Premier League

17 Jan နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ယခုရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းပွဲစဉ်တွေမှာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားနေရပြီဖြစ်တယ်လို့ ပြောကြားပြီး လီဗာပူးလ်အသင်းကို သတိပေးခဲ့။


-လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ အလွန်ကောင်းမွန်တဲ့ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ကို သိရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာလုပွဲမှာ အရေးကြီးတဲ့ကစားသမားတဲ့ ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်ဆိုတာ ကလော့ပ်က သိနှင့်နေပြီး အရင်ကတည်းက ၎င်းကို အံ့အားသင့်စေခဲ့သလို လက်ရှိမှာလည်း ပိုကောင်းမွန်တဲ့ကစားသမားတောင် ဖြစ်လာနေပြီလို့ ပြောကြားခဲ့။


-လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ၂၀၁၃ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်မှာ နည်းပြအဖြစ် လုပ်ကိုင်ဖို့အတွက် ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် ဒေါ့မွန်အသင်းက စာချုပ်ကို ဖျက်ရလောက်တဲ့အထိ ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ လီဗာပူးလ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဒါဘီကောင်တီနည်းပြဖြစ်လာတဲ့ ဝိန်းရူနီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ပြီး ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ အောင်မြင်မှု ရရှိဖို့အတွက် တည်ရှိနေတာဖြစ်တယ်လို့ ယုံကြည်နေပြီး ဝိန်းရွန်နီက ငွေရေးကြေးရေးတောင့်တင်းလို့ နည်းပြမလုပ်လည်းဖြစ်ပေမယ့် လုပ်ချင်လို့ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ၎င်းအသင်းရဲ့ ပွဲစဉ်မတိုင်မီ ကစားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်ကြောင့် ကစားသမားတွေအနေနဲ့ အာရုံအနောက်မခံဖို့ ပြောကြားခဲ့ပြီး ပဲလေ့စ်အသင်းရဲ့အိမ်ကွင်းစံချိန်ကောင်းတွေကို စိုးရိမ်စွာနဲ့ သတိပေးခဲ့။


-ဂျူဗင်တပ်အသင်းဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် စျေးလျှော့ပေးလိမ့်မယ်လို့ ယုံကြည်နေတာကြောင့် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရ။


-လီဗာပူးလ် ဂန္တဝင် ရွန်နီ ဝှီလန်ဟာ ယနေ့ည အန်းဖီးကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ကစားသွားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ၂ သင်းစလုံး ဖွင့်ကစားကြမယ်လို့ ယုံကြည်နေပြီး အခြားပွဲကြီးတွေနဲ့မတူတဲ့အချက်က ယူနိုက်တက်ဟာ လီဗာပူးလ်ကို တိုက်စစ်ဆင်ဖို့ လုံလောက်တဲ့ ကစားသမားနဲ့ ယုံကြည်ချက်ရှိနေတာဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီကုန်မှာ ၎င်းတို့ရဲ့လူစာရင်းက နေရာအများအပြားကို တိုးတက်အောင် ပြုလုပ်ဖို့ ပေါင်သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမယ်လို့ သိရပြီး နည်းပြ ပက်ဂွါဒီယိုလာဟာ တိုက်စစ်မှူး၊ ဘယ်နောက်ခံ၊ ကွင်းလယ်ခံစစ်နေရာတွေအတွက် ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲသွားဖို့ စီစဉ်နေရာမှာ ဆာဂျီယို အဂွေရိုရဲ့နေရာအတွက် ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူကာကူ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင် နူးနပ်ဇ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြိဳင္းယားက ယခုရာသီအစမွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အေဝးကြင္းပြဲစဥ္ေတြမွာ ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ဘယ္သူ႔ကိုမဆို အနိုင္ယူနိုင္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားေနရၿပီျဖစ္တယ္လို႔ ေျပာၾကားၿပီး လီဗာပူးလ္အသင္းကို သတိေပးခဲ့။


-လီဗာပူးလ္နည္းၿပ ယာဂင္ကေလာ့ပ္က မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အလြန္ေကာင္းမြန္တဲ့ကစားသမားတစ္ဦးကို ေခၚယူနိုင္ခဲ့တယ္ဆိုတဲ့အခ်က္ကို သိရွိေနၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာလုပြဲမွာ အေရးႀကီးတဲ့ကစားသမားတဲ့ ကစားသမားဟာ ဘ႐ူနိုဖာနန္ဒက္စ္ဆိုတာ ကေလာ့ပ္က သိႏွင့္ေနၿပီး အရင္ကတည္းက ၎ကို အံ့အားသင့္ေစခဲ့သလို လက္ရွိမွာလည္း ပိုေကာင္းမြန္တဲ့ကစားသမားေတာင္ ျဖစ္လာေနၿပီလို႔ ေျပာၾကားခဲ့။


-လီဗာပူးလ္နည္းၿပ ယာဂင္ကေလာ့ပ္ဟာ ၂၀၁၃ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္မွာ နည္းျပအျဖစ္ လုပ္ကိုင္ဖို႔အတြက္ ခ်ဥ္းကပ္ျခင္းခံခဲ့ရေပမယ့္ ေဒါ့မြန္အသင္းက စာခ်ဳပ္ကို ဖ်က္ရေလာက္တဲ့အထိ ဆြဲေဆာင္နိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ လီဗာပူးလ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္က ဒါဘီေကာင္တီနည္းျပျဖစ္လာတဲ့ ဝိန္း႐ူနီရဲ့ ဆုံးျဖတ္ခ်က္ကို ေထာက္ခံအားေပးခဲ့ၿပီး ၎ရဲ့ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္းဟာ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ တည္ရွိေနတာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ဝိန္းရြန္နီက ေငြေရးေၾကးေရးေတာင့္တင္းလို႔ နည္းျပမလုပ္လည္းျဖစ္ေပမယ့္ လုပ္ခ်င္လို႔ကို လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက ခရစၥတယ္ပဲေလ့အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ၎အသင္းရဲ့ ပြဲစဥ္မတိုင္မီ ကစားမယ့္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ့ပြဲစဥ္ေၾကာင့္ ကစားသမားေတြအေနနဲ႔ အာ႐ုံအေနာက္မခံဖို႔ ေျပာၾကားခဲ့ၿပီး ပဲေလ့စ္အသင္းရဲ့အိမ္ကြင္းစံခ်ိန္ေကာင္းေတြကို စိုးရိမ္စြာနဲ႔ သတိေပးခဲ့။


-ဂ်ဴဗင္တပ္အသင္းဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကို ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ သိရၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားအတြက္ ေစ်းေလၽွာ့ေပးလိမ့္မယ္လို႔ ယုံၾကည္ေနတာေၾကာင့္ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ သိရ။


-လီဗာပူးလ္ ဂႏၲဝင္ ရြန္နီ ဝွီလန္ဟာ ယေန႔ည အန္းဖီးကြင္းမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားမယ့္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္မွာ ၂ သင္းစလုံး ဖြင့္ကစားၾကမယ္လို႔ ယုံၾကည္ေနၿပီး အျခားပြဲႀကီးေတြနဲ႔မတူတဲ့အခ်က္က ယူနိုက္တက္ဟာ လီဗာပူးလ္ကို တိုက္စစ္ဆင္ဖို႔ လုံေလာက္တဲ့ ကစားသမားနဲ႔ ယုံၾကည္ခ်က္ရွိေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီကုန္မွာ ၎တို႔ရဲ့လူစာရင္းက ေနရာအမ်ားအျပားကို တိုးတက္ေအာင္ ျပဳလုပ္ဖို႔ ေပါင္သန္း ၂၀၀ ရင္းႏွီးျမႇုပ္ႏွံမႈ ျပဳလုပ္သြားမယ္လို႔ သိရၿပီး နည္းၿပ ပက္ဂြါဒီယိုလာဟာ တိုက္စစ္မႉး၊ ဘယ္ေနာက္ခံ၊ ကြင္းလယ္ခံစစ္ေနရာေတြအတြက္ ႀကီးမားတဲ့ေငြေၾကးပမာဏသုံးစြဲသြားဖို႔ စီစဥ္ေနရာမွာ ဆာဂ်ီယို အေဂြရိုရဲ့ေနရာအတြက္ ယူနိုက္တက္တိုက္စစ္မႉးေဟာင္း လူကာကူ၊ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းနဲ ဘင္ဖီကာတိုက္စစ္မႉး ဒါဝင္ ႏူးနပ္ဇ္တို႔ကို ပစ္မွတ္ထားေနတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.