Match Report Premier League

ဂိုးပြတ်နိုင်ပွဲနဲ့ ဒုတိယနေရာဆီ တက်ရောက်လာခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရာသီအစက ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ပဲ လမ်းကြောင်းမှန်ပေါ်ကို နောက်ထပ် ဂိုးပြတ်နိုင်ပွဲ၊ Clean Sheet တွေနဲ့ တက်ရောက်လာနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် မြို့ခံပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သလို ပွဲကျန်ကို အနိုင်ကစားနိုင်ရင် ထိပ်ဆုံးက ဦးဆောင်ခွင့်ကိုပါ ရရှိနေပြီလည်းဖြစ်ပါတယ်။ဒ

ဒီနေ့ပွဲမှာ တိုက်စစ်မှူး ဂျေဆူးကို အထောင်ထားခဲ့တဲ့ စီးတီးတို့အနေနဲ့ အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို ဇာဟာ မပါဝင်နိုင်ချိန်မှာ ခြေအသာနဲ့ ကစားခဲ့ပြီး စတာလင်၊ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့က နောက်ကနေ အဓိက ထိုးဖောက်ခဲ့ကြသလို ရွိုင်းဟော့ဆန်ရဲ့ ခံစစ်ကတော့ စောစောစီးစီးမှာပဲ ပြိုလဲမယ့် အရိပ်အယောင်တွေ ပြနေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ရတဲ့ ဘောလုံးကို စတာလင်က ဒီဘရိုင်းနားဆီ ပို့ပေးရာမှာ ဘယ်လ်ဂျီယမ်ဖန်တီးရှင်က နောက်တစ်ကြိမ် ဖြတ်တင်ပေးခဲ့တာကို ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်က ပဲလေ့စ်နောက်ခံလူတွေကြားထဲက ခေါင်းတိုက်ပြီး မန်ချက်စတာ စီးတီးတို့အတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဂွန်ဒိုးဝမ်၊ ဂျေဆူးစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ မန်စီးတီးကို ဦးဆောင် နေခဲ့ပြီး ဒီဘရိုင်းနားရဲ့ အကွက်မြင်တဲ့ ဖန်တီးမှုတွေနဲ့ စတုန်းစ်ရဲ့ ဂိုးအတွက် သာမန်ဖြတ်တင်ဘောမဟုတ်ဘဲ ညာခြေအပြင်နဲ့ ပေးပြခဲ့တာကတော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ စီးတီးတို့ ဒုတိယဂိုးထပ်ရခဲ့ပြီး ထောင့်ကန်ဘောကနေ ပဲလေ့စ်တို့ ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို တစ်ဖက်ကစားသမား တောင်ဆန်းနဲ့ အပြိုင်လုယူပြီး ဂွန်ဒိုးဝမ်က နောက်ခံလူတွေကြားထဲကနေ ဂိုးသမားရဲ့ အဝေးတိုင်ကို ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေပဲ ဒီဘရိုင်းနား ကန်တင်ပေးတဲ့ ဘောလုံးကို ရူဘင် ဒီယက်စ် ခေါင်းတိုက်ပြီး ဂိုးသမား ဂွိုက်တာ ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ဂျွန်စတုန်းစ်က ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းခဲ့ရာမှာ စီးတီးတို့ တတိယဂိုး ထပ်ရခဲ့ပြီး အင်္ဂလန်နောက်ခံလူအတွက် အမှတ်တရနေ့ ဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဒီဘရိုင်းနားကို ကန်ဆယ်လိုနဲ့လဲပြီး အနားပေးခဲ့ပြီး ကွင်းလယ်မှာ ဆရာကြီးဖြစ်လာခဲ့တဲ့ စတာလင်က ပွဲချိန် ၈၈ မိနစ်မှာတော့ ဖယ်ရန် တောရက်စ်ကို ပဲလေ့စ်ရဲ့ မက္ကာသီ ပြစ်ဒဏ်ကျူးလွန်လို့ ရရှိတဲ့ ဖရီးကစ်ကို အဝေးတိုင် အပေါ်ထောင့်ဆီ တိုက်ရိုက်ကန်သွင်းပြီး သူ့ရဲ့ ပြီးခဲ့တဲ့ပွဲက ပင်နယ်တီ မဝင်လို့ ဝေဖန်ခံနေရမှုတွေကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။

ဒီပွဲကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာဆီ တက်ရောက်လာခဲ့ပြီး ၁၈ ရက်နေ့မှာ ကျရောက်မယ့် နည်းပြ ဂွါဒီယိုလာရဲ့ မွေးနေ့အတွက် လှပတဲ့ လက်ဆောင်အဖြစ် ပေးအပ်နိုင်ခဲ့ပြီး ဇယားထိပ်က ယူနိုက်တက်ကို တစ်ပွဲလျော့ နှစ်မှတ်လို အနေအထားနဲ့ နောက်ထပ်တစ်ပွဲ အနိုင်ရရှိရင် ကျော်ဖြတ်နိုင်ခွင့်ကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ရာသီအစက ရလဒ္ေတြ ဆိုး႐ြားခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ပဲ လမ္းေၾကာင္းမွန္ေပၚကို ေနာက္ထပ္ ဂိုးျပတ္ႏိုင္ပြဲ၊ Clean Sheet ေတြနဲ႔ တက္ေရာက္လာႏိုင္ခဲ့ၿပီး ခ်န္ပီယံဆုအတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ကို ဖိအားေပးႏိုင္ခဲ့သလို ပြဲက်န္ကို အႏိုင္ကစားႏိုင္ရင္ ထိပ္ဆုံးက ဦးေဆာင္ခြင့္ကိုပါ ရရွိေနၿပီလည္းျဖစ္ပါတယ္။ဒ

ဒီေန႔ပြဲမွာ တိုက္စစ္မႉး ေဂ်ဆူးကို အေထာင္ထားခဲ့တဲ့ စီးတီးတို႔အေနနဲ႔ အိမ္ကြင္းမွာ ဒုကၡေပးေလ့ရွိတဲ့ ခရစၥတယ္လ္ပဲေလ့စ္ကို ဇာဟာ မပါဝင္ႏိုင္ခ်ိန္မွာ ေျခအသာနဲ႔ ကစားခဲ့ၿပီး စတာလင္၊ ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔က ေနာက္ကေန အဓိက ထိုးေဖာက္ခဲ့ၾကသလို ႐ြိဳင္းေဟာ့ဆန္ရဲ႕ ခံစစ္ကေတာ့ ေစာေစာစီးစီးမွာပဲ ၿပိဳလဲမယ့္ အရိပ္အေယာင္ေတြ ျပေနခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ရတဲ့ ေဘာလုံးကို စတာလင္က ဒီဘ႐ိုင္းနားဆီ ပို႔ေပးရာမွာ ဘယ္လ္ဂ်ီယမ္ဖန္တီးရွင္က ေနာက္တစ္ႀကိမ္ ျဖတ္တင္ေပးခဲ့တာကို ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္က ပဲေလ့စ္ေနာက္ခံလူေတြၾကားထဲက ေခါင္းတိုက္ၿပီး မန္ခ်က္စတာ စီးတီးတို႔အတြက္ အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဂြန္ဒိုးဝမ္၊ ေဂ်ဆူးစ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ မန္စီးတီးကို ဦးေဆာင္ ေနခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ အကြက္ျမင္တဲ့ ဖန္တီးမႈေတြနဲ႔ စတုန္းစ္ရဲ႕ ဂိုးအတြက္ သာမန္ျဖတ္တင္ေဘာမဟုတ္ဘဲ ညာေျခအျပင္နဲ႔ ေပးျပခဲ့တာကေတာ့ ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စီးတီးတို႔ ဒုတိယဂိုးထပ္ရခဲ့ၿပီး ေထာင့္ကန္ေဘာကေန ပဲေလ့စ္တို႔ ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို တစ္ဖက္ကစားသမား ေတာင္ဆန္းနဲ႔ အၿပိဳင္လုယူၿပီး ဂြန္ဒိုးဝမ္က ေနာက္ခံလူေတြၾကားထဲကေန ဂိုးသမားရဲ႕ အေဝးတိုင္ကို ေဝ့ဝိုက္ကန္သြင္းႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေနပဲ ဒီဘ႐ိုင္းနား ကန္တင္ေပးတဲ့ ေဘာလုံးကို ႐ူဘင္ ဒီယက္စ္ ေခါင္းတိုက္ၿပီး ဂိုးသမား ဂြိဳက္တာ ပုတ္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ဂြၽန္စတုန္းစ္က ဘယ္ေျခနဲ႔ မနားတမ္း ကန္သြင္းခဲ့ရာမွာ စီးတီးတို႔ တတိယဂိုး ထပ္ရခဲ့ၿပီး အဂၤလန္ေနာက္ခံလူအတြက္ အမွတ္တရေန႔ ျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဒီဘ႐ိုင္းနားကို ကန္ဆယ္လိုနဲ႔လဲၿပီး အနားေပးခဲ့ၿပီး ကြင္းလယ္မွာ ဆရာႀကီးျဖစ္လာခဲ့တဲ့ စတာလင္က ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္ကို ပဲေလ့စ္ရဲ႕ မကၠာသီ ျပစ္ဒဏ္က်ဴးလြန္လို႔ ရရွိတဲ့ ဖရီးကစ္ကို အေဝးတိုင္ အေပၚေထာင့္ဆီ တိုက္႐ိုက္ကန္သြင္းၿပီး သူ႔ရဲ႕ ၿပီးခဲ့တဲ့ပြဲက ပင္နယ္တီ မဝင္လို႔ ေဝဖန္ခံေနရမႈေတြကို ေခ်ဖ်က္ျပႏိုင္ခဲ့ပါတယ္။

ဒီပြဲကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာဆီ တက္ေရာက္လာခဲ့ၿပီး ၁၈ ရက္ေန႔မွာ က်ေရာက္မယ့္ နည္းျပ ဂြါဒီယိုလာရဲ႕ ေမြးေန႔အတြက္ လွပတဲ့ လက္ေဆာင္အျဖစ္ ေပးအပ္ႏိုင္ခဲ့ၿပီး ဇယားထိပ္က ယူႏိုက္တက္ကို တစ္ပြဲေလ်ာ့ ႏွစ္မွတ္လို အေနအထားနဲ႔ ေနာက္ထပ္တစ္ပြဲ အႏိုင္ရရွိရင္ ေက်ာ္ျဖတ္ႏိုင္ခြင့္ကိုပါ ပိုင္ဆိုင္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.