Premier League

18 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင်ကိန်းက လီဗာပူးလ်နဲ့ပွဲမှာ အဲရစ်ဘိုင်လီကို ချန်လှပ်ခဲ့ပြီး လင်ဒီလော့ဖ်ကို ပြန်လည်ခေါ်ယူခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ပြီး လင်ဒီလော့ဖ်ဟာ မက်ဂွိုင်းယားနဲ့ လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်လောက်ကတည်းက ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သူဖြစ်တဲ့အတွက် ကြီးမားတဲ့အပြောင်းအလဲလို့ မထင်မြင်မိကြောင်း ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက လီဗာပူးလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ကို မေဆင် ဂရင်းဝုဒ်နဲ့ လူစားလဲလှယ်ခဲ့တာက အံစာတုံးပစ်သလို ကံစမ်းကြည့်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အစပိုင်းမှာ ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ကို ဒေါသပေါက်ကွဲသွားခဲ့ပြီး ကွင်းအတွင်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပေမယ့် ဗိုင်နယ်လ်ဒွမ်က ကွင်းထဲကနေ မြန်မြန်ထွက်ဖို့ တောင်းဆိုခဲ့တာကြောင့် ဒေါသတကြီးနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့။


-လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ အန်းဖီးက ပွဲစဉ်အတွင်း ဆိုးလ်ရှားရဲ့ ခံစစ်နည်းဗျူဟာက ကောင်းကောင်းအလုပ်လုပ်ခဲ့ပေမယ့်လည်း မပျော်မရွှင်ဖြစ်ခဲ့တာကြောင့် ပွဲအပြီးအင်တာဗျူးမှာ ကမ္ဘာ့အဆင့်ကစားသမားတွေပါတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာက ဘောလုံးပွဲမှာ အဆိုးဆုံးအရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဲဒီကစားသမားတွေအားလုံးဟာ ပင်နယ်တီဧရိယာထဲမှာ အုံနဲ့ကျင်းနဲ့ ပိတ်ဆို့နေကြသလို တန်ပြန်တိုက်စစ်မှာလည်း ကောင်းမွန်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်က နောက်ထပ်တစ်ကြိမ် အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမယ့်အချိန်အတွက် ၎င်းရဲ့ကစားသမားတွေကို ယုံကြည်မှုပေးလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဂိုးရရှိမယ့် အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့်လည်း ယူနိုက်တက်ကစားသမားတွေဟာ ပွဲကို လွှမ်းမိုးနိုင်အောင် တွန်းအားပေးဖို့ ယုံကြည်မှုကင်းမဲ့နေခဲ့တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက ယူနိုက်တက်ရဲ့ သေးငယ်တဲ့ဆုဖလားမျှော်လင့်ချက်ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေ့ါဂ်ဘာအပေါ်မှာပဲ မူတည်နေတယ်လို့ ယုံကြည်နေပြီး ၂ လ၊ ၃ လလောက် အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုး ပြသပေးမှသာ မန်ချက်စတာယူနိုက်တက်ရဲ့ သေးငယ်တဲ့အခွင့်အရေးဟာ ဖြစ်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။


-ခရစ် ဆက်တန်က လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ စစ်မှန်တဲ့ ဆုဖလားစိန်ခေါ်သူတွေဖြစ်နေကြပြီလို့ ပြောကြားခဲ့ပြီး ရာသီအစတုန်းက ဆုဖလားစိန်ခေါ်သူတွေအဖြစ် မယုံကြည်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ယုံကြည်သွားပြီလို့ ပြောကြားခဲ့။ လီဗာပူးလ်အသင်းခံစစ်မှာ ဟန်ဒါဆင်နဲ့ ဖာဘင်ညိုတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူးရမယ်လို့ ပြောကြားခဲ့ပေမယ့် ဖာမီနိုနဲ့ မိုဟာမက်ဆာလာတို့ဟာ လုခ်ရှောကို ဖြတ်ကျော်ဖို့ ကြောက်ရွံ့နေကြတယ်လို့ ဝေဖန်ခဲ့။


-အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က လီဗာပူးလ်အသင်းနဲ့ပွဲစဉ်က လုခ်ရှောရဲ့ စွမ်းဆောင်ရည်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဂျာစီနဲ့ မြင်တွေ့ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လုခ်ရှောဟာ ခံစစ်ကစားသမား ၄ ဦးထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်သူအဖြစ် ထင်ထင်ရှားရှားပေါ်ထွက်နေခဲ့သလို ဒုတိယပိုင်းမှာ ဆာလာက လုခ်ရှောကို ဖြတ်ကျော်ရမယ့်အစား ကံမစမ်းချင်တာကြောင့် နောက်ပြန်လှည့်ပြီး ဘောလုံးပေးခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အန်းဖီးမှာ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့တာကို နည်းနည်း စိတ်ပျက်မိခဲ့တယ်လို့ ပြောကြားခဲ့ပြီး နောက်လာမယ့် လီဗာပူးလ်နဲ့ ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင်တော့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ ရရှိခဲ့တဲ့ သရေတစ်မှတ်က အဆင်ပြေပါတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ရြိဳင္ကိန္းက လီဗာပူးလ္နဲ႔ပြဲမွာ အဲရစ္ဘိုင္လီကို ခ်န္လွပ္ခဲ့ၿပီး လင္ဒီေလာ့ဖ္ကို ျပန္လည္ေခၚယူခဲ့တဲ့ ဆိုးလ္ရွားရဲ့ ဆုံးျဖတ္ခ်က္ကို တုံ႔ျပန္ခဲ့ၿပီး လင္ဒီေလာ့ဖ္ဟာ မက္ဂြိဳင္းယားနဲ႔ လြန္ခဲ့တဲ့ ၁ ႏွစ္၊ ၂ ႏွစ္ေလာက္ကတည္းက ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္နိုင္ခဲ့သူျဖစ္တဲ့အတြက္ ႀကီးမားတဲ့အေျပာင္းအလဲလို႔ မထင္ျမင္မိေၾကာင္း ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားက လီဗာပူးလ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဘ႐ူနိုဖာနန္ဒက္စ္ကို ေမဆင္ ဂရင္းဝုဒ္နဲ႔ လူစားလဲလွယ္ခဲ့တာက အံစာတုံးပစ္သလို ကံစမ္းၾကည့္ခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အစပိုင္းမွာ ဖာနန္ဒက္စ္ဟာ ဆိုးလ္ရွားရဲ့ဆုံးျဖတ္ခ်က္ကို ေဒါသေပါက္ကြဲသြားခဲ့ၿပီး ကြင္းအတြင္းကေန ထြက္ခြာဖို႔ ျငင္းဆန္ခဲ့ေပမယ့္ ဗိုင္နယ္လ္ဒြမ္က ကြင္းထဲကေန ျမန္ျမန္ထြက္ဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ေဒါသတႀကီးနဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့။


-လီဗာပူးလ္နည္းၿပ ယာဂင္ ကေလာ့ပ္ဟာ အန္းဖီးက ပြဲစဥ္အတြင္း ဆိုးလ္ရွားရဲ့ ခံစစ္နည္းဗ်ဴဟာက ေကာင္းေကာင္းအလုပ္လုပ္ခဲ့ေပမယ့္လည္း မေပ်ာ္မရႊင္ျဖစ္ခဲ့တာေၾကာင့္ ပြဲအၿပီးအင္တာဗ်ဴးမွာ ကမၻာ့အဆင့္ကစားသမားေတြပါတဲ့ အသင္းနဲ႔ ရင္ဆိုင္ရတာက ေဘာလုံးပြဲမွာ အဆိုးဆုံးအရာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဲဒီကစားသမားေတြအားလုံးဟာ ပင္နယ္တီဧရိယာထဲမွာ အုံနဲ႔က်င္းနဲ႔ ပိတ္ဆို႔ေနၾကသလို တန္ျပန္တိုက္စစ္မွာလည္း ေကာင္းမြန္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ လီဗာပူးလ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္က ေနာက္ထပ္တစ္ႀကိမ္ အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္အခ်ိန္အတြက္ ၎ရဲ့ကစားသမားေတြကို ယုံၾကည္မႈေပးလိမ့္မယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဂိုးရရွိမယ့္ အပိုင္အခြင့္အေရး ၂ ႀကိမ္ ရရွိခဲ့ေပမယ့္လည္း ယူနိုက္တက္ကစားသမားေတြဟာ ပြဲကို လႊမ္းမိုးနိုင္ေအာင္ တြန္းအားေပးဖို႔ ယုံၾကည္မႈကင္းမဲ့ေနခဲ့တယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးက ယူနိုက္တက္ရဲ့ ေသးငယ္တဲ့ဆုဖလားေမၽွာ္လင့္ခ်က္ဟာ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ေပ့ါဂ္ဘာအေပၚမွာပဲ မူတည္ေနတယ္လို႔ ယုံၾကည္ေနၿပီး ၂ လ၊ ၃ လေလာက္ အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္မ်ိဳး ျပသေပးမွသာ မန္ခ်က္စတာယူနိုက္တက္ရဲ့ ေသးငယ္တဲ့အခြင့္အေရးဟာ ျဖစ္လာနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ခရစ္ ဆက္တန္က လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စစ္မွန္တဲ့ ဆုဖလားစိန္ေခၚသူေတြျဖစ္ေနၾကၿပီလို႔ ေျပာၾကားခဲ့ၿပီး ရာသီအစတုန္းက ဆုဖလားစိန္ေခၚသူေတြအျဖစ္ မယုံၾကည္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ယုံၾကည္သြားၿပီလို႔ ေျပာၾကားခဲ့။ လီဗာပူးလ္အသင္းခံစစ္မွာ ဟန္ဒါဆင္နဲ႔ ဖာဘင္ညိဳတို႔ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ ခ်ီးက်ဴးရမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ဖာမီနိုနဲ႔ မိုဟာမက္ဆာလာတို႔ဟာ လုခ္ေရွာကို ျဖတ္ေက်ာ္ဖို႔ ေၾကာက္ရြံ့ေနၾကတယ္လို႔ ေဝဖန္ခဲ့။


-အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္က လုခ္ေရွာရဲ့ စြမ္းေဆာင္ရည္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းဂ်ာစီနဲ႔ ျမင္ေတြ႕ခဲ့ဖူးသမၽွထဲမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး လုခ္ေရွာဟာ ခံစစ္ကစားသမား ၄ ဦးထဲမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသနိုင္သူအျဖစ္ ထင္ထင္ရွားရွားေပၚထြက္ေနခဲ့သလို ဒုတိယပိုင္းမွာ ဆာလာက လုခ္ေရွာကို ျဖတ္ေက်ာ္ရမယ့္အစား ကံမစမ္းခ်င္တာေၾကာင့္ ေနာက္ျပန္လွည့္ၿပီး ေဘာလုံးေပးခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အန္းဖီးမွာ လီဗာပူးလ္အသင္းနဲ႔ သေရက်ခဲ့တာကို နည္းနည္း စိတ္ပ်က္မိခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ေနာက္လာမယ့္ လီဗာပူးလ္နဲ႔ ပြဲစဥ္မွာ အနိုင္ရရွိမယ္ဆိုရင္ေတာ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ ရရွိခဲ့တဲ့ သေရတစ္မွတ္က အဆင္ေျပပါတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.