Match Report Premier League

ထိပ်ဆုံးမှာ မန်ချက်စတာယူနိုက်တက် နေမြဲဖြစ်ခဲ့ပေမယ့် သရေပွဲနဲ့အတူ တတိယနေရာကို ဆင်းပေးလိုက်ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ လူမရှိတဲ့ ခံစစ်ဗဟိုကို ကောင်းကောင်း Cover ဖြစ်စေမယ့် ချဉ်းကပ်မှုကို သုံးစွဲခဲ့ပြီး Possession and Passing Game ကို ကစားသွားခဲ့သလို Pressing ကိုလည်း သပ်သပ်ရပ်ရပ် အကောင်အထည် ဖော်လာခဲ့ပြီး P သုံးလုံးနဲ့ ပွဲထွက်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ယူနိုက်တက်တို့ကတော့ ကွင်းလယ်မှာ Defensive ကစားပြီး တောင်ပံစစ်စစ်မပါဘဲ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့က ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့နဲ့ အလျဉ်းသင့်သလို တောင်ပံထွက်ကစားတဲ့ ပုံစံကို ကျင့်သုံးသွားခဲ့ပြီး ဆာလား၊ မာနေးတို့ဆီ ဘောလုံးမရောက်အောင်နဲ့ ကန်ခွင့်မရအောင် ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့က အဓိက တားဆီးသွားခဲ့ကြပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး သီယာဂိုနဲ့ ရှာကျီရီတို့ရဲ့ Passing Option တွေက ယူနိုက်တက်ကို အလုပ်များစေသလို ဖရက်ဒ်ကတော့ သီယာဂိုကို ပိတ်ဆို့ဖို့ ကြိုးစားချိန်မှာ ရှာကျီရီတစ်ယောက် လွတ်နေလို့ ဗျာများနေပြီး နောက်ပိုင်းမှာတော့ Zonal Marking ပဲ ကစားသွားခဲ့သလို ကွင်းလယ်ဗျူဟာမှာတော့ ကလော့ပ်က အသာရခဲ့ပါတယ်။

ကောင်တာကစားဖို့ ကြိုးစားတဲ့ ယူနိုက်တက်အတွက် အထောင်တိုက်စစ်မှူး သုံးမထားတာက နည်းနည်းလုပ်ရကိုင်ရ ခက်ခဲစေသလို ဒဏ်ရာ အနည်းငယ်ရှိပြီး ကြံ့ခိုင်မှု ကျဆင်းနေတဲ့ မာစီယယ်လ်ကလည်း သိပ်မပြေးနိုင်တာကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ဂိုးပေါက်တောင် မတည့်ခဲ့ဘဲ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ကန်ခွင့်ပိုရလာခဲ့သလို တိုက်စစ်မှာတော့ မာစီယယ်လ်ကို ထုတ်ပြီး ကာဗာနီကို ထည့်သွင်းခဲ့ပေမယ့် လျင်မြန်တဲ့ တောင်ပံကစားသမား မပါဝင်တာက လီဗာပူးလ်ကို ဒုက္ခပေးနိုင်စွမ်း နည်းခဲ့ချိန်မှာ ဆာလားနဲ့ မာနေးတို့ကလည်း အပိုင်အခွင့်အရေးတွေ မရခဲ့လို့ တစ်ဖက်နဲ့တစ်ဖက် အမှားမခံဘဲ ကစားနေခဲ့ကြပါတယ်။

ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ဖာဘင်ညိုနဲ့ ဖရက်ဒ်တို့ကတော့ တစ်ဖက်စီရဲ့ အားအနည်းဆုံး ကစားသမားတွေဖြစ်ခဲ့ကြပြီး သူတို့တွေရဲ့ အမှားနဲ့ အဖျက်ကစားပုံ မပီပြင်မှုတွေကနေ တစ်ဖက်တိုက်စစ်သမားတွေကို အခွင့်အရေးတွေ ပေးနေခဲ့ပြီး အယ်လစ်ဆန်နဲ့ ဒဟေးယားတို့ ကာကွယ်နိုင်ခဲ့လို့သာ တော်ခဲ့ကြတာပါ။

တိုက်စစ်အတွက် ကစားသမားတွေ ထပ်ထည့်ခဲ့ကြပေမယ့် အလုပ်မဖြစ်ခဲ့ကြတဲ့ ဒီပွဲမှာ နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ကောင်တာ ထိုးဖောက်မှုကို နောက်မှာ လုခ်ရှော ပြစ်ဒဏ်ကျူးလွန်ခံရတယ်ဆိုပြီး Advantage မပေးခဲ့တဲ့ ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ ဆုံးဖြတ်ချက်ကတော့ ရုပ်ပေါက်ခဲ့ပြီး ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ရဲ့ သုံးပွဲဆက် ဂိုးပေါက်ပျောက်မှုနဲ့အတူ သရေပွဲပဲဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ တစ်မှတ်စီ ခွဲယူခဲ့ကြချိန်မှာ မန်ချက်စတာယူနိုက်တက်ကတော့ ထိပ်ဆုံးမှာ ရမှတ် ၃၇ မှတ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးလ်တို့ကတော့ ဒုတိယနေရာကို လက်စတာဆီ လွှဲပြောင်းပေးခဲ့ရပြီး တတိယနေရာကို ရောက်သွားခဲ့သလို မန်ချက်စတာစီးတီးကပါ ကျော်တက်မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ဒီေန႔မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ရင္ဆိုင္ရာမွာ သူတို႔ရဲ႕ လူမရွိတဲ့ ခံစစ္ဗဟိုကို ေကာင္းေကာင္း Cover ျဖစ္ေစမယ့္ ခ်ဥ္းကပ္မႈကို သုံးစြဲခဲ့ၿပီး Possession and Passing Game ကို ကစားသြားခဲ့သလို Pressing ကိုလည္း သပ္သပ္ရပ္ရပ္ အေကာင္အထည္ ေဖာ္လာခဲ့ၿပီး P သုံးလုံးနဲ႔ ပြဲထြက္လာခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ယူႏိုက္တက္တို႔ကေတာ့ ကြင္းလယ္မွာ Defensive ကစားၿပီး ေတာင္ပံစစ္စစ္မပါဘဲ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔က ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္တို႔နဲ႔ အလ်ဥ္းသင့္သလို ေတာင္ပံထြက္ကစားတဲ့ ပုံစံကို က်င့္သုံးသြားခဲ့ၿပီး ဆာလား၊ မာေနးတို႔ဆီ ေဘာလုံးမေရာက္ေအာင္နဲ႔ ကန္ခြင့္မရေအာင္ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔က အဓိက တားဆီးသြားခဲ့ၾကပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ေျခအသာနဲ႔ ကစားႏိုင္ခဲ့ၿပီး သီယာဂိုနဲ႔ ရွာက်ီရီတို႔ရဲ႕ Passing Option ေတြက ယူႏိုက္တက္ကို အလုပ္မ်ားေစသလို ဖရက္ဒ္ကေတာ့ သီယာဂိုကို ပိတ္ဆို႔ဖို႔ ႀကိဳးစားခ်ိန္မွာ ရွာက်ီရီတစ္ေယာက္ လြတ္ေနလို႔ ဗ်ာမ်ားေနၿပီး ေနာက္ပိုင္းမွာေတာ့ Zonal Marking ပဲ ကစားသြားခဲ့သလို ကြင္းလယ္ဗ်ဴဟာမွာေတာ့ ကေလာ့ပ္က အသာရခဲ့ပါတယ္။

ေကာင္တာကစားဖို႔ ႀကိဳးစားတဲ့ ယူႏိုက္တက္အတြက္ အေထာင္တိုက္စစ္မႉး သုံးမထားတာက နည္းနည္းလုပ္ရကိုင္ရ ခက္ခဲေစသလို ဒဏ္ရာ အနည္းငယ္ရွိၿပီး ႀကံ့ခိုင္မႈ က်ဆင္းေနတဲ့ မာစီယယ္လ္ကလည္း သိပ္မေျပးႏိုင္တာေၾကာင့္ ယူႏိုက္တက္တို႔ ပထမပိုင္းမွာ ဂိုးေပါက္ေတာင္ မတည့္ခဲ့ဘဲ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ကန္ခြင့္ပိုရလာခဲ့သလို တိုက္စစ္မွာေတာ့ မာစီယယ္လ္ကို ထုတ္ၿပီး ကာဗာနီကို ထည့္သြင္းခဲ့ေပမယ့္ လ်င္ျမန္တဲ့ ေတာင္ပံကစားသမား မပါဝင္တာက လီဗာပူးလ္ကို ဒုကၡေပးႏိုင္စြမ္း နည္းခဲ့ခ်ိန္မွာ ဆာလားနဲ႔ မာေနးတို႔ကလည္း အပိုင္အခြင့္အေရးေတြ မရခဲ့လို႔ တစ္ဖက္နဲ႔တစ္ဖက္ အမွားမခံဘဲ ကစားေနခဲ့ၾကပါတယ္။

ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ဖာဘင္ညိဳနဲ႔ ဖရက္ဒ္တို႔ကေတာ့ တစ္ဖက္စီရဲ႕ အားအနည္းဆုံး ကစားသမားေတြျဖစ္ခဲ့ၾကၿပီး သူတို႔ေတြရဲ႕ အမွားနဲ႔ အဖ်က္ကစားပုံ မပီျပင္မႈေတြကေန တစ္ဖက္တိုက္စစ္သမားေတြကို အခြင့္အေရးေတြ ေပးေနခဲ့ၿပီး အယ္လစ္ဆန္နဲ႔ ဒေဟးယားတို႔ ကာကြယ္ႏိုင္ခဲ့လို႔သာ ေတာ္ခဲ့ၾကတာပါ။

တိုက္စစ္အတြက္ ကစားသမားေတြ ထပ္ထည့္ခဲ့ၾကေပမယ့္ အလုပ္မျဖစ္ခဲ့ၾကတဲ့ ဒီပြဲမွာ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေကာင္တာ ထိုးေဖာက္မႈကို ေနာက္မွာ လုခ္ေရွာ ျပစ္ဒဏ္က်ဴးလြန္ခံရတယ္ဆိုၿပီး Advantage မေပးခဲ့တဲ့ ဒိုင္လူႀကီး ေပါလ္ တီယာနီရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ ႐ုပ္ေပါက္ခဲ့ၿပီး ပြဲအၿပီးမွာေတာ့ လီဗာပူးလ္တို႔ရဲ႕ သုံးပြဲဆက္ ဂိုးေပါက္ေပ်ာက္မႈနဲ႔အတူ သေရပြဲပဲျဖစ္ခဲ့ပါတယ္။

ဒီပြဲမွာ တစ္မွတ္စီ ခြဲယူခဲ့ၾကခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ထိပ္ဆုံးမွာ ရမွတ္ ၃၇ မွတ္နဲ႔ ဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္တို႔ကေတာ့ ဒုတိယေနရာကို လက္စတာဆီ လႊဲေျပာင္းေပးခဲ့ရၿပီး တတိယေနရာကို ေရာက္သြားခဲ့သလို မန္ခ်က္စတာစီးတီးကပါ ေက်ာ္တက္မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.