La Liga

ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီနဲ႔တြဲကစားဖို႔ ကစားသမား ၄ ဦးအထိ ရွာေဖြေနေၾကာင္းဆို

UNICODE: ဘာစီလိုနာအသင်းရဲ့ နည်းစနစ်အဖွဲ့အနေနဲ့ လက်ရှိကစားသမားတွေရဲ့ အရည်အသွေးကို စိတ်ပျက်နေပြီး လာမယ့်ရာသီမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ အဆင့်အတန်းမီမီ တွဲဖက်ကစားနိုင်မယ့် ကစားသမား ၄ ဦးအထိ ရှာဖွေသွားဖို့ ရှိနေတယ်လို့ စပိန်အခြေစိုက် စပို့စ်သတင်းစာက ရေးသားခဲ့ပါတယ်။

တချို့တွေကတော့ ဒါကို အယ်လ်ကလာစီကိုရဲ့ သက်ရောက်မှုလို့ အမည်တပ်နေကြပြီး ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ဘာနေဗျူးက ပွဲစဉ်မှာ သူတို့ ကာတာလန်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ပေးပို့မှုတွေ အသာရခဲ့တာကလွဲရင် ထိရောက်မှုမရှိခဲ့ဘဲ မက်ဆီနဲ့လည်း တွဲဖက်ကစားနိုင်မယ့် သူမျိုး ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ လူဝယ်မှုတွေ မှားယွင်းတဲ့ အသင်းကို ပြစ်တင်မှုတွေ လုပ်နေကြပြီး ဂရစ်ဇ်မန်းနဲ့ ကစားသမားတချို့ကို ဝယ်ခဲ့တဲ့ နည်းစနစ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သံသယရှိနေခဲ့ကြသလို အူစမန် ဒမ်ဘီလီရဲ့ ကြံ့ခိုင်မှုကို မစစ်ဆေးဘဲ ခေါ်ယူခဲ့တာကိုလည်း ပြီးခဲ့တဲ့ ကာလတွေက ပြစ်တင်မှုတွေကို ရရှိပြီးဖြစ်ပါတယ်။

စပို့စ်သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ရှေ့တန်းတိုက်စစ်မှူးတစ်ဦး၊ တောင်ပံကစာသမားတစ်ဦး၊ နောက်ခံအလယ်လူတစ်ဦးနဲ့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မက်ဆီကို ကောင်းကောင်း ပံ့ပိုးပေးနိုင်မယ့်သူတွေကို အလိုရှိနေတာလည်းဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာလည်း ဂျရတ် ပီကေးရဲ့ အသက်အရွယ်ကြီးရင့်လာမှုနဲ့အတူ ပြင်သစ်သားတွေဖြစ်ကြတဲ့ ဆင်မြူယယ် အမ်တီတီနဲ့ ကလေမွန် လွန်ဂလေတို့ဟာ ခြေစွမ်းတည်ငြိမ်မှု မရှိတဲ့ ကစားသမားတွေဖြစ်လို့ ကစားသမားကောင်းတစ်ယောက် ခေါ်ယူရဖို့ ရှိနေပြီး ဒန်နီယယ်လ် အဲလ်ဗက်စ် ထွက်ခွာသွားကတည်းက ထက်မြက်မှုမရှိတော့တဲ့ ညာနောက်ခံလူတစ်ဦးကိုလည်း ရှာဖွေသွားမှာဖြစ်တယ်လို့ စပို့စ်သတင်းစာက ဖော်ပြခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းရဲ႕ နည္းစနစ္အဖြဲ႕အေနနဲ႔ လက္ရွိကစားသမားေတြရဲ႕ အရည္အေသြးကို စိတ္ပ်က္ေနၿပီး လာမယ့္ရာသီမွာ အသင္းရဲ႕ အဓိကတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီနဲ႔ အဆင့္အတန္းမီမီ တြဲဖက္ကစားႏုိင္မယ့္ ကစားသမား ၄ ဦးအထိ ရွာေဖြသြားဖို႔ ရွိေနတယ္လို႔ စပိန္အေျခစိုက္ စပုိ႔စ္သတင္းစာက ေရးသားခဲ့ပါတယ္။

တခ်ဳိ႕ေတြကေတာ့ ဒါကို အယ္လ္ကလာစီကိုရဲ႕ သက္ေရာက္မွဳလုိ႔ အမည္တပ္ေနၾကၿပီး ရီးရဲလ္မက္ဒရစ္ကို ရွဳံးခဲ့တဲ့ ဘာေနဗ်ဴးက ပြဲစဥ္မွာ သူတို႔ ကာတာလန္အသင္းအေနနဲ႔ ေဘာလုံးပုိင္ဆုိင္မွဳနဲ႔ ေပးပုိ႔မွဳေတြ အသာရခဲ့တာကလြဲရင္ ထိေရာက္မွဳမရွိခဲ့ဘဲ မက္ဆီနဲ႔လည္း တြဲဖက္ကစားႏုိင္မယ့္ သူမ်ဳိး ေပ်ာက္ဆုံးေနတာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ လူဝယ္မွဳေတြ မွားယြင္းတဲ့ အသင္းကို ျပစ္တင္မွဳေတြ လုပ္ေနၾကၿပီး ဂရစ္ဇ္မန္းနဲ႔ ကစားသမားတခ်ဳိ႕ကို ဝယ္ခဲ့တဲ့ နည္းစနစ္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို သံသယရွိေနခဲ့ၾကသလို အူစမန္ ဒမ္ဘီလီရဲ႕ ႀကံ့ခိုင္မွဳကို မစစ္ေဆးဘဲ ေခၚယူခဲ့တာကိုလည္း ၿပီးခဲ့တဲ့ ကာလေတြက ျပစ္တင္မွဳေတြကို ရရွိၿပီးျဖစ္ပါတယ္။

စပို႔စ္သတင္းဌာနရဲ႕ အဆုိအရေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ေရွ႕တန္းတုိက္စစ္မွဴးတစ္ဦး၊ ေတာင္ပံကစာသမားတစ္ဦး၊ ေနာက္ခံအလယ္လူတစ္ဦးနဲ႔ ညာေနာက္ခံလူတစ္ဦးကို ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး မက္ဆီကို ေကာင္းေကာင္း ပံ့ပိုးေပးႏုိင္မယ့္သူေတြကို အလိုရွိေနတာလည္းျဖစ္ပါတယ္။

ခံစစ္ပုိင္းမွာလည္း ဂ်ရတ္ ပီေကးရဲ႕ အသက္အရြယ္ႀကီးရင့္လာမွဳနဲ႔အတူ ျပင္သစ္သားေတြျဖစ္ၾကတဲ့ ဆင္ျမဴယယ္ အမ္တီတီနဲ႔ ကေလမြန္ လြန္ဂေလတုိ႔ဟာ ေျခစြမ္းတည္ၿငိမ္မွဳ မရွိတဲ့ ကစားသမားေတြျဖစ္လို႔ ကစားသမားေကာင္းတစ္ေယာက္ ေခၚယူရဖို႔ ရွိေနၿပီး ဒန္နီယယ္လ္ အဲလ္ဗက္စ္ ထြက္ခြာသြားကတည္းက ထက္ျမက္မွဳမရွိေတာ့တဲ့ ညာေနာက္ခံလူတစ္ဦးကိုလည္း ရွာေဖြသြားမွာျဖစ္တယ္လို႔ စပုိ႔စ္သတင္းစာက ေဖာ္ျပခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.