Premier League

၁၃ ပွဲမှာ ၁၅ ဂိုးသွင်းထားတဲ့ ရော်နယ်ဒိုကို ခြေစွမ်းကျနေပြီလို့ ပြောခဲ့တဲ့ ဂျူဗင်တပ်ဂန္တဝင်

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယခုရာသီ ဂျူဗင်တပ်အသင်းအတွက် စီးရီးအေ ၁၃ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူထားပေမယ့် ခြေစွမ်းကျဆင်းနေပြီဖြစ်တယ်လို့ အင်တာမီလန်တိုက်စစ်မှူးဟောင်း ရောဘတ်တို ဘိုနင်ဆက်ဂ်နာက ပြောကြားခဲ့ပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုနင်ဆက်ဂ်နာဟာ ၁၉၇၀ ပြည့်နှစ်ကာလတွေတုန်းက အင်တာမီလန်အတွက်ရော ဂျူဗင်တပ်အသင်းအတွက်ပါ ကစားပေးခဲ့ဖူးတဲ့ တိုက်စစ်မှူးဖြစ်ပြီး ရော်နယ်ဒိုဟာ အလွန်ကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြေစွမ်း အနည်းငယ်ကျဆင်းနေပြီဖြစ်တယ်လို့ အငြင်းပွားဖွယ် ပြောကြားလိုက်တာဖြစ်ပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကတော့ ရော်နယ်ဒိုဟာ ခြေစွမ်းကျဆင်းခြင်းမရှိသေးဘူးလို့ ဖော်ပြနေပြီး သာမန်အတိုင်းပဲ ခြေစွမ်းဆက်လက်ပြသနေဆဲဖြစ်တယ်လို့ ယူဆလို့ ရနိုင်တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ၂၄ ပွဲပါဝင်ကစားပေးထားရာမှာ ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုနင်ဆက်ဂ်နာက အင်တာဗျူးမှာ ရော်နယ်ဒိုဟာ ယခုရာသီ စီးရီးအေမှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူထက် သွင်းဂိုး ၃ ဂိုး ပိုမိုသွင်းယူထားပေမယ့်လည်း ဘယ်လ်ဂျီယံတိုက်စစ်မှူးလောက်တောင် အဆုံးအဖြတ် မပေးနိုင်တော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဖီအိုရင်တီးနားခံစစ်အတွက် ခက်ခဲအောင် လုပ်နိုင်တဲ့ အင်တာကစားသမားဆိုလို့ လူကာကူတစ်ယောက်ပဲ ရှိပါတယ်။ လူကာကူနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုအတွဲဆို အရမ်းလှတဲ့အတွဲဖြစ်မှာပါ။ လူကာကူကတော့ ပိုပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကိုတော့ ငြင်းလို့မရနိုင်ပါဘူး”

“ခရစ္စတီယာနို ရော်နယ်ဒိုက အရမ်းကောင်းတဲ့ကစားသမားဖြစ်ခဲ့ပေမယ့် အခု သူ ခြေစွမ်းနည်းနည်း ကျဆင်းနေပြီလို့ ကျွန်တော် ထင်တယ်”လို့ Marca ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘိုနင်ဆက်ဂ်နာရဲ့ ပြောကြားချက်ဟာ ရော်နယ်ဒိုကို အသက် ၄၀ ကျော်အထိ လက်ရှိခြေစွမ်းအတိုင်း ကစားနိုင်မယ်လို့ ယုံကြည်ထားတဲ့ လူအများစုအတွက်တော့ အငြင်းပွားဖွယ်မှတ်ချက်စကားဖြစ်လာခဲ့ပြီး ရော်နယ်ဒိုကို နည်းပြပေးခဲ့ဖူးတဲ့ ယူနိုက်တက် ကြံ့ခိုင်ရေးနည်းပြဟောင်း မစ်ခ် ကလက်ဂျ်ကတော့ ရိုင်ယန်ဂစ်ပြီးရင် ရော်နယ်ဒိုက အသက် ၄၀ အထိ ကစားနိုင်မယ့် တစ်ဦးတည်းသော ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: