Premier League Transfer News

18 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်လ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို အသုံးပြုနိုင်မှာဖြစ်ပြီး ပါဘလို မာရီကတော့ လွဲချော်မှာဖြစ်သလို ကြယ်ပွင့်ကစားသမား ကီရန် တီယာနီကတော့ တနင်္လာနေ့ နောက်ဆုံးအခြေအနေကို စောင့်ကြည့်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ ဖီနာဘာချီအသင်းနဲ့ စာချုပ်ဖို့ အသင်းဥက္ကဌပိုင် လေယာဉ်နဲ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ဘိုးဘွားတွေရဲ့ မြို့က ဖုန်းခေါ်ဆိုတဲ့ သကေင်္တ အမှတ် ၆၇ ကို အင်္ကျီနံပါတ်အဖြစ် ဝတ်ဆင်သွားမယ်လို့ သိရ။

– အသင်းကနေ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ထွက်ခွာသွားခဲ့လို့ လစ်လပ်နေပြီဖြစ်တဲ့ ကျောနံပါတ် ၁၀ အင်္ကျီကို သူ့အနေနဲ့ ရယူမှာ မဟုတ်ဘဲ အသင်းဖော် အလက်ဇန်းဒါး လာကာဇက် လိုချင်ရင် ရွေးချယ်နိုင်ဖို့ စွန့်လွှတ်ထားကြောင်း အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်း ပြောကြား။

– ကွင်းလယ်မှာ အားနည်းနေတဲ့ ဖန်တီးမှုတွေကို အာမခံချက် ပေးနိုင်မယ့် ကစားသမားတစ်ဦးကို အာဆင်နယ်တို့ အလိုရှိနေရာမှာ လီယွန်ရဲ့ ဟူဆင်းမ် အောဝါကိုတော့ မေ့ပစ်လိုက်ပြီလို့ သတင်းတွေ ထွက်နေပြီး နော့ဝစ်ချ်ရဲ့ အီမီလီယာနို ဘွင်ဒီယာကိုပဲ အရစ်ကျ ပေးချေပြီး ခေါ်ယူနိုင်ဖို့ ညှိနှိုင်းသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းက အရန်ဂိုးသမားအဖြစ် ခေါ်ယူနိုင်မယ့် လူသစ်ဟာ နယူးကာဆယ်လ်အသင်းကနေ ဆွမ်းဆီးအသင်းကို အငှားချထားတဲ့ ဖရက်ဒီ ဝုဒ်မန်းလို့ သိရပြီး အင်္ဂလန်ယူ-၂၀ နဲ့ လက်စွမ်းပြဖူးပြီး ကမ္ဘာ့ဖလားကို ယူခဲ့ဖူးတာနဲ့ သူ့ရဲ့ ခေါင်းကိုင်ဖခင်က လက်ရှိလက်ရွေးစင်နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်ဖြစ်နေတာကတော့ ထူးခြားမှုအဖြစ် ပြောစရာရှိနေ။

– အိုဇေးလ်အသင်းက ထွက်ခွာသွားပြီလို့ အတည်ပြုလိုက်တာနဲ့ အင်စတာဂရမ်မှာ နံပါတ် ၁၀ လုပွဲကို ကျင်းပနေကြတဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့ နှစ်ယောက်စလုံးကို လေးစားမှုနဲ့ အရှက်မရှိသူတွေအဖြစ် ပရိသတ်တွေက ဝေဖန်လိုက်ပြီး ပြင်သစ်တိုက်စစ်မှူးကိုတော့ နွေရာသီမှာ ရောင်းချမှာဖြစ်လို့ ယူဝတ်မနေနဲ့လို့ လှောင်ပြောင်ခဲ့ကြ။

– ဘာစီလိုနာအသင်းကနေ အာဆင်နယ်အသင်းကို အေးဂျင့် ကီရာ ဂျော်ရက်ဘ်ချီယန်ရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားနေတဲ့ ဘရာဇီးလ်ဂိုးသမား နီတိုရဲ့ အပြောင်းအရွှေ့ကို နည်းပြ ရော်နယ်လ် ကိုမန်း သဘောမတူဘဲ ပိတ်ပင်တားဆီးသွားမယ်လို့ ကြေငြာ။

– အာဆင်နယ်အသင်းကနေ ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ရှာဖွေစုံစမ်းနေတဲ့ ကစားသမားစာရင်းမှာ ပီအက်စ်ဂျီကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာအပြင် ဘာစီလိုနာအသင်းရဲ့ အသက် ၂၁ နှစ်အရွယ် စပိန်ကွင်းလယ်လူ ရီကီ ပုဂျ်လည်း ပြန်လည်ပါဝင်လာပြီး နည်းပြ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်နေ။

– အာဆင်နယ်နည်းပြ အာတီတာရဲ့ မရှိသုံးကစားသမားဖြစ်နေပြီး ရေရှည်အတွက် အစီအစဉ်ထဲမှာ မပါဝင်တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းက ပြန်လည်ချိတ်ဆက်နေပြီး မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာ။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမယ်ဆိုရင် အသင်းမှာ ၁၂ နှစ်ကြာ လေ့ကျင့်ပေးခဲ့ရတဲ့ လျော်ကြေးကို ရရှိမှာဖြစ်ပြီး သူ့ကို ခေါ်ယူသွားတဲ့ အသင်းအနေနဲ့ အသက် ၂၃ နှစ် မပြည့်ခင်မှာ ထပ်မံရောင်းချခဲ့မယ်ဆိုရင်လည်း အကျိုးအမြတ်တချို့ကို ထပ်မံခံစားခွင့်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ နယူးကာဆယ္လ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို အသုံးျပဳႏိုင္မွာျဖစ္ၿပီး ပါဘလို မာရီကေတာ့ လြဲေခ်ာ္မွာျဖစ္သလို ၾကယ္ပြင့္ကစားသမား ကီရန္ တီယာနီကေတာ့ တနလၤာေန႔ ေနာက္ဆုံးအေျခအေနကို ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းနဲ႔ လမ္းခြဲဖို႔ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ ဖီနာဘာခ်ီအသင္းနဲ႔ စာခ်ဳပ္ဖို႔ အသင္းဥကၠဌပိုင္ ေလယာဥ္နဲ႔ တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဘိုးဘြားေတြရဲ႕ ၿမိဳ႕က ဖုန္းေခၚဆိုတဲ့ သေကတၤ အမွတ္ ၆၇ ကို အက်ႌနံပါတ္အျဖစ္ ဝတ္ဆင္သြားမယ္လို႔ သိရ။

– အသင္းကေန ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ ထြက္ခြာသြားခဲ့လို႔ လစ္လပ္ေနၿပီျဖစ္တဲ့ ေက်ာနံပါတ္ ၁၀ အက်ႌကို သူ႔အေနနဲ႔ ရယူမွာ မဟုတ္ဘဲ အသင္းေဖာ္ အလက္ဇန္းဒါး လာကာဇက္ လိုခ်င္ရင္ ေ႐ြးခ်ယ္ႏိုင္ဖို႔ စြန႔္လႊတ္ထားေၾကာင္း အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္း ေျပာၾကား။

– ကြင္းလယ္မွာ အားနည္းေနတဲ့ ဖန္တီးမႈေတြကို အာမခံခ်က္ ေပးႏိုင္မယ့္ ကစားသမားတစ္ဦးကို အာဆင္နယ္တို႔ အလိုရွိေနရာမွာ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါကိုေတာ့ ေမ့ပစ္လိုက္ၿပီလို႔ သတင္းေတြ ထြက္ေနၿပီး ေနာ့ဝစ္ခ်္ရဲ႕ အီမီလီယာႏို ဘြင္ဒီယာကိုပဲ အရစ္က် ေပးေခ်ၿပီး ေခၚယူႏိုင္ဖို႔ ညႇိႏႈိင္းသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းက အရန္ဂိုးသမားအျဖစ္ ေခၚယူႏိုင္မယ့္ လူသစ္ဟာ နယူးကာဆယ္လ္အသင္းကေန ဆြမ္းဆီးအသင္းကို အငွားခ်ထားတဲ့ ဖရက္ဒီ ဝုဒ္မန္းလို႔ သိရၿပီး အဂၤလန္ယူ-၂၀ နဲ႔ လက္စြမ္းျပဖူးၿပီး ကမာၻ႔ဖလားကို ယူခဲ့ဖူးတာနဲ႔ သူ႔ရဲ႕ ေခါင္းကိုင္ဖခင္က လက္ရွိလက္ေ႐ြးစင္နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္ျဖစ္ေနတာကေတာ့ ထူးျခားမႈအျဖစ္ ေျပာစရာရွိေန။

– အိုေဇးလ္အသင္းက ထြက္ခြာသြားၿပီလို႔ အတည္ျပဳလိုက္တာနဲ႔ အင္စတာဂရမ္မွာ နံပါတ္ ၁၀ လုပြဲကို က်င္းပေနၾကတဲ့ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ ႏွစ္ေယာက္စလုံးကို ေလးစားမႈနဲ႔ အရွက္မရွိသူေတြအျဖစ္ ပရိသတ္ေတြက ေဝဖန္လိုက္ၿပီး ျပင္သစ္တိုက္စစ္မႉးကိုေတာ့ ေႏြရာသီမွာ ေရာင္းခ်မွာျဖစ္လို႔ ယူဝတ္မေနနဲ႔လို႔ ေလွာင္ေျပာင္ခဲ့ၾက။

– ဘာစီလိုနာအသင္းကေန အာဆင္နယ္အသင္းကို ေအးဂ်င့္ ကီရာ ေဂ်ာ္ရက္ဘ္ခ်ီယန္ရဲ႕ အကူအညီနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားေနတဲ့ ဘရာဇီးလ္ဂိုးသမား နီတိုရဲ႕ အေျပာင္းအေ႐ႊ႕ကို နည္းျပ ေရာ္နယ္လ္ ကိုမန္း သေဘာမတူဘဲ ပိတ္ပင္တားဆီးသြားမယ္လို႔ ေၾကျငာ။

– အာဆင္နယ္အသင္းကေန ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူဖို႔ ရွာေဖြစုံစမ္းေနတဲ့ ကစားသမားစာရင္းမွာ ပီအက္စ္ဂ်ီကြင္းလယ္လူ ဂ်ဴလီယန္ ဒရက္ဆလာအျပင္ ဘာစီလိုနာအသင္းရဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ စပိန္ကြင္းလယ္လူ ရီကီ ပုဂ်္လည္း ျပန္လည္ပါဝင္လာၿပီး နည္းျပ အာတီတာရဲ႕ စိတ္ႀကိဳက္ကစားသမားတစ္ဦးျဖစ္ေန။

– အာဆင္နယ္နည္းျပ အာတီတာရဲ႕ မရွိသုံးကစားသမားျဖစ္ေနၿပီး ေရရွည္အတြက္ အစီအစဥ္ထဲမွာ မပါဝင္တဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူဖို႔ အက္သလက္တီကို မက္ဒရစ္အသင္းက ျပန္လည္ခ်ိတ္ဆက္ေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းလည္း ပါဝင္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳရမယ္ဆိုရင္ အသင္းမွာ ၁၂ ႏွစ္ၾကာ ေလ့က်င့္ေပးခဲ့ရတဲ့ ေလ်ာ္ေၾကးကို ရရွိမွာျဖစ္ၿပီး သူ႔ကို ေခၚယူသြားတဲ့ အသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္ မျပည့္ခင္မွာ ထပ္မံေရာင္းခ်ခဲ့မယ္ဆိုရင္လည္း အက်ိဳးအျမတ္တခ်ိဳ႕ကို ထပ္မံခံစားခြင့္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.