Other Leagues

အာဆင်နယ်အသင်း အနာဂတ်မှာပြန်လည်တောက်ပလာတော့မလား

(Unicode)

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အဖ်အေဖလားပွဲစဉ်မှာ ပို့စ်မောက်အသင်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နောက်ခံလူ ဆိုကရားတစ်နဲ့ လူငယ်တိုက်စစ်မှုးအန်ကီးတီးယားတို့က ဂိုးတွေသွင်းယူနိုင်ခဲ့ကြပါတယ်။

ဒီနှစ်ရာသီအာဆင်နယ်အသင်းဟာ လူငယ်ကစားသမားအများအပြားကို ပွဲထုတ်လျက်ရှိပါတယ်။ မာတင်နယ်လီ၊ နယ်ဆင်၊ ဆာကာ၊ အန်ကီးတီးယား၊ ဝီးလော့ခ်စတဲ့ လူငယ်ကစားသမားတွေကို အသင်းပွဲစဉ်တွေမှာ အလျဉ်းသင့်သလို သုံးစွဲနေခဲ့ပါတယ်။

ကစားသမားအားလုံးဟာလည်း အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ကြသလို့ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလည်းရရှိခဲ့ကြပါတယ်။ အဲ့ထဲကမှ ဘရာဇီးလူငယ်ကစားသမားမာတင်နယ်လီဟာ ပြိုင်ပွဲစုံ ၂၃ပွဲမှာ ၁၀ဂိုးထိသွင်းယူထားပြီး ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လျက်ရှိပါတယ်။

တစ်ခြားကစားသမားတွေဟာလည်း သွင်းဂိုးတွေ၊ ရုန်းအားတွေနဲ့ အကျိုးပြုနေပါတယ်။ လူငယ်ကစားသမားတွေနဲ့ အာဆင်နယ်အသင်း အနာဂတ်မှာရော အောင်မြင်မှုရလာမှာလား။

လူငယ်ကစားသမားတွေနဲ့ သွေးသစ်လောင်းနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

SportsA2Z
HTOO PYAE SONE

(Zawgyi)






SportsA2Z
HTOO PYAE SONE