Premier League Transfer News

17 Jan နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသင်းရဲ့ ဂိုးသွင်းဘုရင် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအတွက် ရီးရဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စားနေချိန်မှာ မန်စီးတီးတာဝန်ရှိသူတွေအနေနဲ့ တစ်နှစ်သက်တမ်းတိုး ကမ်းလှမ်းဖို့ ရှိနေပြီး လုပ်ခငွေကိုတော့ လက်ရှိစာချုပ်ရဲ့ ထက်ဝက်သာ ပေးချေမယ်လို့ သိရ။

– မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ မန်ညူယယ်လ် လိုကာတယ်လီကို ခေါ်ယူဖို့အတွက် သူတို့တစ်သင်းတည်း အေးအေးဆေးဆေး ခေါ်ယူခွင့်တော့ ရမှာ မဟုတ်ဘဲ ယူရိုသန်း ၃၀ တန်ကြေးရှိတဲ့ အီတလီသားအတွက် ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေကပါ ချိတ်ဆက်နေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ နွေရာသီအဝယ်စာရင်းအတွက် ပေါင်သန်း ၂၀၀ ခွင့်ပြုချက်ရရှိထားပြီး တိုက်စစ်မှူးတစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦး၊ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ရှိနေပြီး အာလင်း ဟားလန်းနဲ့ ဒင်းနစ် ဇာကာရီယာတို့က ထိပ်ဆုံးက ပါဝင်နေ။

– နွေရာသီမှာ စီးတီးတို့အနေနဲ့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းကို ခေါ်ယူဖို့ ဈေးညှိနှိုင်းလို့ မဖြစ်နိုင်ဘူးဆိုရင် အရန်အစီအစဉ်အဖြစ် မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူးကို အင်တာမီလန်အသင်းဆီကနေ ခေါ်ယူသွားဖို့ စောင့်ကြည့်နေ။

– ဘက်ဖဲရ် လောင်းကစားလုပ်ငန်းမှာ ဘောလုံးပွဲကြိုခန့်မှန်းမှုတွေ ပြုလုပ်နေခဲ့တဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ဒီတစ်ပတ် မန်ချက်စတာစီးတီးတို့အနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရရလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဘက်ဗစ်တာရဲ့ မိုက်ကယ် အိုဝင်ကတော့ ၃-၁ လို့ဆို။

– လက်ရှိလူစာရင်းသာ အပြည့်အဝ ကြံ့ခိုင်နေမယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲအဆင့်ကို အနည်းဆုံး တက်ရောက်ကစားနိုင်လိမ့်မယ်လို့ နောက်ခံလူဟောင်း ပါဘလို ဇာဘလီတာက ခန့်မှန်းလိုက်ပြီး ဒီဆုဖလားအတွက် အချိန်ကျပြီလို့ သတိပေး။

– ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကနေ နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီထားတဲ့ နောက်ခံလူ အဲရစ် ဂါစီယာကို ဆောင်းရာသီမှာ ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေခဲ့ပေမယ့်လည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ဇန်နဝါရီမှာ အချိန်မီ မကျင်းပနိုင်တဲ့ ဥက္ကဌသစ် ရွေးချယ်ပွဲကို ရွှေ့ဆိုင်းလိုက်ရမှုကြောင့် စာချုပ်ကုန်ချိန်အထိပဲ စောင့်ဆိုင်းသွားမယ်လို့ သိရ။

– အမှတ်ပေးဇယားမှာ တစ်ပွဲလျှော့ကစားပြီး ၃၂ မှတ် ရရှိထားသလို ထိပ်ဆုံးနေရာအတွက် စိန်ခေါ်နိုင်ခြေရှိနေတဲ့ မန်ချက်စတာစီးတီးရဲ့ နည်းပြ ဂွါဒီယိုလာအနေနဲ့ သူတို့ကို ဒုက္ခပေးလေ့ရှိတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို အနိုင်ရဖို့ကိုပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်ပြီး လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဇယားထိပ်တွေ့ဆုံပွဲကို သိပ်စိတ်မဝင်စားဘူးလို့ ပြောကြား။

– အသင်းကနေ ထွက်ခွာသွားဖို့ များနေတဲ့ လူငယ်တောင်ပံကစားသမား ဂျေဒင် ဘရာ့ဖ်ရဲ့ နေရာမှာ သူ့အတွက် ရရှိမယ့် ငွေကြေးပမာဏနဲ့ တိုက်ရိုက်အစားထိုးနိုင်မယ့် အာဂျင်တီးနားလူငယ် ဒါရီယို ဆာမီယန်တိုကို လာမယ့်နွေရာသီ အသက် ၁၈ နှစ် ပြည့်ချိန်မှာ အမြန်ဆုံးခေါ်ယူနိုင်ဖို့ စီးတီးတာဝန်ရှိသူတွေ လုပ်ဆောင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အသင္းရဲ႕ ဂိုးသြင္းဘုရင္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအတြက္ ရီးရဲလ္မက္ဒရစ္ အသင္းက စိတ္ဝင္စားေနခ်ိန္မွာ မန္စီးတီးတာဝန္ရွိသူေတြအေနနဲ႔ တစ္ႏွစ္သက္တမ္းတိုး ကမ္းလွမ္းဖို႔ ရွိေနၿပီး လုပ္ခေငြကိုေတာ့ လက္ရွိစာခ်ဳပ္ရဲ႕ ထက္ဝက္သာ ေပးေခ်မယ္လို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ မန္ညဴယယ္လ္ လိုကာတယ္လီကို ေခၚယူဖို႔အတြက္ သူတို႔တစ္သင္းတည္း ေအးေအးေဆးေဆး ေခၚယူခြင့္ေတာ့ ရမွာ မဟုတ္ဘဲ ယူ႐ိုသန္း ၃၀ တန္ေၾကးရွိတဲ့ အီတလီသားအတြက္ ဂ်ဴဗင္တပ္စ္နဲ႔ ေအစီမီလန္အသင္းေတြကပါ ခ်ိတ္ဆက္ေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေႏြရာသီအဝယ္စာရင္းအတြက္ ေပါင္သန္း ၂၀၀ ခြင့္ျပဳခ်က္ရရွိထားၿပီး တိုက္စစ္မႉးတစ္ဦး၊ ဘယ္ေနာက္ခံလူတစ္ဦး၊ ကြင္းလယ္ကစားသမားတစ္ဦး ေခၚယူသြားဖို႔ ရွိေနၿပီး အာလင္း ဟားလန္းနဲ႔ ဒင္းနစ္ ဇာကာရီယာတို႔က ထိပ္ဆုံးက ပါဝင္ေန။

– ေႏြရာသီမွာ စီးတီးတို႔အေနနဲ႔ ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းကို ေခၚယူဖို႔ ေဈးညႇိႏႈိင္းလို႔ မျဖစ္ႏိုင္ဘူးဆိုရင္ အရန္အစီအစဥ္အျဖစ္ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းတိုက္စစ္မႉးေဟာင္း ႐ိုမီလူ လူကာကူးကို အင္တာမီလန္အသင္းဆီကေန ေခၚယူသြားဖို႔ ေစာင့္ၾကည့္ေန။

– ဘက္ဖဲရ္ ေလာင္းကစားလုပ္ငန္းမွာ ေဘာလုံးပြဲႀကိဳခန႔္မွန္းမႈေတြ ျပဳလုပ္ေနခဲ့တဲ့ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က ဒီတစ္ပတ္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား အႏိုင္ရရလိမ့္မယ္လို႔ ခန႔္မွန္းထားၿပီး ဘက္ဗစ္တာရဲ႕ မိုက္ကယ္ အိုဝင္ကေတာ့ ၃-၁ လို႔ဆို။

– လက္ရွိလူစာရင္းသာ အျပည့္အဝ ႀကံ့ခိုင္ေနမယ္ဆိုရင္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီ ခ်န္ပီယံလိဂ္ရဲ႕ ဗိုလ္လုပြဲအဆင့္ကို အနည္းဆုံး တက္ေရာက္ကစားႏိုင္လိမ့္မယ္လို႔ ေနာက္ခံလူေဟာင္း ပါဘလို ဇာဘလီတာက ခန႔္မွန္းလိုက္ၿပီး ဒီဆုဖလားအတြက္ အခ်ိန္က်ၿပီလို႔ သတိေပး။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကေန ေႏြရာသီမွာ ေခၚယူဖို႔ သေဘာတူညီထားတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ေဆာင္းရာသီမွာ ေခၚယူသြားႏိုင္ဖို႔ စီစဥ္ေနခဲ့ေပမယ့္လည္း ကိုဗစ္ကန႔္သတ္ခ်က္ေတြေၾကာင့္ ဇန္နဝါရီမွာ အခ်ိန္မီ မက်င္းပႏိုင္တဲ့ ဥကၠဌသစ္ ေ႐ြးခ်ယ္ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ရမႈေၾကာင့္ စာခ်ဳပ္ကုန္ခ်ိန္အထိပဲ ေစာင့္ဆိုင္းသြားမယ္လို႔ သိရ။

– အမွတ္ေပးဇယားမွာ တစ္ပြဲေလွ်ာ့ကစားၿပီး ၃၂ မွတ္ ရရွိထားသလို ထိပ္ဆုံးေနရာအတြက္ စိန္ေခၚႏိုင္ေျခရွိေနတဲ့ မန္ခ်က္စတာစီးတီးရဲ႕ နည္းျပ ဂြါဒီယိုလာအေနနဲ႔ သူတို႔ကို ဒုကၡေပးေလ့ရွိတဲ့ ခရစၥတယ္လ္ပဲေလ့စ္ကို အႏိုင္ရဖို႔ကိုပဲ အျပည့္အဝ အာ႐ုံစိုက္ထားတယ္လို႔ ဆိုလိုက္ၿပီး လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ဇယားထိပ္ေတြ႕ဆုံပြဲကို သိပ္စိတ္မဝင္စားဘူးလို႔ ေျပာၾကား။

– အသင္းကေန ထြက္ခြာသြားဖို႔ မ်ားေနတဲ့ လူငယ္ေတာင္ပံကစားသမား ေဂ်ဒင္ ဘရာ့ဖ္ရဲ႕ ေနရာမွာ သူ႔အတြက္ ရရွိမယ့္ ေငြေၾကးပမာဏနဲ႔ တိုက္႐ိုက္အစားထိုးႏိုင္မယ့္ အာဂ်င္တီးနားလူငယ္ ဒါရီယို ဆာမီယန္တိုကို လာမယ့္ေႏြရာသီ အသက္ ၁၈ ႏွစ္ ျပည့္ခ်ိန္မွာ အျမန္ဆုံးေခၚယူႏိုင္ဖို႔ စီးတီးတာဝန္ရွိသူေတြ လုပ္ေဆာင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.