Premier League

17 Jan နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုဟာ ယခုလမှာ အင်တာမီလန် သို့မဟုတ် အက်သလက်တီကိုမက်ဒရစ်ကို အငှားနဲ့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့်လည်း အမှန်တကယ် သဘောတူညီမှုရရှိဖို့အတွက် ခိုင်မာတဲ့ ကမ်းလှမ်းမှုမျိုး မရရှိသေးဘဲ ပြောဆိုဆွေးနွေးမှု အနည်းငယ်သာရှိနေခဲ့တယ်လို့ သိရ။


-ချဲလ်ဆီးအသင်း နည်းပြဖရန့် လမ်းပတ်ဟာ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ လွဲချော်ခဲ့တဲ့ တီမို ဗာနာအတွက် စိတ်ပျက်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဂျာမန်တိုက်စစ်မှူးဟာ စနေနေ့ညက ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီးနောက် ဖူလ်ဟမ်ဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းပြီး ဂိုးရရှိမယ့်အခွင့်အရေးကို ရရှိခဲ့ပေမယ့် လွဲချော်ခဲ့။


-ဂျေမီ ရက်က်နက်က ဖူလ်ဟမ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မေဆင်မောင့်၊ သီယာဂို ဆေးလ်ဗား၊ အေဒူယာ မန်ဒီ၊ ဘန် ချေးလ်ဝဲလ်တို့ဟာ နည်းပြလမ်းပတ်အနေနဲ့ လုံးဝ ချန်လှပ်ထားခဲ့လို့မရတဲ့ ချဲလ်ဆီးကစားသမားအချို့တွေထဲမှာ ပါဝင်တယ်လို့ ယုံကြည်နေပြီး မေဆင်မောင့်ရဲ့ သွင်းဂိုးကို အထင်ကြီးမိခဲ့ပေမယ့် အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ နောက်ထပ်ဂိုးတွေ ထပ်သွင်းနိုင်ဖို့ လိုတယ်လို့ ဝန်ခံပြောကြားခဲ့။


-ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးကို ၎င်းရဲ့ရှပ်ကို ပေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းကို အမှတ်တမဲ့ချိုးဖောက်မိခဲ့ပြီးနောက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရ။


-လိုင်လီနောက်ခံကစားသမား ဆဗင် ဘော့တ်မန်းဟာ ယခုရာသီလီဂူးဝမ်းမှာ အံ့အားသင့်ဖွယ်တောက်ပလာတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး လိုင်လီနည်းပြ ခရစ္စတိုဖီ ဂယ်တီယာက ဒတ်ချ်လူငယ်နောက်ခံကစားသမားကို စိန့်အက်တီယန်ကို နည်းပြတုန်းက ကြုံတွေ့ခဲ့ဖူးတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ချဲလ်ဆီးနောက်ခံကစားသမား ကတ်ဇူးမားနဲ့ နှိုင်းယှဉ်ခဲ့။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ဖူလ်ဟမ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းက အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသပြီး တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ မေဆင်မောင့်ကို ချီးကျူးစကားပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းကို မိမိစရောက်ရှိတုန်းက ခြေစွမ်းပြသဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမယ့် အသက် ၂၂ နှစ်အရွယ် ကစားသမားက ဂိုးတွေတောင် သွင်းယူနိုင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဂိုးသမား အေဒူယာ မန်ဒီဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို စတင်ရောက်ရှိလာချိန်မှာ ယုံကြည်မှုအပြည့်နဲ့ ချဲလ်ဆီးကစားသမားဘဝကို ကောင်းကောင်းစတင်နိုင်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် အမှားတစ်ခု ကျူးလွန်ခဲ့ပြီး ဖူလ်ဟမ်အသင်းက ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲဘောလုံးပေးပို့ပြီး တိုက်စစ်ဆင်ဖို့ ကြိုးပမ်းတဲ့အချိန်မှာ ရှေ့မထွက်သင့်ဘဲ ထွက်လာခဲ့ပြီးနောက် ဆီဆာ အက်ဇ်ပီလီကွေတာ ပေးပို့ခဲ့တဲ့ဘောလုံးကို ကန်တင်ရာမှာ ဟန်ချက်ပျက်ပြီး ဖူလ်ဟမ်ကစားသမားဆီ ပေးပို့မိခဲ့။


-မေဆင်မောင့်ဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးအသင်းဟာ တစ်ယောက်လျော့နေတဲ့ ဖူလ်ဟမ်ကို ပြိုလဲသွားအောင် လုပ်ဖို့ ခက်ခဲခဲ့ပေမယ့် တစ်သင်းလုံး စုစုစည်းစည်းနဲ့ ထိုးဖောက်ခဲ့ပြီး အသင်းသားတွေအပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကို နိုင်ပွဲနဲ့ တွန်းလှန်နိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်မိခဲ့တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမား မားကို႔စ္အလြန္ဆိုဟာ ယခုလမွာ အင္တာမီလန္ သို႔မဟုတ္ အက္သလက္တီကိုမက္ဒရစ္ကို အငွားနဲ႔ ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ေပမယ့္လည္း အမွန္တကယ္ သေဘာတူညီမႈရရွိဖို႔အတြက္ ခိုင္မာတဲ့ ကမ္းလွမ္းမႈမ်ိဳး မရရွိေသးဘဲ ေျပာဆိုေဆြးေႏြးမႈ အနည္းငယ္သာရွိေနခဲ့တယ္လို႔ သိရ။


-ခ်ဲလ္ဆီးအသင္း နည္းျပဖရန႔္ လမ္းပတ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ဖို႔ လြဲေခ်ာ္ခဲ့တဲ့ တီမို ဗာနာအတြက္ စိတ္ပ်က္မိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဂ်ာမန္တိုက္စစ္မႉးဟာ စေနေန႔ညက ဖူလ္ဟမ္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ၿပီးေနာက္ ဖူလ္ဟမ္ဂိုးသမားနဲ႔ တစ္ဦးခ်င္းကန္သြင္းၿပီး ဂိုးရရွိမယ့္အခြင့္အေရးကို ရရွိခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့။


-ေဂ်မီ ရက္က္နက္က ဖူလ္ဟမ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ေမဆင္ေမာင့္၊ သီယာဂို ေဆးလ္ဗား၊ ေအဒူယာ မန္ဒီ၊ ဘန္ ေခ်းလ္ဝဲလ္တို႔ဟာ နည္းျပလမ္းပတ္အေနနဲ႔ လုံးဝ ခ်န္လွပ္ထားခဲ့လို႔မရတဲ့ ခ်ဲလ္ဆီးကစားသမားအခ်ိဳ႕ေတြထဲမွာ ပါဝင္တယ္လို႔ ယုံၾကည္ေနၿပီး ေမဆင္ေမာင့္ရဲ့ သြင္းဂိုးကို အထင္ႀကီးမိခဲ့ေပမယ့္ အဂၤလန္ကြင္းလယ္ကစားသမားအေနနဲ႔ ေနာက္ထပ္ဂိုးေတြ ထပ္သြင္းနိုင္ဖို႔ လိုတယ္လို႔ ဝန္ခံေျပာၾကားခဲ့။


-ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားဟာ ဖူလ္ဟမ္အသင္းနဲ႔ ကစားခဲ့တဲ့ စေနေန႔ညပြဲစဥ္မွာ ေဆာက္လုပ္ေရးဝန္ထမ္းတစ္ဦးကို ၎ရဲ့ရွပ္ကို ေပးခဲ့ၿပီး ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းစည္းကမ္းကို အမွတ္တမဲ့ခ်ိဳးေဖာက္မိခဲ့ၿပီးေနာက္ စည္းကမ္းပိုင္းဆိုင္ရာ အေရးယူျခင္း ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရ။


-လိုင္လီေနာက္ခံကစားသမား ဆဗင္ ေဘာ့တ္မန္းဟာ ယခုရာသီလီဂူးဝမ္းမွာ အံ့အားသင့္ဖြယ္ေတာက္ပလာတဲ့ ကစားသမားေတြထဲကတစ္ဦးျဖစ္ၿပီး လိုင္လီနည္းၿပ ခရစၥတိုဖီ ဂယ္တီယာက ဒတ္ခ်္လူငယ္ေနာက္ခံကစားသမားကို စိန႔္အက္တီယန္ကို နည္းျပတုန္းက ၾကဳံေတြ႕ခဲ့ဖူးတဲ့ စိတ္လႈပ္ရွားစရာအေကာင္းဆုံးလူငယ္ကစားသမားေတြထဲကတစ္ဦးျဖစ္တဲ့ ခ်ဲလ္ဆီးေနာက္ခံကစားသမား ကတ္ဇူးမားနဲ႔ ႏွိုင္းယွဥ္ခဲ့။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ ဖူလ္ဟမ္အသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္းက အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ျပသၿပီး တစ္လုံးတည္းေသာအနိုင္ဂိုးကိုသြင္းယူေပးခဲ့တဲ့ ေမဆင္ေမာင့္ကို ခ်ီးက်ဴးစကားေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို မိမိစေရာက္ရွိတုန္းက ေျခစြမ္းျပသဖို႔ ႀကိဳးပမ္းေနရဆဲျဖစ္ေပမယ့္ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားက ဂိုးေတြေတာင္ သြင္းယူနိုင္ေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းဂိုးသမား ေအဒူယာ မန္ဒီဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို စတင္ေရာက္ရွိလာခ်ိန္မွာ ယုံၾကည္မႈအျပည့္နဲ႔ ခ်ဲလ္ဆီးကစားသမားဘဝကို ေကာင္းေကာင္းစတင္နိုင္ခဲ့ေပမယ့္ ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ အမွားတစ္ခု က်ဴးလြန္ခဲ့ၿပီး ဖူလ္ဟမ္အသင္းက ဘယ္ေတာင္ပံကေန ပင္နယ္တီဧရိယာထဲေဘာလုံးေပးပို႔ၿပီး တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းတဲ့အခ်ိန္မွာ ေရွ႕မထြက္သင့္ဘဲ ထြက္လာခဲ့ၿပီးေနာက္ ဆီဆာ အက္ဇ္ပီလီေကြတာ ေပးပို႔ခဲ့တဲ့ေဘာလုံးကို ကန္တင္ရာမွာ ဟန္ခ်က္ပ်က္ၿပီး ဖူလ္ဟမ္ကစားသမားဆီ ေပးပို႔မိခဲ့။


-ေမဆင္ေမာင့္ဟာ ဖူလ္ဟမ္အသင္းနဲ႔ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ အနိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာဆိုမႈ ျပဳလုပ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ တစ္ေယာက္ေလ်ာ့ေနတဲ့ ဖူလ္ဟမ္ကို ၿပိဳလဲသြားေအာင္ လုပ္ဖို႔ ခက္ခဲခဲ့ေပမယ့္ တစ္သင္းလုံး စုစုစည္းစည္းနဲ႔ ထိုးေဖာက္ခဲ့ၿပီး အသင္းသားေတြအေပၚမွာ က်ေရာက္ေနတဲ့ ဖိအားေတြကို နိုင္ပြဲနဲ႔ တြန္းလွန္နိုင္ခဲ့တဲ့အတြက္ အလြန္ေက်နပ္မိခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.