Premier League

လီဗာပူးလ်နဲ့ယူနိုက်တက်တို့ပွဲမှာ ယူနိုက်တက်ဘက်မှာ ကစားသမား ၁၂ ယောက်ကစားခဲ့တယ်လို့ ဝေဖန်ခံနေရ


တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ် ပထမပိုင်းပြီးဆုံးခါမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေး ဂိုးသွင်းယူဖို့ လူကျွံထောင်ချောက်ကနေ ရုန်းထွက်ခဲ့တဲ့အချိန်မှာ ကွင်းလယ်ဒိုင် ပေါလ် တီယာနေးက ဝီစီစောစော မှုတ်ပြီး ပွဲသိမ်းခဲ့ပါတယ်။


ဆီနီဂေါ လက်ရွေးစင်တိုက်စစ်မှူးဟာ လင်ဒီလော့ဖ်နဲ့ အာရွန် ဝမ်-ဘစ်ဆာကာတို့ရဲ့ နောက်ကနေ ၄၅ မိနစ်နဲ့ ၅၄ စက္ကန့်မှာ ပြေးထွက်လိုက်တဲ့အချိန်မှာပဲ နာကျင်အချိန်ပို တစ်မိနစ် မပြည့်သေးပေမယ့် ကွင်းလယ်ဒိုင် တီယာနေးက ပွဲပြီး ဝီစီကို စောစော မှုတ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ် ပထမပိုင်းတစ်ပိုင်းလုံး အဓိကကျတဲ့အခန်းကဏ္ဍကနေ ကစားပေးခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး ခဏအကြာမှာပဲ ၎င်းရဲ့ လက်နဲ့ မျက်နှာကို အုပ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။


ဆာဒီယိုမာနေးဟာ တန်ပြန်တိုက်စစ်ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ထိန်းသိမ်းပြီး မန်ချက်စတာယူနိုက်တက်အသင်း ဂိုးဧရိယာထိပ်နားကို ရောက်ရှိနေခဲ့ပြီဖြစ်ပေမယ့်လည်း ကွင်းလယ်ဒိုင် ပေါလ် တီယာနေးက အငြင်းပွားဖွယ် ပွဲကို ပြီးဆုံးစေခဲ့တာကြောင့် လီဗာပူးလ်ပရိသတ်တွေကြားမှာ ဒေါသတကြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းသတင်းတွေကို အဓိက ရေးသားတဲ့ အလွတ်တန်းဘောလုံးဂျာနယ်လစ် ဒေးဗစ် လင့်ချ်က “ကျွန်တော် မှားတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်ကြည့်ရသလောက်က ဆာဒီယိုမာနေးက ဂိုးသွင်းတော့မယ့်ပုံ အများကြီးပေါ်နေတဲ့အချိန်မှာ ကွင်းလယ်ဒိုင်က ပထမပိုင်းအပြီး ဝီစီကို မှုတ်လိုက်တာပဲ”လို့ ရေးသားခဲ့ပါတယ်။

News UK ရဲ့ အားကစားသတင်း ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဂျိတ်ခ် ဟီးစ်မန်းကလည်း “ကျွန်တော် မြင်ခဲ့ရတာ ဟုတ်ပါတယ်နော်။ ကွင်းလယ်ဒိုင်က ဆာဒီယို မာနေး ဂိုးဆီ ပြေးနေတဲ့အချိန်မှာ ပထမပိုင်းပွဲပြီး ဝီစီကို မှုတ်ခဲ့တယ်။ အချိန်ကိုလည်း ကြည့်ပါဦး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ပထမပိုင်းက စွမ်းဆောင်ရည်ဟာ ဆိုးရွားခဲ့ပြီး Sky Sports ဘောလုံးဝေဖန်သူ မီကာ ရစ်ချက်က ပထမပိုင်း ၄၅ မိနစ်မှာ နောက်တန်းအရမ်းဆင်းလွန်းတဲ့ ဆိုးလ်ရှားရဲ့ အသင်းကို ဝေဖန်ခဲ့ပါတယ်။


“ကျွန်တော် လုံးဝ ရိုးရိုးသားသားပြောရရင် မန်ယူနိုက်တက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိခဲ့ပါတယ်။ သူတို့တွေ အန်းဖီးမှာ ကစားနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် သူတို့တွေ အရမ်းနောက်မှာပဲ စုပြုံနေလွန်းတယ်။ ဒီအသင်းက လိဂ်အမှတ်ပေးဇယားထိပ်ဆုံးကအသင်းအနေနဲ့ လီဗာပူးလ်အသင်းကို ယှဉ်ပြိုင်နေရတာပါ”

“သူတို့တွေက ချန်ပီယံဖြစ်နေလည်း အဲဒါက အရေးမပါပါဘူး။ ခင်ဗျား အဲဒီလို ကစားနေရင် ပရီးမီးယားလိဂ်ဖလားကို ရနိုင်မှာမဟုတ်ပါဘူး။ သူတို့တွေက တန်ပြန်တိုက်စစ်တော့ကောင်းပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က ပထမပိုင်းမှာတင် လူကျွံတာက ၇ ခါ၊ ၈ ခါလောက် ဖြစ်နေပြီ”

“ကျွန်တော် သူတို့နဲ့ပတ်သက်ပြီး အထူးသဖြင့် တန်ပြန်တိုက်စစ်နဲ့ ဆိုင်တာကိုပဲ ပြောခဲ့တာပါ။ ဒါပေမယ့် သူတို့တွေ အခုလိုမျိုး မကောင်းတဲ့နည်းလမ်းနဲ့ကစားနေမယ်ဆိုရင် ဖလားရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


တနဂၤေႏြေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္ ပထမပိုင္းၿပီးဆုံးခါမွာ လီဗာပူးလ္တိုက္စစ္မႉး ဆာဒီယိုမာေနး ဂိုးသြင္းယူဖို႔ လူကၽြံေထာင္ေခ်ာက္ကေန ႐ုန္းထြက္ခဲ့တဲ့အခ်ိန္မွာ ကြင္းလယ္ဒိုင္ ေပါလ္ တီယာေနးက ဝီစီေစာေစာ မႈတ္ၿပီး ပြဲသိမ္းခဲ့ပါတယ္။


ဆီနီေဂါ လက္ေရြးစင္တိုက္စစ္မႉးဟာ လင္ဒီေလာ့ဖ္နဲ႔ အာရြန္ ဝမ္-ဘစ္ဆာကာတို႔ရဲ့ ေနာက္ကေန ၄၅ မိနစ္နဲ႔ ၅၄ စကၠန႔္မွာ ေျပးထြက္လိုက္တဲ့အခ်ိန္မွာပဲ နာက်င္အခ်ိန္ပို တစ္မိနစ္ မျပည့္ေသးေပမယ့္ ကြင္းလယ္ဒိုင္ တီယာေနးက ပြဲၿပီး ဝီစီကို ေစာေစာ မႈတ္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ပြဲစဥ္ ပထမပိုင္းတစ္ပိုင္းလုံး အဓိကက်တဲ့အခန္းက႑ကေန ကစားေပးခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္ကစားသမား သီယာဂို အယ္လ္ကန္တာရာက ကြင္းလယ္ဒိုင္ရဲ့ ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ခဲ့ၿပီး ခဏအၾကာမွာပဲ ၎ရဲ့ လက္နဲ႔ မ်က္ႏွာကို အုပ္ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ပါတယ္။


ဆာဒီယိုမာေနးဟာ တန္ျပန္တိုက္စစ္ကေန ေပးပို႔လိုက္တဲ့ ေဘာလုံးကို ထိန္းသိမ္းၿပီး မန္ခ်က္စတာယူနိုက္တက္အသင္း ဂိုးဧရိယာထိပ္နားကို ေရာက္ရွိေနခဲ့ၿပီျဖစ္ေပမယ့္လည္း ကြင္းလယ္ဒိုင္ ေပါလ္ တီယာေနးက အျငင္းပြားဖြယ္ ပြဲကို ၿပီးဆုံးေစခဲ့တာေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြၾကားမွာ ေဒါသတႀကီး ေဝဖန္မႈေတြ ျမင့္တက္ေနခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းသတင္းေတြကို အဓိက ေရးသားတဲ့ အလြတ္တန္းေဘာလုံးဂ်ာနယ္လစ္ ေဒးဗစ္ လင့္ခ်္က “ကၽြန္ေတာ္ မွားတာလည္း ျဖစ္ရင္ျဖစ္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ၾကည့္ရသေလာက္က ဆာဒီယိုမာေနးက ဂိုးသြင္းေတာ့မယ့္ပုံ အမ်ားႀကီးေပၚေနတဲ့အခ်ိန္မွာ ကြင္းလယ္ဒိုင္က ပထမပိုင္းအၿပီး ဝီစီကို မႈတ္လိုက္တာပဲ”လို႔ ေရးသားခဲ့ပါတယ္။

News UK ရဲ့ အားကစားသတင္း ဒုတိယေခါင္းေဆာင္ျဖစ္တဲ့ ဂ်ိတ္ခ္ ဟီးစ္မန္းကလည္း “ကၽြန္ေတာ္ ျမင္ခဲ့ရတာ ဟုတ္ပါတယ္ေနာ္။ ကြင္းလယ္ဒိုင္က ဆာဒီယို မာေနး ဂိုးဆီ ေျပးေနတဲ့အခ်ိန္မွာ ပထမပိုင္းပြဲၿပီး ဝီစီကို မႈတ္ခဲ့တယ္။ အခ်ိန္ကိုလည္း ၾကည့္ပါဦး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ ပထမပိုင္းက စြမ္းေဆာင္ရည္ဟာ ဆိုးရြားခဲ့ၿပီး Sky Sports ေဘာလုံးေဝဖန္သူ မီကာ ရစ္ခ်က္က ပထမပိုင္း ၄၅ မိနစ္မွာ ေနာက္တန္းအရမ္းဆင္းလြန္းတဲ့ ဆိုးလ္ရွားရဲ့ အသင္းကို ေဝဖန္ခဲ့ပါတယ္။


“ကၽြန္ေတာ္ လုံးဝ ရိုးရိုးသားသားေျပာရရင္ မန္ယူနိုက္တက္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္မိခဲ့ပါတယ္။ သူတို႔ေတြ အန္းဖီးမွာ ကစားေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အရမ္းေနာက္မွာပဲ စုျပဳံေနလြန္းတယ္။ ဒီအသင္းက လိဂ္အမွတ္ေပးဇယားထိပ္ဆုံးကအသင္းအေနနဲ႔ လီဗာပူးလ္အသင္းကို ယွဥ္ၿပိဳင္ေနရတာပါ”

“သူတို႔ေတြက ခ်န္ပီယံျဖစ္ေနလည္း အဲဒါက အေရးမပါပါဘူး။ ခင္ဗ်ား အဲဒီလို ကစားေနရင္ ပရီးမီးယားလိဂ္ဖလားကို ရနိုင္မွာမဟုတ္ပါဘူး။ သူတို႔ေတြက တန္ျပန္တိုက္စစ္ေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္က ပထမပိုင္းမွာတင္ လူကၽြံတာက ၇ ခါ၊ ၈ ခါေလာက္ ျဖစ္ေနၿပီ”

“ကၽြန္ေတာ္ သူတို႔နဲ႔ပတ္သက္ၿပီး အထူးသျဖင့္ တန္ျပန္တိုက္စစ္နဲ႔ ဆိုင္တာကိုပဲ ေျပာခဲ့တာပါ။ ဒါေပမယ့္ သူတို႔ေတြ အခုလိုမ်ိဳး မေကာင္းတဲ့နည္းလမ္းနဲ႔ကစားေနမယ္ဆိုရင္ ဖလားရမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.