Match Report Premier League

လီဗာပူးလ် 0-0 မန်ချက်စတာယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

နှစ်သင်းစလုံးရဲ့ လိုအပ်ချက်တွေ များခဲ့တဲ့ပွဲ – အန်းဖီးလ်က ပွဲကတော့ စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲဖြစ်ဖို့ တချို့နေရာတွေမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပြီး လီဗာပူးလ်ရဲ့ တိုက်စစ်တွေက အလုပ်မဖြစ်သလို ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်နဲ့ တွဲလုံးတွေကလည်း ကစားသမား တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနည်းလို့ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ပွဲပြီးသွားခဲ့တာပါ။ နှစ်သင်းစလုံးရဲ့ လိုအပ်ချက်တွေကို ဂိုးသမား တွေက ဖြည့်ဆည်းနိုင်ခဲ့လို့သာပေါ့လေ။

သီယာဂိုရဲ့ အိမ်ကွင်းပွဲထွက် – လီဗာပူးလ်အသင်းကို ပေါင် ၂၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူဟာ ဒီနေ့ပွဲမှာ သူ့ရဲ့ ပထမဆုံး အန်းဖီးလ်မှာ ပွဲအစကတည်းက ပါဝင်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ် ၃ ယောက်တန်းမှာ ဘောလုံးကောင်းကောင်းထိုင်ဖြန့်ပေးပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့တဲ့ သီယာဂိုဟာ သူ့ကို ကပ်ဖို့ တာဝန်ကျတဲ့ ဖရက်ဒ်နဲ့ အဝေးဆုံးကနေ လီဗာပူးလ်ကွင်းလယ်က ပွဲကို စိုးမိုးစေအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ပေါ့ဘာရဲ့ အခန်းကဏ္ဍသစ် – ကွင်းလယ်အဖျက်၊ ဘောလုံးဖြန့်ဝေသူ၊ ဘယ်တောင်ပံတွေမှာ ကစားခဲ့ပြီးဖြစ်တဲ့ ပေါ့ဘာအတွက် လီဗာပူးလ်နဲ့ ပွဲမှာ ယူနိုက်တက်ရဲ့ ညာခြမ်းကနေ ပွဲထွက်ခဲ့ပါတယ်။ ဒါက အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပြီး ရောဘတ်ဆန်နဲ့ လီဗာပူးလ်ကွင်းလယ် စိတ်ကြိုက် ရှေ့မတက်ရဲအောင် တားဆီးနိုင်ခဲ့ပေမယ့် သူ့စိတ်ကြိုက် Angle တွေကနေ ကန်သွင်းခွင့်မရခဲ့တာကတော့ ဒီအခန်းကဏ္ဍရဲ့ အကောင်းနဲ့ အဆိုးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ရှာကျီရီ တောက်ပ၊ လီဗာပူးလ်က မှေးမှိန် – ဒီနေ့ပွဲမှာ သီယာဂိုဟာ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တယ်ဆိုရင် သူ့ကို အပြည့်အဝ အာရုံစိုက် မခံရအောင် ယူနိုက်တက် ကွင်းလယ်အဖျက်တွေရဲ့ သတိပြုမှုကို ခွဲယူခဲ့တာက ဆွစ်ဇာလန်သား ရှာကျီရီပါ။ သီယာဂိုရဲ့ ညာခြေတစ်ပေါက် ဘယ်ခြမ်းကနေ စိတ်ကြိုက်မဖြန့်ဝေနိုင်ဖို့ ထိန်းချုပ်မယ်ဆိုရင် ရှာကျီရီက ညာခြမ်းကနေ ဘယ်ခြေနဲ့ လိုက်ပြီး ဘောလုံးတွေ ခင်းနေခဲ့တာကို ဧည့်သည် ကွင်းလယ်လူတွေ ပိတ်ဆို့ဖို့ မတတ်နိုင်တော့ဘဲ ဂိုးဧရိယာထဲအထိ ဆင်းပြီး ဖျက်ထုတ်ခဲ့ရတဲ့အထိ ကွင်းလယ်ကို စိုးမိုးခွင့်ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

လင်ဒီလော့ဖ် ပြန်ပါလာပြီး လုခ်ရှောရဲ့ အကောင်းဆုံးပွဲ – နောက်ခံလူအတွဲအဖက်မှာ ဟာရီ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ကို တွဲဖက်လာခဲ့ပြီး ဘိုင်လီမပါပေမယ့် အမှားအယွင်းမရှိ ကစားနိုင်ခဲ့ချိန်မှာ ယူနိုက်တက်ခံစစ်ရဲ့ အကောင်းဆုံးကစားသမားကတော့ အငြင်းပွားဖွယ်ရာမရှိတဲ့ လုခ်ရှောပါပဲ။ ဒီနေ့ပွဲမှာ အဝေးဘောပေးပို့မှု ၁၀၀ ရာခိုင်နှုန်းတိကျခဲ့ပြီး ဖျက်ထုတ်မှု ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တဲ့ လုခ်ရှောဟာ ဘောလုံး ၈ ကြိမ်ပြန်ရယူနိုင်ခဲ့သလို ၄ ကြိမ်ရှင်းထုတ်၊ ၄ ကြိမ်ပြစ်ဒဏ်ကျူးလွန်ခံရပြီး အခွင့်အရေးကောင်းတွေကိုလည်း ၃ ကြိမ်အထိ ဖန်တီးပေးသွားခဲ့တာပါ။

ဖာဘင်ညိုရဲ့ တွဲဖက်သစ် ဟန်ဒါဆန် – လီဗာပူးလ်အသင်းခေါင်းဆောင်ကတော့ ဒီနေ့ပွဲမှာ ကွင်းလယ်အဖျက် ဖာဘင်ညိုနဲ့အတူ ဗဟိုခံစစ်မှာ ထပ်မံအသုံးတော်ခံခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားဘဝကနေ တဖြည်းဖြည်း ခံစစ်ဆီ အသွင်ပြောင်းလာတဲ့ ဟန်ဒါဆန်ဟာ စိန့်နဲ့ပွဲမှာ ကစားပုံ မကောင်းခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ တော်တော်လေး တိုးတက်လာခဲ့ပြီး မာတစ်ပ်၊ ဂိုမက်ဇ်၊ ဗန်ဒိုက်တို့ တစ်ဦးချင်း ပြန်ရောက်လာမယ့် အချိန်အထိ အစားဝင် တောင့်ခံပေးထားနိုင်မယ့် ပုံစံကိုလည်း ပြသနိုင်ခဲ့ပါတယ်။

အယ်လစ်ဆန် လက်စွမ်းက အသက် – ဒီနေ့ပွဲမှာတော့ လီဗာပူးလ်တို့ အခန့်မသင့်ရင် ရှုံးသွားနိုင်တဲ့ ပုံစံမျိုးကို ခံစစ်အမှားတွေကနေ အခွင့်အရေးပေးခဲ့ရပြီး ယူနိုက်တက်ဘက်က ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ အပိုင်ကန်ချက်တွေကို ကာကွယ်ပေးသွားနိုင်ခဲ့သလို ကာကွယ်မှု ၄ ကြိမ်အထိ ပြုလုပ်သွားခဲ့တာပါ။ စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ အယ်လစ်ဆန်ဟာ လီဗာပူးလ်ရဲ့ အရေးအပါဆုံး ကစားသမားလို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏွစ္သင္းစလုံးရဲ႕ လိုအပ္ခ်က္ေတြ မ်ားခဲ့တဲ့ပြဲ – အန္းဖီးလ္က ပြဲကေတာ့ စိတ္လႈပ္ရွားစရာ ပြဲေကာင္းတစ္ပြဲျဖစ္ဖို႔ တခ်ိဳ႕ေနရာေတြမွာ လိုအပ္ခ်က္ေတြ ရွိေနခဲ့ၿပီး လီဗာပူးလ္ရဲ႕ တိုက္စစ္ေတြက အလုပ္မျဖစ္သလို ယူႏိုက္တက္ရဲ႕ တန္ျပန္တိုက္စစ္နဲ႔ တြဲလုံးေတြကလည္း ကစားသမား တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈနည္းလို႔ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ ပြဲၿပီးသြားခဲ့တာပါ။ ႏွစ္သင္းစလုံးရဲ႕ လိုအပ္ခ်က္ေတြကို ဂိုးသမား ေတြက ျဖည့္ဆည္းႏိုင္ခဲ့လို႔သာေပါ့ေလ။

သီယာဂိုရဲ႕ အိမ္ကြင္းပြဲထြက္ – လီဗာပူးလ္အသင္းကို ေပါင္ ၂၇ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ စပိန္ကြင္းလယ္လူဟာ ဒီေန႔ပြဲမွာ သူ႔ရဲ႕ ပထမဆုံး အန္းဖီးလ္မွာ ပြဲအစကတည္းက ပါဝင္ခြင့္ကို ရရွိခဲ့တာျဖစ္ပါတယ္။ အသင္းရဲ႕ ကြင္းလယ္ ၃ ေယာက္တန္းမွာ ေဘာလုံးေကာင္းေကာင္းထိုင္ျဖန႔္ေပးၿပီး ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းကြင္းလယ္လူတစ္ဦးအျဖစ္ မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တဲ့ သီယာဂိုဟာ သူ႔ကို ကပ္ဖို႔ တာဝန္က်တဲ့ ဖရက္ဒ္နဲ႔ အေဝးဆုံးကေန လီဗာပူးလ္ကြင္းလယ္က ပြဲကို စိုးမိုးေစေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ေပါ့ဘာရဲ႕ အခန္းက႑သစ္ – ကြင္းလယ္အဖ်က္၊ ေဘာလုံးျဖန႔္ေဝသူ၊ ဘယ္ေတာင္ပံေတြမွာ ကစားခဲ့ၿပီးျဖစ္တဲ့ ေပါ့ဘာအတြက္ လီဗာပူးလ္နဲ႔ ပြဲမွာ ယူႏိုက္တက္ရဲ႕ ညာျခမ္းကေန ပြဲထြက္ခဲ့ပါတယ္။ ဒါက အတိုင္းအတာတစ္ခုအထိ အလုပ္ျဖစ္ခဲ့ၿပီး ေရာဘတ္ဆန္နဲ႔ လီဗာပူးလ္ကြင္းလယ္ စိတ္ႀကိဳက္ ေရွ႕မတက္ရဲေအာင္ တားဆီးႏိုင္ခဲ့ေပမယ့္ သူ႔စိတ္ႀကိဳက္ Angle ေတြကေန ကန္သြင္းခြင့္မရခဲ့တာကေတာ့ ဒီအခန္းက႑ရဲ႕ အေကာင္းနဲ႔ အဆိုးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ရွာက်ီရီ ေတာက္ပ၊ လီဗာပူးလ္က ေမွးမွိန္ – ဒီေန႔ပြဲမွာ သီယာဂိုဟာ ကြင္းလယ္မွာ အေကာင္းဆုံး ေျခစြမ္းျပခဲ့တယ္ဆိုရင္ သူ႔ကို အျပည့္အဝ အာ႐ုံစိုက္ မခံရေအာင္ ယူႏိုက္တက္ ကြင္းလယ္အဖ်က္ေတြရဲ႕ သတိျပဳမႈကို ခြဲယူခဲ့တာက ဆြစ္ဇာလန္သား ရွာက်ီရီပါ။ သီယာဂိုရဲ႕ ညာေျခတစ္ေပါက္ ဘယ္ျခမ္းကေန စိတ္ႀကိဳက္မျဖန႔္ေဝႏိုင္ဖို႔ ထိန္းခ်ဳပ္မယ္ဆိုရင္ ရွာက်ီရီက ညာျခမ္းကေန ဘယ္ေျခနဲ႔ လိုက္ၿပီး ေဘာလုံးေတြ ခင္းေနခဲ့တာကို ဧည့္သည္ ကြင္းလယ္လူေတြ ပိတ္ဆို႔ဖို႔ မတတ္ႏိုင္ေတာ့ဘဲ ဂိုးဧရိယာထဲအထိ ဆင္းၿပီး ဖ်က္ထုတ္ခဲ့ရတဲ့အထိ ကြင္းလယ္ကို စိုးမိုးခြင့္ေပးလိုက္ရတာလည္း ျဖစ္ပါတယ္။

လင္ဒီေလာ့ဖ္ ျပန္ပါလာၿပီး လုခ္ေရွာရဲ႕ အေကာင္းဆုံးပြဲ – ေနာက္ခံလူအတြဲအဖက္မွာ ဟာရီ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ကို တြဲဖက္လာခဲ့ၿပီး ဘိုင္လီမပါေပမယ့္ အမွားအယြင္းမရွိ ကစားႏိုင္ခဲ့ခ်ိန္မွာ ယူႏိုက္တက္ခံစစ္ရဲ႕ အေကာင္းဆုံးကစားသမားကေတာ့ အျငင္းပြားဖြယ္ရာမရွိတဲ့ လုခ္ေရွာပါပဲ။ ဒီေန႔ပြဲမွာ အေဝးေဘာေပးပို႔မႈ ၁၀၀ ရာခိုင္ႏႈန္းတိက်ခဲ့ၿပီး ဖ်က္ထုတ္မႈ ၁၀၀ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့တဲ့ လုခ္ေရွာဟာ ေဘာလုံး ၈ ႀကိမ္ျပန္ရယူႏိုင္ခဲ့သလို ၄ ႀကိမ္ရွင္းထုတ္၊ ၄ ႀကိမ္ျပစ္ဒဏ္က်ဴးလြန္ခံရၿပီး အခြင့္အေရးေကာင္းေတြကိုလည္း ၃ ႀကိမ္အထိ ဖန္တီးေပးသြားခဲ့တာပါ။

ဖာဘင္ညိဳရဲ႕ တြဲဖက္သစ္ ဟန္ဒါဆန္ – လီဗာပူးလ္အသင္းေခါင္းေဆာင္ကေတာ့ ဒီေန႔ပြဲမွာ ကြင္းလယ္အဖ်က္ ဖာဘင္ညိဳနဲ႔အတူ ဗဟိုခံစစ္မွာ ထပ္မံအသုံးေတာ္ခံခဲ့ပါတယ္။ ကြင္းလယ္တိုက္စစ္ကစားသမားဘဝကေန တျဖည္းျဖည္း ခံစစ္ဆီ အသြင္ေျပာင္းလာတဲ့ ဟန္ဒါဆန္ဟာ စိန႔္နဲ႔ပြဲမွာ ကစားပုံ မေကာင္းခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ေတာ္ေတာ္ေလး တိုးတက္လာခဲ့ၿပီး မာတစ္ပ္၊ ဂိုမက္ဇ္၊ ဗန္ဒိုက္တို႔ တစ္ဦးခ်င္း ျပန္ေရာက္လာမယ့္ အခ်ိန္အထိ အစားဝင္ ေတာင့္ခံေပးထားႏိုင္မယ့္ ပုံစံကိုလည္း ျပသႏိုင္ခဲ့ပါတယ္။

အယ္လစ္ဆန္ လက္စြမ္းက အသက္ – ဒီေန႔ပြဲမွာေတာ့ လီဗာပူးလ္တို႔ အခန႔္မသင့္ရင္ ရႈံးသြားႏိုင္တဲ့ ပုံစံမ်ိဳးကို ခံစစ္အမွားေတြကေန အခြင့္အေရးေပးခဲ့ရၿပီး ယူႏိုက္တက္ဘက္က ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ရဲ႕ အပိုင္ကန္ခ်က္ေတြကို ကာကြယ္ေပးသြားႏိုင္ခဲ့သလို ကာကြယ္မႈ ၄ ႀကိမ္အထိ ျပဳလုပ္သြားခဲ့တာပါ။ စကိုင္းစပို႔စ္ရဲ႕ တင္ဆက္သူ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္ကေတာ့ အယ္လစ္ဆန္ဟာ လီဗာပူးလ္ရဲ႕ အေရးအပါဆုံး ကစားသမားလို႔လည္း ဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.