Premier League Transfer News

17 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လုပ်ခအမြင့်မားဆုံးကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ အသင်းနဲ့ လက်ကျန်စာချုပ် ၆ လကို အဆုံးသတ်ဖို့ သဘောတူညီမှုရပြီလို့ဆိုပြီး တူရကီကို သွားဖို့ ဖီနာဘာချီအသင်းဥက္ကဌ အလီ ကော့ချ်ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ စီစဉ်ထားတယ်လို့ သိရ။

– အိုဇေးလ်ရဲ့ လစာငွေ သက်သာသွားရင် အသင်းအတွက် ကွင်းလယ်ဖန်တီးရှင်တစ်ဦး ခေါ်ယူသွားမှာဖြစ်ပေမယ့် ရှက်ခ်တာဒိုးနက်စ်ခ်ရဲ့ မေနာ ဆော်လမွန်ကတော့ ဆောင်းရာသီ အစီအစဉ်တွေထဲမှာ မပါဝင်ဘဲ နွေရာသီအတွက်သာ ပစ်မှတ်ထားတာဖြစ်ကြောင်း သတင်းတွေ ဖော်ပြ။

– အာဆင်နယ်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးရဲ့ လုပ်အားနှုန်း၊ စွမ်းဆောင်ရည်နဲ့ ကြိုးစားမှုကို ချီးကျူးလိုက်ပြီး ဒီနေရာမှာ ကစားခဲ့တဲ့ အိုဇေးလ်ရဲ့ လုပ်ဆောင်ပုံတွေနဲ့စာရင် သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်တယ်လို့ သုံးသပ်သွားခဲ့။

– အသင်းရဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က အာဆင်နယ်ကစားသမားတွေအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ရင့်ကျက်တည်ငြိမ်မှုကို ပြသနိုင်ခဲ့တယ်လို့ ဆိုလိုက်ပြီး အပြန်အလှန် နားလည်မှုတွေ တိုးတက်လာခဲ့တဲ့အပြင် တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုကိုလည်း မှန်ကန်တယ်လို့ ယုံကြည်ကြောင်း ပြောကြား။

– အာဆင်နယ်အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ကီရန် တီယာနီဟာ စကော့တလန်မှာ ကစားခဲ့တဲ့ ပုံထက် မြောက်လန်ဒန် အသင်းမှာ အများကြီး ပိုမိုသာလွန်နေပြီး ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးလို့ မဟာပြိုင်ဘက်ဟောင်းနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က နိုင်ငံတူ ကစားသမားအတွက် ချီးကျူးသွား။

– ဘာစီလိုနာအသင်းကနေ အရန်အဖြစ်သာ အမြဲတမ်းရှိနေခဲ့ရတဲ့ ဂိုးသမား နီတိုအနေနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း နည်းပြ ရော်နယ်လ် ကိုးမန်းက ထုတ်ဖော်ပြောကြားလိုက်ပြီး အရန်ဂိုးသမား ရှာပုံတော်ဖွင့်နေခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့အသံတွေက ပိုမိုကျယ်လောင်လာခဲ့။

– ဖီနာဘာချီကို ရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ အနည်းဆုံး အငှားကစားသမားကောင်းတစ်ဦးကို ခေါ်ယူဖို့ ဘတ်ဂျက်လုံလောက်သွားခဲ့ပြီဖြစ်ပြီး ဒီကာလမှာ ရရှိနိုင်မယ့်သူတွေဖြစ်ကြတဲ့ ပီအက်စ်ဂျီရဲ့ ဒရက်ဆလာ၊ ရီးရဲလ်မက်ဒရစ်ရဲ့ အစ္စကိုနဲ့ အင်တာမီလန်ရဲ့ အဲရစ်ဆန်တို့ကို ခန့်မှန်းမှုတွေ ရှိနေ။

– အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှားချထားခဲ့ပြီး ပါဝင်ကစားခွင့် နည်းပါးနေတဲ့ အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ဇန်နဝါရီမှာ လက်လွှဲရယူဖို့ ဗလင်စီယာအသင်းက စိတ်ဝင်စားနေပြီး အသင်းသုံးသင်းကြား အကျေအလည် ညှိနှိုင်းသွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို စာချုပ်သစ် သက်တမ်းမတိုးဘူးဆိုရင် ထပ်ပြီး ကစားခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်လိုက်ပြီး ဒီလုပ်ရပ်က အကောင်းထက် အဆိုးဘက်ကိုပဲ ဦးတည်ဖွယ်ရှိနေတယ်လို့ ပရိသတ်တွေ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ လုပ္ခအျမင့္မားဆုံးကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ အသင္းနဲ႔ လက္က်န္စာခ်ဳပ္ ၆ လကို အဆုံးသတ္ဖို႔ သေဘာတူညီမႈရၿပီလို႔ဆိုၿပီး တူရကီကို သြားဖို႔ ဖီနာဘာခ်ီအသင္းဥကၠဌ အလီ ေကာ့ခ်္ရဲ႕ ကိုယ္ပိုင္ေလယာဥ္နဲ႔ စီစဥ္ထားတယ္လို႔ သိရ။

– အိုေဇးလ္ရဲ႕ လစာေငြ သက္သာသြားရင္ အသင္းအတြက္ ကြင္းလယ္ဖန္တီးရွင္တစ္ဦး ေခၚယူသြားမွာျဖစ္ေပမယ့္ ရွက္ခ္တာဒိုးနက္စ္ခ္ရဲ႕ ေမနာ ေဆာ္လမြန္ကေတာ့ ေဆာင္းရာသီ အစီအစဥ္ေတြထဲမွာ မပါဝင္ဘဲ ေႏြရာသီအတြက္သာ ပစ္မွတ္ထားတာျဖစ္ေၾကာင္း သတင္းေတြ ေဖာ္ျပ။

– အာဆင္နယ္ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးရဲ႕ လုပ္အားႏႈန္း၊ စြမ္းေဆာင္ရည္နဲ႔ ႀကိဳးစားမႈကို ခ်ီးက်ဴးလိုက္ၿပီး ဒီေနရာမွာ ကစားခဲ့တဲ့ အိုေဇးလ္ရဲ႕ လုပ္ေဆာင္ပုံေတြနဲ႔စာရင္ သိသာထင္ရွားတဲ့ တိုးတက္မႈျဖစ္တယ္လို႔ သုံးသပ္သြားခဲ့။

– အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္က အာဆင္နယ္ကစားသမားေတြအေနနဲ႔ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ရင့္က်က္တည္ၿငိမ္မႈကို ျပသႏိုင္ခဲ့တယ္လို႔ ဆိုလိုက္ၿပီး အျပန္အလွန္ နားလည္မႈေတြ တိုးတက္လာခဲ့တဲ့အျပင္ တာဝန္ရွိသူေတြရဲ႕ စီမံခန႔္ခြဲမႈကိုလည္း မွန္ကန္တယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ေျခစြမ္းျပေနတဲ့ ကီရန္ တီယာနီဟာ စေကာ့တလန္မွာ ကစားခဲ့တဲ့ ပုံထက္ ေျမာက္လန္ဒန္ အသင္းမွာ အမ်ားႀကီး ပိုမိုသာလြန္ေနၿပီး ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ဦးလို႔ မဟာၿပိဳင္ဘက္ေဟာင္းနည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က ႏိုင္ငံတူ ကစားသမားအတြက္ ခ်ီးက်ဴးသြား။

– ဘာစီလိုနာအသင္းကေန အရန္အျဖစ္သာ အၿမဲတမ္းရွိေနခဲ့ရတဲ့ ဂိုးသမား နီတိုအေနနဲ႔ ထြက္ခြာဖို႔ ဆႏၵရွိေနေၾကာင္း နည္းျပ ေရာ္နယ္လ္ ကိုးမန္းက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အရန္ဂိုးသမား ရွာပုံေတာ္ဖြင့္ေနခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕အသံေတြက ပိုမိုက်ယ္ေလာင္လာခဲ့။

– ဖီနာဘာခ်ီကို ရက္ပိုင္းအတြင္း ေျပာင္းေ႐ႊ႕ဖို႔ ရွိေနတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ အနည္းဆုံး အငွားကစားသမားေကာင္းတစ္ဦးကို ေခၚယူဖို႔ ဘတ္ဂ်က္လုံေလာက္သြားခဲ့ၿပီျဖစ္ၿပီး ဒီကာလမွာ ရရွိႏိုင္မယ့္သူေတြျဖစ္ၾကတဲ့ ပီအက္စ္ဂ်ီရဲ႕ ဒရက္ဆလာ၊ ရီးရဲလ္မက္ဒရစ္ရဲ႕ အစၥကိုနဲ႔ အင္တာမီလန္ရဲ႕ အဲရစ္ဆန္တို႔ကို ခန႔္မွန္းမႈေတြ ရွိေန။

– အက္သလက္တီကို မက္ဒရစ္အသင္းမွာ အငွားခ်ထားခဲ့ၿပီး ပါဝင္ကစားခြင့္ နည္းပါးေနတဲ့ အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ဇန္နဝါရီမွာ လက္လႊဲရယူဖို႔ ဗလင္စီယာအသင္းက စိတ္ဝင္စားေနၿပီး အသင္းသုံးသင္းၾကား အေက်အလည္ ညႇိႏႈိင္းသြားဖို႔ ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို စာခ်ဳပ္သစ္ သက္တမ္းမတိုးဘူးဆိုရင္ ထပ္ၿပီး ကစားခြင့္ေပးေတာ့မွာ မဟုတ္ဘူးလို႔ ၿခိမ္းေျခာက္လိုက္ၿပီး ဒီလုပ္ရပ္က အေကာင္းထက္ အဆိုးဘက္ကိုပဲ ဦးတည္ဖြယ္ရွိေနတယ္လို႔ ပရိသတ္ေတြ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.