Premier League

18 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများစုစည်းမှု


-ချဲလ်ဆီးဘယ်နောက်ခံကစားသမားဟောင်း ဝိန်း ဘရစ်ဂျ်က စနေနေ့ညမှာ ဖူလ်ဟမ်အသင်းကို ချဲလ်ဆီးအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မေဆင်မောင့်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အကောင်းဆုံးကစားသမား ၃ ယောက်၊ ၄ ယောက်လောက် ရှိကောင်းရှိနိုင်ပေမယ့် မေဆင်မောင့်ကတော့ အားလုံးထဲမှာ အကောင်းဆုံးလို့ ပြောကြားခဲ့။


-ဝက်စ်ဟမ်းယူနိုက်တက်နည်းပြ ဒေးဗစ် မိုရက်စ်က ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်အတွက် ချဲလ်ဆီးအသင်းဆီကရော မန်ချက်စတာယူနိုက်တက်အသင်းဆီကပါ ချဉ်းကပ်လာမှုမျိုး မရှိသေးဘူးလို့ ထပ်မံအတည်ပြုပြောကြားခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ မာ့ခ်နိုဘယ်ဆီကနေ ဝန်ထုပ်ဝန်ပိုးအများကြီးကို လွှဲပြောင်းရယူထားတာကြောင့် ကြယ်ပွင့်ကစားသမားကို အသင်းကလည်း ထွက်ခွာခွင့်မပေးချင်ဘူးလို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ဂိုးပေါက်ရှေ့မှာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဂျာမန်တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ချဲလ်ဆီးအတွက် ၎င်းရဲ့ ဂိုးသွင်းကောင်းတဲ့ပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ယုံကြည်နေဆဲဖြစ်ပြီး ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးလွဲချော်သွားခဲ့ပေမယ့် ၎င်းရဲ့ ကစားသမားဘဝ သွင်းဂိုးများစွာကို မြင်တွေ့ခဲ့ဖူးတာကြောင့် မကြာမီမှာ သွင်းဂိုးတွေ သွင်းယူလိမ့်မယ်လို့ ပြောကြားခဲ့။


-ရက်ဘူးလ် ဆဲလ်ဘတ်တိုက်စစ်မှူး ကာရင် အဒီယီမီက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ဘာကြောင့် ပယ်ချခဲ့တာလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရတယ်ဆိုတာ အတည်ပြုပြောကြားခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့် သက်တောင့်သက်သာ အရှိဆုံးလို့ ခံစားရတဲ့ အသင်းကို ရွေးချယ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့။


-အေစီမီလန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ တိုမိုရီရဲ့ ၆ လအငှားစာချုပ်နဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပြီး အင်္ဂါနေ့မှာ စာချုပ်လက်မှတ်ရေးထိုးပြီးနောက် တိုမိုရီဟာ မီလန်ကို ထွက်ခွာမှာဖြစ်တယ်လို့ မျှော်မှန်းထားကြောင်း သိရ။


-ဘိုင်ယန် လေဗာကူဆင်အသင်းနည်းပြ ပီတာ ဘော့ဇ်က ချဲလ်ဆီးအသင်းက ခိုင် ဟားဗတ်ဇ်ရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် ဟာကင်း ဇီယက်ရှ်ကို အပြစ်တင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ ဂျာမန်ကွင်းလယ်ကစားသမားကို ပင်နယ်တီဧရိယာထဲ ဝင်ရောက်သင့်သလောက် မဝင်ရောက်နိုင်အောင် တွန်းထုတ်ထားတာကြောင့် ဂိုးမသွင်းနိုင်တာလို့ ပြောကြားခဲ့။

STRASBOURG, FRANCE – OCTOBER 04: Mohamed Simakan of Racing Strasbourg looks to bring the ball down during the Ligue 1 match between RC Strasbourg and Lille OSC at Stade de la Meinau on October 4, 2020 in Strasbourg, France. (Photo by Marcio Machado/Eurasia Sport Images/Getty Images)


-လိုက်ပ်ဇစ်အသင်းဟာ ချဲလ်ဆီးအသင်းပစ်မှတ်ဖြစ်တဲ့ မိုဟာမက် ဆီမာကန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အပြိုင်ခေါ်ယူဖို့အတွက် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပြီး အသင်းကနေ ထွက်ခွာခွင့်ပြုရဖို့များနေတဲ့ အူပါမီကာနိုရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ခေါ်ယူသွားမယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမားေဟာင္း ဝိန္း ဘရစ္ဂ်္က စေနေန႔ညမွာ ဖူလ္ဟမ္အသင္းကို ခ်ဲလ္ဆီးအသင္းက ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ေမဆင္ေမာင့္ဟာ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးရဲ့ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အေကာင္းဆုံးကစားသမား ၃ ေယာက္၊ ၄ ေယာက္ေလာက္ ရွိေကာင္းရွိနိုင္ေပမယ့္ ေမဆင္ေမာင့္ကေတာ့ အားလုံးထဲမွာ အေကာင္းဆုံးလို႔ ေျပာၾကားခဲ့။


-ဝက္စ္ဟမ္းယူနိုက္တက္နည္းၿပ ေဒးဗစ္ မိုရက္စ္က ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ရိုက္စ္အတြက္ ခ်ဲလ္ဆီးအသင္းဆီကေရာ မန္ခ်က္စတာယူနိုက္တက္အသင္းဆီကပါ ခ်ဥ္းကပ္လာမႈမ်ိဳး မရွိေသးဘူးလို႔ ထပ္မံအတည္ျပဳေျပာၾကားခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ မာ့ခ္နိုဘယ္ဆီကေန ဝန္ထုပ္ဝန္ပိုးအမ်ားႀကီးကို လႊဲေျပာင္းရယူထားတာေၾကာင့္ ၾကယ္ပြင့္ကစားသမားကို အသင္းကလည္း ထြက္ခြာခြင့္မေပးခ်င္ဘူးလို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္က ဂိုးေပါက္ေရွ႕မွာ ဂိုးေပါက္ေပ်ာက္ဆုံးေနတဲ့ ဂ်ာမန္တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအတြက္ ၎ရဲ့ ဂိုးသြင္းေကာင္းတဲ့ပုံစံကို ျပန္လည္ရွာေဖြေတြ႕ရွိလိမ့္မယ္လို႔ ယုံၾကည္ေနဆဲျဖစ္ၿပီး ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ အခြင့္အေရးလြဲေခ်ာ္သြားခဲ့ေပမယ့္ ၎ရဲ့ ကစားသမားဘဝ သြင္းဂိုးမ်ားစြာကို ျမင္ေတြ႕ခဲ့ဖူးတာေၾကာင့္ မၾကာမီမွာ သြင္းဂိုးေတြ သြင္းယူလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ရက္ဘူးလ္ ဆဲလ္ဘတ္တိုက္စစ္မႉး ကာရင္ အဒီယီမီက ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ခြင့္ရမယ့္ အခြင့္အေရးကို ဘာေၾကာင့္ ပယ္ခ်ခဲ့တာလဲဆိုတာကို ရွင္းလင္းေျပာၾကားခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းရဲ့စိတ္ဝင္စားမႈကို ခံခဲ့ရတယ္ဆိုတာ အတည္ျပဳေျပာၾကားခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ပုံမွန္ပြဲထြက္ကစားခြင့္ ရရွိဖို႔က အေရးအႀကီးဆုံးျဖစ္တာေၾကာင့္ သက္ေတာင့္သက္သာ အရွိဆုံးလို႔ ခံစားရတဲ့ အသင္းကို ေရြးခ်ယ္ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ေအစီမီလန္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္တဲ့ တိုမိုရီရဲ့ ၆ လအငွားစာခ်ဳပ္နဲ႔ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တယ္လို႔ ဖက္ဘရီဇီယို ရိုမာနိုက ေျပာၾကားခဲ့ၿပီး အဂၤါေန႔မွာ စာခ်ဳပ္လက္မွတ္ေရးထိုးၿပီးေနာက္ တိုမိုရီဟာ မီလန္ကို ထြက္ခြာမွာျဖစ္တယ္လို႔ ေမၽွာ္မွန္းထားေၾကာင္း သိရ။


-ဘိုင္ယန္ ေလဗာကူဆင္အသင္းနည္းၿပ ပီတာ ေဘာ့ဇ္က ခ်ဲလ္ဆီးအသင္းက ခိုင္ ဟားဗတ္ဇ္ရဲ့ ဆိုးရြားတဲ့စြမ္းေဆာင္ရည္အတြက္ ဟာကင္း ဇီယက္ရွ္ကို အျပစ္တင္ရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေမာ္ရိုကို လက္ေရြးစင္ၾကယ္ပြင့္ဟာ ဂ်ာမန္ကြင္းလယ္ကစားသမားကို ပင္နယ္တီဧရိယာထဲ ဝင္ေရာက္သင့္သေလာက္ မဝင္ေရာက္နိုင္ေအာင္ တြန္းထုတ္ထားတာေၾကာင့္ ဂိုးမသြင္းနိုင္တာလို႔ ေျပာၾကားခဲ့။

STRASBOURG, FRANCE – OCTOBER 04: Mohamed Simakan of Racing Strasbourg looks to bring the ball down during the Ligue 1 match between RC Strasbourg and Lille OSC at Stade de la Meinau on October 4, 2020 in Strasbourg, France. (Photo by Marcio Machado/Eurasia Sport Images/Getty Images)


-လိုက္ပ္ဇစ္အသင္းဟာ ခ်ဲလ္ဆီးအသင္းပစ္မွတ္ျဖစ္တဲ့ မိုဟာမက္ ဆီမာကန္ကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အၿပိဳင္ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္လာခဲ့ၿပီျဖစ္တယ္လို႔ အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ သိရၿပီး အသင္းကေန ထြက္ခြာခြင့္ျပဳရဖို႔မ်ားေနတဲ့ အူပါမီကာနိုရဲ့ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ေခၚယူသြားမယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.