Premier League Transfer News

17 Jan ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ခေါ်ယူဖို့ အသက်အရွယ်၊ ဈေးနှုန်းစတဲ့ အဖက်ဖက်က အသင့်တော်ဆုံးကစားသမားအဖြစ် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒွန်ယဲလ် မယ်လန်ကို ရှမြင်ထားကြပြီး PSV အသင်းအနေနဲ့ ဒတ်ချ်တိုက်စစ်မှူးအတွက် ပေါင် ၄၈ သန်းလို့ ဈေးဆိုးထားကြောင်း သိရ။

– လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါလ် အင့်စ်က ဒီနေ့ညပွဲမှာ ဘယ်အသင်းဟောင်းကို အားပေးမှာလဲဆိုတဲ့ မေးခွန်းကိုတော့ ရုန်းထွက်သွားခဲ့ပြီး သူဟာ ဒီပွဲအတွက် ဝက်စ်ဟမ်းကစားသမားဟောင်းအဖြစ် ရှိနေမယ်လို့ ပထမဆုံးအသင်းကို နာမည်တပ်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကတော့ အန်းဖီးလ်မှာ ကစားရမယ့် ပွဲစဉ်အတွက် ပူပန်မှုမရှိဘဲ သူ့အနေနဲ့ ခံစစ်မှာ အကောင်းဆုံး ကစားပေးနိုင်သလို အသင်းအနေနဲ့လည်း ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောကြား။

– မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသက် ၂၃ နှစ်အရွယ် နောက်ခံလူ နာသန် ဖိလစ်ကို အသုံးမပြုဖို့ လီဗာပူးလ်ပရိသတ်တွေက တိုက်တွန်းလိုက်ပြီး သူ့ရဲ့ လေးလံတဲ့ ပုံစံနဲ့ တစ်ဖက်ရှေ့တန်းတွေရဲ့ လျင်မြန်မှုက မကိုက်ညီဘူးလို့ ဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်ကစားသမားတွေဘက် ပွဲကြိုလေသံတွေ ထုတ်လွှင့်နေချိန်မှာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်အချစ်တော် တိုက်စစ်မှူး ဘော်ဘီ ဖာမီနိုကလည်း တုံ့ပြန်ပြောကြားလိုက်ပြီး သူတို့တွေအနေနဲ့ ဧည့်သည်တွေကို ပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ ကစားနေတယ်ဆိုတာ ကျောင်းမှန်းကန်မှန်းသိအောင် ပြပေးရမယ်လို့ဆို။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က သူနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်တို့ကြားမှာ ကြီးမားတဲ့ ခင်မင်မှုနဲ့ ဆက်ဆံရေးကောင်းရှိပေမယ့် ဒီနေ့မှာ ဒါတွေကို ဘေးဖယ်ထားပြီး အားမနာတမ်း အနိုင်ယူသွားဖို့ပဲ လုပ်ရမှာဖြစ်သလို ရလဒ်ကောင်းအတွက်လည်း ယုံကြည်ကြောင်း ကြုံးဝါး။

– လီဗာပူးလ်အသင်းရဲ့ တတိယအသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ ဒဏ်ရာကနေ သက်သာလာပြီဖြစ်ပြီး ရုံတွင်းလေ့ကျင့်ခန်းတွေ ဆင်းနေရာကနေ ဒီတစ်ခါမှာတော့ ဒူဘိုင်းမှာ ပူနွေးတဲ့ ရာသီဥတုနဲ့အတူ မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် လေ့ကျင့်ခဲ့ကြောင်း ဗီဒီယို ထွက်ပေါ်လာ။

– အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ လီဗာပူးလ်ဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပေမယ့် အသင်းအတွက် အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြသတဲ့ အနေနဲ့ မန်ယူနိုက်တက်နဲ့ပွဲအတွက် Ready လို့ အင်စတာဂရမ်မှာ ရေးသားခဲ့။

– ၂၀၁၇ ဧပြီလကတည်းက ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ရှုံးနိမ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိခဲ့တဲ့ လီဗာပူးလ် အသင်းရဲ့ လေးနှစ်ပြည့်တော့မယ့် အန်းဖီးလ်ခံတပ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချိုးဖျက်သွားနိုင်လိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ် ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ေခၚယူဖို႔ အသက္အ႐ြယ္၊ ေဈးႏႈန္းစတဲ့ အဖက္ဖက္က အသင့္ေတာ္ဆုံးကစားသမားအျဖစ္ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ဒြန္ယဲလ္ မယ္လန္ကို ရွျမင္ထားၾကၿပီး PSV အသင္းအေနနဲ႔ ဒတ္ခ်္တိုက္စစ္မႉးအတြက္ ေပါင္ ၄၈ သန္းလို႔ ေဈးဆိုးထားေၾကာင္း သိရ။

– လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ေပါလ္ အင့္စ္က ဒီေန႔ညပြဲမွာ ဘယ္အသင္းေဟာင္းကို အားေပးမွာလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ႐ုန္းထြက္သြားခဲ့ၿပီး သူဟာ ဒီပြဲအတြက္ ဝက္စ္ဟမ္းကစားသမားေဟာင္းအျဖစ္ ရွိေနမယ္လို႔ ပထမဆုံးအသင္းကို နာမည္တပ္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကေတာ့ အန္းဖီးလ္မွာ ကစားရမယ့္ ပြဲစဥ္အတြက္ ပူပန္မႈမရွိဘဲ သူ႔အေနနဲ႔ ခံစစ္မွာ အေကာင္းဆုံး ကစားေပးႏိုင္သလို အသင္းအေနနဲ႔လည္း ဘယ္ၿပိဳင္ဘက္ကိုမဆို အႏိုင္ယူႏိုင္တယ္လို႔ ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ အိမ္ကြင္းပြဲစဥ္မွာ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံလူ နာသန္ ဖိလစ္ကို အသုံးမျပဳဖို႔ လီဗာပူးလ္ပရိသတ္ေတြက တိုက္တြန္းလိုက္ၿပီး သူ႔ရဲ႕ ေလးလံတဲ့ ပုံစံနဲ႔ တစ္ဖက္ေရွ႕တန္းေတြရဲ႕ လ်င္ျမန္မႈက မကိုက္ညီဘူးလို႔ ဆိုေနၾက။

– မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဘက္ ပြဲႀကိဳေလသံေတြ ထုတ္လႊင့္ေနခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ တိုက္စစ္မႉး ေဘာ္ဘီ ဖာမီႏိုကလည္း တုံ႔ျပန္ေျပာၾကားလိုက္ၿပီး သူတို႔ေတြအေနနဲ႔ ဧည့္သည္ေတြကို ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းနဲ႔ ကစားေနတယ္ဆိုတာ ေက်ာင္းမွန္းကန္မွန္းသိေအာင္ ျပေပးရမယ္လို႔ဆို။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က သူနဲ႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္တို႔ၾကားမွာ ႀကီးမားတဲ့ ခင္မင္မႈနဲ႔ ဆက္ဆံေရးေကာင္းရွိေပမယ့္ ဒီေန႔မွာ ဒါေတြကို ေဘးဖယ္ထားၿပီး အားမနာတမ္း အႏိုင္ယူသြားဖို႔ပဲ လုပ္ရမွာျဖစ္သလို ရလဒ္ေကာင္းအတြက္လည္း ယုံၾကည္ေၾကာင္း ႀကဳံးဝါး။

– လီဗာပူးလ္အသင္းရဲ႕ တတိယအသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ ဒဏ္ရာကေန သက္သာလာၿပီျဖစ္ၿပီး ႐ုံတြင္းေလ့က်င့္ခန္းေတြ ဆင္းေနရာကေန ဒီတစ္ခါမွာေတာ့ ဒူဘိုင္းမွာ ပူေႏြးတဲ့ ရာသီဥတုနဲ႔အတူ ျမက္ခင္းစိမ္းေပၚမွာ ျပန္လည္ ေလ့က်င့္ခဲ့ေၾကာင္း ဗီဒီယို ထြက္ေပၚလာ။

– အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းႀကီးေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ လီဗာပူးလ္ဘက္က စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်ထားခဲ့ေပမယ့္ အသင္းအတြက္ အျပည့္အဝ အာ႐ုံစိုက္ထားေၾကာင္း ျပသတဲ့ အေနနဲ႔ မန္ယူႏိုက္တက္နဲ႔ပြဲအတြက္ Ready လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့။

– ၂၀၁၇ ဧၿပီလကတည္းက ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ရႈံးနိမ္ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ အိမ္ကြင္းရႈံးပြဲမရွိခဲ့တဲ့ လီဗာပူးလ္ အသင္းရဲ႕ ေလးႏွစ္ျပည့္ေတာ့မယ့္ အန္းဖီးလ္ခံတပ္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခ်ိဳးဖ်က္သြားႏိုင္လိမ့္မယ္လို႔ တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ ယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.