Other Leagues

ပရီးမီးယားလိဂ်က ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူသွားမယ့် အင်တာမီလန်အသင်း

(Unicode)

စကိုင်းစပေါ့တ်အီတလီရဲ့သတင်းတွေအရ အင်တာမီလန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဂျရူးကို စီးရီးအေဆီ အရောက်ခေါ်ဆောင်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ လာမယ့်နွေရာသီမှာ အပြီးသတ်ဝယ်ယူသွားမှာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ဇန်နဝါရီလတည်းက ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့ပေမယ့် အပြီးမသတ်နိုင်ခဲ့တာပါ။ ချဲလ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ဂျရူးဟာလည်း အီတလီမြေမှာကစားဖို့စိတ်ဝင်စားမှုရှိနေတယ်လို့ဆိုပါတယ်။

အင်တာမီလန်အသင်းဟာ အရင်ကလည်း လူကာကူ၊ဆန်းချက်၊အက်ရှ်လေယန်း အစရှိတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်ယူခဲ့ဖူးပါတယ်။ အသက်အရွယ်နဲ့ကြံ့ခိုင်မှုကြောင့် ပရီးမီးယားလိဂ်မှာ ပိုမိုရုန်းကန်ရနေရတဲ့ဂျရူးအတွက်လည်း အီတလီမြေဟာ အကောင်းဆုံးရွေး ချယ်မှုဖြစ်လာမှာပါ။

ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့ဟာ လွယ်လွယ်ကူကူဖြစ်လာဖို့မရှိပဲ လာဇီယိုအသင်းကလည်း အင်တာမီလန်အသင်းနဲ့အပြိုင် ဂျရူးကိုခေါ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ လန်ဒန်ကလပ်တွေမှာ ကျင်လည်ခဲ့တဲ့ ကမ္ဘာ့ဖလားပိုင်ရှင်ပြင်သစ်သားကြီးတစ်ယောက် ဘယ်အသင်းကိုရွေးချယ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဂျရူးရောက်လာရင်တော့ အင်တာမီလန်တိုက်စစ်ဟာ အသင်းနည်းပြကွန်တီအတွက် ရွေးချယ်စရာတွေအများကြီးထပ်ရှိလာတော့မှာဖြစ်ပါတယ်။

Sports A2Z
HTOO PYAE SONE

(Zawgyi)

စကိုင္းစေပါ့တ္အီတလီရဲ႕သတင္းေတြအရ အင္တာမီလန္အသင္းဟာ ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္မႉး ဂ်႐ူးကို စီးရီးေအဆီ အေရာက္ေခၚေဆာင္ဖို႔ႀကိဳးစားေနတယ္လို႔သိရပါတယ္။ လာမယ့္ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူသြားမွာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ဟာ ဇန္နဝါရီလတည္းက ေဆြးေႏြးခဲ့ၿပီး သေဘာတူညီမႈရခဲ့ေပမယ့္ အၿပီးမသတ္ႏိုင္ခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းမွာ ေနရာမရျဖစ္ေနတဲ့ဂ်႐ူးဟာလည္း အီတလီေျမမွာကစားဖို႔စိတ္ဝင္စားမႈရွိေနတယ္လို႔ဆိုပါတယ္။

အင္တာမီလန္အသင္းဟာ အရင္ကလည္း လူကာကူ၊ဆန္းခ်က္၊အက္ရွ္ေလယန္း အစရွိတဲ့ ပရီးမီးယားလိဂ္ကစားသမားေတြကို ေခၚယူခဲ့ဖူးပါတယ္။ အသက္အ႐ြယ္နဲ႔ႀကံ့ခိုင္မႈေၾကာင့္ ပရီးမီးယားလိဂ္မွာ ပိုမို႐ုန္းကန္ရေနရတဲ့ဂ်႐ူးအတြက္လည္း အီတလီေျမဟာ အေကာင္းဆုံးေ႐ြး ခ်ယ္မႈျဖစ္လာမွာပါ။

ဒါေပမယ့္လည္း ဒီအေျပာင္းအေ႐ႊ႕ဟာ လြယ္လြယ္ကူကူျဖစ္လာဖို႔မရွိပဲ လာဇီယိုအသင္းကလည္း အင္တာမီလန္အသင္းနဲ႔အၿပိဳင္ ဂ်႐ူးကိုေခၚယူဖို႔ႀကိဳးစားေနတယ္လို႔သိရပါတယ္။ လန္ဒန္ကလပ္ေတြမွာ က်င္လည္ခဲ့တဲ့ ကမာၻ႔ဖလားပိုင္ရွင္ျပင္သစ္သားႀကီးတစ္ေယာက္ ဘယ္အသင္းကိုေ႐ြးခ်ယ္သြားမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

ဂ်႐ူးေရာက္လာရင္ေတာ့ အင္တာမီလန္တိုက္စစ္ဟာ အသင္းနည္းျပကြန္တီအတြက္ ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးထပ္ရွိလာေတာ့မွာျဖစ္ပါတယ္။

Sports A2Z
HTOO PYAE SONE