Premier League

မက်ဆီရဲ့အနီကတ်က မထိုက်တန်ဘူးဆိုတာ သက်သေပြနေတဲ့ ရုပ်သံအနှေးပြကွက် ပေါ်ထွက်လာ


ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာကစားသမားဘဝ ပထမဆုံး အနီကတ်ပြား ပြသခြင်းခံခဲ့ရပါတယ်။


စပိန်စူပါဖလား ဗိုလ်လုပွဲ အချိန်ပို နောက်ဆုံးမိနစ်မှာ လီယွန်နယ်မက်ဆီဟာ ဗီယာလီဘရီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မက်ဆီကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ် ဘီလ်ဘာအိုအသင်းဟာ ဘာစီလိုနာအသင်းကို ၉၃ မိနစ်မှာ အီနာကီ ဝီလီယံရဲ့ သွင်းဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး စပိန်စူပါဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။


ကွင်းလယ်ဒိုင် ဂျီးဆပ် ဂေးလ် မန်ဇာနိုအနေနဲ့ မြေးမြစ်တွေကို ၎င်းဟာ လီယွန်နယ်မက်ဆီကို ပထမဆုံးအနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ဒိုင်လူကြီးဖြစ်ခဲ့ကြောင်းကို ပြောပြနိုင်တော့မှာဖြစ်ပြီး တစ်ဦးတည်းသော ဒိုင်လူကြီးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လီယွန်နယ်မက်ဆီအနေနဲ့ ၎င်းရဲ့ ပြေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့တဲ့ ဗီယာလီဘရီကို အခုလိုမျိုးတော့ မတုံ့ပြန်သင့်ဘူးဆိုတာ လုံးဝ သံသယရှိစရာမဟုတ်ပေမယ့် အနီကတ်က ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။


ယင်းဖြစ်စဉ်ကို ပထမဆုံးအကြိမ် ကြည့်ရှုတဲ့အချိန်မှာ အနည်းငယ် အငြင်းပွားစရာ ရှိမယ့်ပုံ ပေါ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ရုပ်သံအနှေးပြကွက် ပေါ်ထွက်လာပြီဖြစ်ပြီး အမှန်တကယ်တော့ ထိတွေ့မှုအနည်းငယ်သာ ရှိခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီဟာ ဗီယာလီဘရီရဲ့ ဇက်ပိုးကို အုပ်ခဲ့တာဖြစ်ပေမယ့် မြက်ခင်းပြင်ပေါ်ကို အရုပ်ကြိုးပြတ်လဲကျပြီး လူးလှိမ့်နေရလောက်အောင် အားပြင်းခဲ့ပုံတော့ မရပါဘူး။

ပရိသတ်တွေဟာ ရုပ်သံအနှေးပြကွက်ကို မြင်တွေ့ခဲ့ရပြီးနောက် လီယွန်နယ်မက်ဆီအနေနဲ့ အနီကတ် ပြသခံရလောက်တဲ့အထိ မဖြစ်သင့်ခဲ့ကြောင်း ခံစားခဲ့ကြရပြီး ပြေးလမ်းကြောင်းရှေ့မှာ ပိတ်နေတဲ့ တစ်စုံတယောက်ကိုသာ ဖယ်ရှားပစ်ဖို့ ဆန္ဒရှိခဲ့တာဖြစ်တယ်လို့ တညီတညွတ်တည်း သုံးသပ်ခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္မက္ဆီဟာ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဘာစီလိုနာကစားသမားဘဝ ပထမဆုံး အနီကတ္ျပား ျပသျခင္းခံခဲ့ရပါတယ္။


စပိန္စူပါဖလား ဗိုလ္လုပြဲ အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ လီယြန္နယ္မက္ဆီဟာ ဗီယာလီဘရီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ မက္ဆီကို တိုက္ရိုက္အနီကတ္ၿပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ အက္သလက္တစ္ ဘီလ္ဘာအိုအသင္းဟာ ဘာစီလိုနာအသင္းကို ၉၃ မိနစ္မွာ အီနာကီ ဝီလီယံရဲ့ သြင္းဂိုးေၾကာင့္ ၃-၂ နဲ႔ အနိုင္ရရွိသြားခဲ့ၿပီး စပိန္စူပါဖလားကို ကိုင္ေျမႇာက္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။


ကြင္းလယ္ဒိုင္ ဂ်ီးဆပ္ ေဂးလ္ မန္ဇာနိုအေနနဲ႔ ေျမးျမစ္ေတြကို ၎ဟာ လီယြန္နယ္မက္ဆီကို ပထမဆုံးအနီကတ္ၿပ ထုတ္ပယ္ခဲ့တဲ့ ဒိုင္လူႀကီးျဖစ္ခဲ့ေၾကာင္းကို ေျပာျပနိုင္ေတာ့မွာျဖစ္ၿပီး တစ္ဦးတည္းေသာ ဒိုင္လူႀကီးေတာင္ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ လီယြန္နယ္မက္ဆီအေနနဲ႔ ၎ရဲ့ ေျပးလမ္းေၾကာင္းကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဗီယာလီဘရီကို အခုလိုမ်ိဳးေတာ့ မတုံ႔ျပန္သင့္ဘူးဆိုတာ လုံးဝ သံသယရွိစရာမဟုတ္ေပမယ့္ အနီကတ္က ထိုက္တန္ရဲ့လားလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။


ယင္းျဖစ္စဥ္ကို ပထမဆုံးအႀကိမ္ ၾကည့္ရႈတဲ့အခ်ိန္မွာ အနည္းငယ္ အျငင္းပြားစရာ ရွိမယ့္ပုံ ေပၚခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာ ႐ုပ္သံအေႏွးျပကြက္ ေပၚထြက္လာၿပီျဖစ္ၿပီး အမွန္တကယ္ေတာ့ ထိေတြ႕မႈအနည္းငယ္သာ ရွိခဲ့တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ မက္ဆီဟာ ဗီယာလီဘရီရဲ့ ဇက္ပိုးကို အုပ္ခဲ့တာျဖစ္ေပမယ့္ ျမက္ခင္းျပင္ေပၚကို အ႐ုပ္ႀကိဳးျပတ္လဲက်ၿပီး လူးလွိမ့္ေနရေလာက္ေအာင္ အားျပင္းခဲ့ပုံေတာ့ မရပါဘူး။

ပရိသတ္ေတြဟာ ႐ုပ္သံအေႏွးျပကြက္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ လီယြန္နယ္မက္ဆီအေနနဲ႔ အနီကတ္ ျပသခံရေလာက္တဲ့အထိ မျဖစ္သင့္ခဲ့ေၾကာင္း ခံစားခဲ့ၾကရၿပီး ေျပးလမ္းေၾကာင္းေရွ႕မွာ ပိတ္ေနတဲ့ တစ္စုံတေယာက္ကိုသာ ဖယ္ရွားပစ္ဖို႔ ဆႏၵရွိခဲ့တာျဖစ္တယ္လို႔ တညီတညြတ္တည္း သုံးသပ္ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.