Match Report Premier League

တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီး ဒုတိယပိုင်း သွင်းဂိုးနဲ့ ချဲလ်ဆီးတို့ သုံးမှတ်ပြန်ရ

ချဲလ်ဆီးတို့အနေနဲ့ အနောက်လန်ဒန်ဒါဘီပြိုင်ဘက် ဖူလ်ဟမ်ကို ဒီနေ့ပွဲမှာ ခြေအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးအသာအပြင် လူတစ်ယောက်အသာနဲ့ ၄၅ မိနစ်ကျော် ကစားခဲ့ရပေမယ့် ဂိုးပြတ်သွင်းယူဖို့တော့ မတတ်နိုင်ခဲ့ဘဲ အဝေးကွင်းမှာ တစ်လုံးတည်းသောဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဇူးမား၊ ဂျိမ်းစ်၊ ကွန်တေနဲ့ တီမို ဗာနာတို့ကို အနားပေးထားခဲ့ပြီး ဂျီရူးနဲ့ ဂျော်ဂျင်ညိုကို အမာခံထားပြီး ပွဲထွက်လာတဲ့ အသင်းမှာ ပူလီရှစ်ချ်၊ မေဆန်မောင့်တို့ရဲ့ ကစားအားတွေနဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ဂိုးမရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ မေဆန်မောင့်ရဲ့ ကန်ချက် ဘားထိထွက်ခဲ့ပြီး မိနစ် ၄၀ မှာတော့ ဖူလ်ဟမ်ရဲ့ ကာဗယ်လေရိုက အပိုင်အခွင့်အရေးကို ထောင်ကန်ခဲ့လို့ သက်သာခဲ့ရသလို ပွဲချိန် ၄၃ မိနစ်မှာတော့ အက်ဇ်ပီလီကွေတာ ရှင်းထုတ်တာကို အဝင်နောက်ကျခဲ့တဲ့ ရော်ဘင်ဆန်ကို ဒိုင်လူကြီးက တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခဲ့လို့ အဲ့ဒီအချိန်ကတည်းက ချဲလ်ဆီးတို့ တစ်ယောက်အသာနဲ့ ကစားခဲ့ကြရတာပါ။

ဖူလ်ဟမ်ဂိုးသမား အာရီယိုလာရဲ့ ကာကွယ်မှုတွေ အရေးပါနေခဲ့သလို ချဲလ်ဆီးကတော့ တိုက်စစ်မှူးကံဆိုးတယ်လို့ပဲ ဆိုရမှာဖြစ်ပြီး လက်ရှိ ဂျီရူး၊ အေဘရာဟမ်နဲ့ ဗာနာတို့ဟာ အရင်ခေတ်က ဟက်ဆယ်လ်ဘိန့်လောက်ကို မမီတာကိုလည်း တွေ့ရပြီး ပြိုင်ပွဲတွေမှာ စိန်ခေါ်ချင်တယ်ဆိုရင်တော့ အထောင်တိုက်စစ်မှူးကောင်းတစ်ယောက် ရှိမှပဲဖြစ်မယ်လို့လည်း ယူဆရပါတယ်။

၆၅ မိနစ်မှာ ဂျော်ဂျင်ညိုအစား အေဘရာဟမ်ကို လဲပြီး တိုက်စစ်ဆင်ခဲ့ပြီး တစ်မိနစ်အကြာမှာ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူး လွဲချော်ခဲ့သလို နောက်ထပ်နှစ်မိနစ် အကြာမှာတော့ တိုင်မင်လွဲပြီး အထွက်မှားတဲ့ ဂိုးသမား မန်ဒီကြောင့် ပေးဆပ်မှုကြီးတော့မလိုဖြစ်ခဲ့ရပေမယ့် ကံကောင်းခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ရဲ့ ဒီနေ့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီး ချေးလ်ဝဲလ်ရဲ့ဖြတ်တင်ဘောကို ဂိုးသမားပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို မေဆန်မောင့်က ဧရိယာထဲကနေ Volley ကန်သွင်းယူနိုင်ခဲ့လို့ အားလုံး ပျော်ရွှင်နိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာ ဇီးယက်ရှ်ရဲ့ ဖန်တီးမှုနဲ့ ကန်သွင်းချက်တွေက အလေအလွင့်များခဲ့သလို လူစားဝင်ပြီး ၁၅ မိနစ်ကစားခဲ့တဲ့ ဗာနာကလည်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်ဆဲ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် လမ်းပတ်သားလို့ နာမည်ကြီးတဲ့ မေဆန်မောင့်ကတော့ အသင်းကို ကယ်တင်ခဲ့ရပြီး အဝေးကွင်းက သုံးမှတ်နဲ့အတူ ချဲလ်ဆီးတို့ အဆင့် ၇ ကို ရမှတ် ၂၉ မှတ်နဲ့ တက်လှမ်းလာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးတို႔အေနနဲ႔ အေနာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ ဖူလ္ဟမ္ကို ဒီေန႔ပြဲမွာ ေျခအသာ၊ ေဘာလုံးပိုင္ဆိုင္မႈအသာ၊ အခြင့္အေရးအသာအျပင္ လူတစ္ေယာက္အသာနဲ႔ ၄၅ မိနစ္ေက်ာ္ ကစားခဲ့ရေပမယ့္ ဂိုးျပတ္သြင္းယူဖို႔ေတာ့ မတတ္ႏိုင္ခဲ့ဘဲ အေဝးကြင္းမွာ တစ္လုံးတည္းေသာဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ဇူးမား၊ ဂ်ိမ္းစ္၊ ကြန္ေတနဲ႔ တီမို ဗာနာတို႔ကို အနားေပးထားခဲ့ၿပီး ဂ်ီ႐ူးနဲ႔ ေဂ်ာ္ဂ်င္ညိဳကို အမာခံထားၿပီး ပြဲထြက္လာတဲ့ အသင္းမွာ ပူလီရွစ္ခ်္၊ ေမဆန္ေမာင့္တို႔ရဲ႕ ကစားအားေတြနဲ႔ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ ပိုင္ပိုင္ႏိုင္ႏိုင္ အသုံးမခ်ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ဂိုးမရဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ေမဆန္ေမာင့္ရဲ႕ ကန္ခ်က္ ဘားထိထြက္ခဲ့ၿပီး မိနစ္ ၄၀ မွာေတာ့ ဖူလ္ဟမ္ရဲ႕ ကာဗယ္ေလ႐ိုက အပိုင္အခြင့္အေရးကို ေထာင္ကန္ခဲ့လို႔ သက္သာခဲ့ရသလို ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အက္ဇ္ပီလီေကြတာ ရွင္းထုတ္တာကို အဝင္ေနာက္က်ခဲ့တဲ့ ေရာ္ဘင္ဆန္ကို ဒိုင္လူႀကီးက တိုက္႐ိုက္အနီနဲ႔ ထုတ္ပယ္ခဲ့လို႔ အဲ့ဒီအခ်ိန္ကတည္းက ခ်ဲလ္ဆီးတို႔ တစ္ေယာက္အသာနဲ႔ ကစားခဲ့ၾကရတာပါ။

ဖူလ္ဟမ္ဂိုးသမား အာရီယိုလာရဲ႕ ကာကြယ္မႈေတြ အေရးပါေနခဲ့သလို ခ်ဲလ္ဆီးကေတာ့ တိုက္စစ္မႉးကံဆိုးတယ္လို႔ပဲ ဆိုရမွာျဖစ္ၿပီး လက္ရွိ ဂ်ီ႐ူး၊ ေအဘရာဟမ္နဲ႔ ဗာနာတို႔ဟာ အရင္ေခတ္က ဟက္ဆယ္လ္ဘိန႔္ေလာက္ကို မမီတာကိုလည္း ေတြ႕ရၿပီး ၿပိဳင္ပြဲေတြမွာ စိန္ေခၚခ်င္တယ္ဆိုရင္ေတာ့ အေထာင္တိုက္စစ္မႉးေကာင္းတစ္ေယာက္ ရွိမွပဲျဖစ္မယ္လို႔လည္း ယူဆရပါတယ္။

၆၅ မိနစ္မွာ ေဂ်ာ္ဂ်င္ညိဳအစား ေအဘရာဟမ္ကို လဲၿပီး တိုက္စစ္ဆင္ခဲ့ၿပီး တစ္မိနစ္အၾကာမွာ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ အဂၤလန္တိုက္စစ္မႉး လြဲေခ်ာ္ခဲ့သလို ေနာက္ထပ္ႏွစ္မိနစ္ အၾကာမွာေတာ့ တိုင္မင္လြဲၿပီး အထြက္မွားတဲ့ ဂိုးသမား မန္ဒီေၾကာင့္ ေပးဆပ္မႈႀကီးေတာ့မလိုျဖစ္ခဲ့ရေပမယ့္ ကံေကာင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ ဒီေန႔အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ပိုင္ဆိုင္သြားႏိုင္ခဲ့ၿပီး ေခ်းလ္ဝဲလ္ရဲ႕ျဖတ္တင္ေဘာကို ဂိုးသမားပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ေမဆန္ေမာင့္က ဧရိယာထဲကေန Volley ကန္သြင္းယူႏိုင္ခဲ့လို႔ အားလုံး ေပ်ာ္႐ႊင္ႏိုင္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီေန႔မွာ ဇီးယက္ရွ္ရဲ႕ ဖန္တီးမႈနဲ႔ ကန္သြင္းခ်က္ေတြက အေလအလြင့္မ်ားခဲ့သလို လူစားဝင္ၿပီး ၁၅ မိနစ္ကစားခဲ့တဲ့ ဗာနာကလည္း ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ဆဲ စံခ်ိန္ကို ဆက္ထိန္းထားႏိုင္ခဲ့ေပမယ့္ လမ္းပတ္သားလို႔ နာမည္ႀကီးတဲ့ ေမဆန္ေမာင့္ကေတာ့ အသင္းကို ကယ္တင္ခဲ့ရၿပီး အေဝးကြင္းက သုံးမွတ္နဲ႔အတူ ခ်ဲလ္ဆီးတို႔ အဆင့္ ၇ ကို ရမွတ္ ၂၉ မွတ္နဲ႔ တက္လွမ္းလာႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.