်တင်ခေါ်ယူခဲ့တဲ့ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကိုတောင် ချိုးဖျက်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဟာလန်းအတွက် ယှဉ်ပြိုင်မှုတွေ အများအပြား ကြုံတွေ့ရနိူင်တယ်ဆိုတာကို သတိပြုမိနေပြီး ပြိုင်ဘက်အသင်းအများစုဟာ ဟာလန်းရဲ့ ခြေစွမ်းက တသမတ်တည်းကောင်းနေပါ့မလားဆိုတဲ့ သံသယနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ပါ အချက်အသက်ဝင်တဲ့အထိ စောင့်ဆိုင်းနေမယ်လို့ ယူဆရပါတယ်။ ချဲလ်ဆီးအသင်း နောက်ထပ်ကြုံတွေ့ရမယ့် အခက်အခဲကတော့ ၂၀၁၇ ခုနှစ်တုန်းက အဲဗာတန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူနဲ့ပတ်သက်ပြီး ကတောက်ကဆဖြစ်ခဲ့ရတဲ့ စူပါအေးဂျင့် မိုင်နို ရွိုင်အိုလာနဲ့ ညှိနှိုင်းရမယ့်ကိစ္စဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်လို့ အသင်းကနေ ထွက်ခွာတော့မယ့် ဝါရင့်တိုက်စစ်မှူး ဂျီရူးရဲ့နေရာမှာ အစားထိုးခေါ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

တန်မီအေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ အားကိုးအားထားပြုလို့ရလောက်တဲ့ ကစားသမားဖြစ်ကြောင်း ပြသထားပေမယ့်လည်း ဟာလန်းဟာ အသင်းကို နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် သယ်ဆောင်ပေးသွားနိုင်မယ့် အဓိကအထောင်တိုက်စစ်မှူးမျိုးဖြစ်တယ်လို့ ရှုမြင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေဒါ့မြန္အသင္းကေန အာလင္း ဟာလန္းကို ေခၚယူဖို႔ ႀကီးမားတဲ့တြန္းအားေပးမႈ ျပဳလုပ္သြားမယ္လို႔ ဆိုင္မြန္ ဂၽြန္ဆင္ရဲ့ေျပာၾကားခ်က္အရ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီကုန္မွာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ထိပ္တန္းတိုက္စစ္မႉး ေခၚယူဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၿပီးျဖစ္တယ္လို႔ The Athletic ကလည္း ထပ္မံအတည္ျပဳခဲ့ၿပီး ခ်ဲလ္ဆီးအသင္းလိုခ်င္ေနတဲ့ ကစားသမားက ဟာလန္းျဖစ္တယ္လို႔ သိရပါတယ္။ အသက္ ၂၀ အရြယ္တိုက္စစ္မႉးာ ေဒါ့မြန္အသင္းကို ရက္ဘူးလ္ ဆဲဘတ္အသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ လြန္ခဲ့တဲ့ ၁ ႏွစ္ကေန လက္ရွိအခ်ိန္အထိ ၃၅ ပြဲပါဝင္ကစားေပးထားရာမွာ ၃၅ ဂိုးအထိ အံ့အားသင့္ဖြယ္ ဂိုးသြင္းယူထားနိုင္ခဲ့တာျစဖ္ပါတယ္။

ေနာ္ေဝလက္ေရြးစင္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူနိုက္တက္၊ မန္ခ်က္စတာစီးတီးတို႔အပါအဝင္ ဥေရာပတလႊားမွာရွိတဲ့ ထိပ္တန္းအသင္းႀကီးေတြရဲ့ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနသူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ပိုျဖစ္နိုင္ေျခရွိတယ္လို႔ ယူဆျခင္းခံထားရသူျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းဟာ ဟာလန္းကို ဘာေနဗ်ဴးအစား စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ေရာက္ရွိလာေအာင္ အစြမ္းကုန္ လုပ္ေဆာင္သြားေတာ့မွာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြက The Athletic ကို ေျပာၾကားခဲ့ပါတယ္။

ဟာလန္းနဲ႔ ေဒါ့မြန္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူရို ၇၅ သန္းဆိုတဲ့အခ်က္ ပါရွိေပမယ့္ ၂၀၂၂ ခုႏွစ္အထိ ယင္းအခ်က္က အသက္ဝင္ဦးမွာမဟုတ္ေသးပါဘူး။ အဲဒါေၾကာင့္ ေဒါ့မြန္အသင္းဟာ ၎တို႔ရဲ့ ၾကယ္ပြင့္တိုက္စစ္မႉးကို ၂၀၂၂ ခုႏွစ္မွာ ယူရို ၇၅ သန္းနဲ႔ ထြက္ခြာခြင့္ေပးမယ့္အစား ယခုလာမယ့္ေႏြရာသီမွာ အဲဒီပမာဏထက္ ပိုမိုမ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးသတ္မွတ္ၿပီး ေရာင္းထုတ္ဖို႔ စဥ္းစားသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကမၻာ့ကပ္ေရာဂါေၾကာင့္လည္း အသင္းရဲ့ဘ႑ာေရးအေျခအေနအေပၚ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိေနေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ဟာလန္းကို ေခၚယူနိုင္ဖို႔အတြက္ အထက္က ေဖာ္ျပခဲ့တဲ့အေနအထားက အေကာင္းဆုံးအခြင့္အေရးျဖစ္တယ္လို႔ ခံစားေနရတာေၾကာင့္ ခိုင္ ဟားဗတ္ဇ္ကို ေလဗာကူဆင္အသင္းကေန စုစုေပါင္း ေပါင္သန္း ၈၀ နဲ႔ စံခ်ိန္တင္ေခၚယူခဲ့တဲ့ အသင္းရဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကိုေတာင္ ခ်ိဳးဖ်က္သြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဟာလန္းအတြက္ ယွဥ္ၿပိဳင္မႈေတြ အမ်ားအျပား ၾကဳံေတြ႕ရနိူင္တယ္ဆိုတာကို သတိျပဳမိေနၿပီး ၿပိဳင္ဘက္အသင္းအမ်ားစုဟာ ဟာလန္းရဲ့ ေျခစြမ္းက တသမတ္တည္းေကာင္းေနပါ့မလားဆိုတဲ့ သံသယနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ပါ အခ်က္အသက္ဝင္တဲ့အထိ ေစာင့္ဆိုင္းေနမယ္လို႔ ယူဆရပါတယ္။ ခ်ဲလ္ဆီးအသင္း ေနာက္ထပ္ၾကဳံေတြ႕ရမယ့္ အခက္အခဲကေတာ့ ၂၀၁၇ ခုႏွစ္တုန္းက အဲဗာတန္အသင္းကေန မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕ခဲ့တဲ့ လူကာကူနဲ႔ပတ္သက္ၿပီး ကေတာက္ကဆျဖစ္ခဲ့ရတဲ့ စူပါေအးဂ်င့္ မိုင္နို ရြိဳင္အိုလာနဲ႔ ညႇိႏွိုင္းရမယ့္ကိစၥျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္လို႔ အသင္းကေန ထြက္ခြာေတာ့မယ့္ ဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးရဲ့ေနရာမွာ အစားထိုးေခၚယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။

တန္မီေအဘရာဟမ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ တိုက္စစ္မွာ အားကိုးအားထားျပဳလို႔ရေလာက္တဲ့ ကစားသမားျဖစ္ေၾကာင္း ျပသထားေပမယ့္လည္း ဟာလန္းဟာ အသင္းကို ေနာက္ထပ္တစ္ဆင့္ျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလား စိန္ေခၚနိုင္တဲ့အသင္းျဖစ္ေအာင္ သယ္ေဆာင္ေပးသြားနိုင္မယ့္ အဓိကအေထာင္တိုက္စစ္မႉးမ်ိဳးျဖစ္တယ္လို႔ ရႈျမင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.